ကရင်ပြည်နယ် မြဝတီက ကျားဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းတွေကို အပြင်းအထန်နှိမ်နင်းနေတယ်ဆိုပေမဲ့ စနစ်တကျ မဖြိုခွဲနိုင်ဘူးဆိုရင် ဒေသတွင်းမှာ ဆက်ပြီးကြီးထွားနေမှာဖြစ်တယ်လို့ ဆိုက်ဘာရာဇ၀တ်မှုကို စောင့်ကြည့်နေတဲ့ အမေရိကန် အကြီးတန်းသုတေသီတဦးက သတိပေးလိုက်ပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်က ကမ္ဘာ့အကြီးဆုံး ရှေးဟောင်း ပြတိုက်ကြီး ဖြစ်လာမယ့် The Grand Egyptian Museum ကို သွားရောက် လေ့လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်နဲ့ချီက လူ့သမိုင်းနဲ့ လူ့ယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ရတနာသိုက်လို့တောင် ပြောလို့ရနိုင်တာပါ။ နော်သဇင်နဲ့အတူ သွားကြည့်လိုက်ကြရအောင်။
နိုင်ငံတကာက ပေးတဲ့ ပညာတော်သင်ဆုတွေကို လျှောက်တာမှာ အချိန်ယူပြီး ပြင်ဆင်ဖို့ လိုသလို၊ လုပ်ငန်း အတွေ့အကြုံတွေကလည်း အရေးကြီးတယ်လို့ Fulbright ပညာတော်သင်ဆုရှင် မနန်းအိဖြူက ပြောပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
ဗြိတိန်မှာ မူပိုင်ခွင့်ဥပဒေ ပြောင်းဖို့အဆိုကို ကန့်ကွက်ပြီး သီချင်းဗလာ တေးအယ်လ်ဘမ် တချပ် ဂီတပညာရှင်တွေ ထုတ်လိုက်၊ နိုင်ဂျီးရီးယားကနေ အတင်းယူသွားခဲ့တဲ့ ဘန်နင်းကြေးရုပ်တွေကို ဗြိတိန်က ပြန်ပေးဖို့ လုပ်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အမေရိကန်အစိုးရ၊ အမေရိကန်လွှတ်တော်နဲ့မြန်မာ့အရေးဆွေးနွေးတဲ့အခါမှာ မဟာဗျူဟာအရ အမေရိကန်ကို ပိုလုံခြုံစေသလား၊ ပိုအားကောင်းစေသလားဆိုတဲ့ အချက်တွေအပေါ်အခြေခံပြီး စဉ်းစားသင့်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက VOA ကို ပြောပါတယ်။ ဝါရှင်တန်ဒီစီအသိုင်းအဝိုင်းက မြန်မာ့အရေးကဏ္ဍမှာ မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေ မလုပ်ရဆိုတဲ့ ဥပဒေနဲ့ တားမြစ်ထားတဲ့ လုပ်ငန်း (၂၀) ကျော် ရှိပါတယ်၊ ဒီလုပ်ငန်းအမျိုးအစားတွေက ဘာတွေလဲဆိုတာကို မညိုညိုလွင်က ဒီတပတ် သတင်းတွေထဲက သုတအစီအစဥ်မှာ ပြောပြထားပါတယ်
အမေရိကန် လွှတ်တော်မှာ မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ အရေးယူနိုင်ဖို့ ကြိုးစားနေသလို ဥပဒေကြမ်းတွေ ဆွေးနွေးနိုင်ဖို့ ပြန်လည်တင်သွင်းတာ မြင်ရဖို့ ရှိတယ်လို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ သတိထားစောင့်ကြည့်ပြီး တိုက်တွန်းသွားဖို့ လိုတယ်လို့ ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
လက်ရှိမှာ ပြောင်းဆံကို ထိုင်းနိုင်ငံက အခွန်ကင်းလွတ်ခွင့်နဲ့ ဝယ်ယူနေတဲ့အတွက် ပြောင်းစျေးက မြင့်တက်နေ၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်နဲ့ ပက်သတ်တဲ့ အမေရိကန် လွှတ်တော်အွန်လိုင်း ကြားနာပွဲကျင်းပ၊ ကချင် ရခိုင်တို့မှာ တိုက်ပွဲများပြင်းထန်၊ ကျားဖြန့်နှိမ်နင်းရေးများ ထိုင်းနဲ့ အရှိန်မြှင့်ပူးပေါင်းလုပ်ဆောင်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြေရှား သတ္တု တူးဖော်ရေး အမေရိကန် နဲ့ သဘောတူညီချက်လက်မှတ်ထိုးဖို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်လာတဲ့ ယူကရိန်း သမ္မတဇာလန်စကီး ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတဂျေဒီဗန့်တို့ နဲ့ စကားအခြေအတင်ဖြစ်ပြီး သဘောတူလက်မှတ်မထိုးဖြစ်ပဲ ပြန်သွားခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
အခုဆက်လက်ပြီး သုတစုံလင် အမေရိကန်တခွင် အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
သတင်းမီဒီယာ နှိပ်ကွပ်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေပါဝင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီဒေသမှာ သတင်းမီဒီယာအလုပ်လုပ်နေကြတဲ့ သတင်းသမားတချို့ စုပေါင်းပြီး လေ့လာထားတဲ့ ဆန်းစစ်ချက် အစီရင်ခံစာကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်