ကမ္ဘာမှာ စီးပွားရေး၊ စစ်ရေးအင်အားကြီးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
ရခိုင်မှာ နယ်မြေအများစုကို သိမ်းထားတဲ့ အာရက္ခတပ်တော်ကို တရားဝင်နိုင်ငံရေးအင်အားစုအဖြစ် တရုတ်က ဆက်ဆံတာမျိုး မလုပ်သေးပေမဲ့ ဒါကပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ဒေသတွေဘက် အရှိန်တင်လာတဲ့ ရခိုင့်စစ်ရေးရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း ဆန် အမျိုးအစားအလိုက် တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ နီးပါးလောက်ထိ စျေးကျဆင်းနေ၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ သဘောတူညီမှုတွေ ရရှိ၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရုရှား နဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲကို စစ်ကောင်စီခေါင်းဆောင်က ရုရှားအနေနဲ့ တရားသောစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
TikTok ကုမ္ပဏီက ထိုင်းနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ (၉)ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဗီယက်နမ်မြောက်ပိုင်းကနေ တရုတ်နယ်စပ်မြို့အထိ ရထားလမ်းကြောင်း စီမံကိန်းတခု အကောင်အထည်ဖေါ်ရေး အတည်ပြုလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ကွန်ဂရက်စ်လွှတ်တော် မိန့်ခွန်းအပေါ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက ချီးကျူးပြီး ဒီမိုကရက် လွှတ်တော်အမတ်တွေက ဝေဘန်ပါတယ်။ Apple ကုမ္ပဏီက အမေရိကမှာ ဒေါ်လာ ဘီလျံ ၅၀၀ ရင်းနှီးမြှပ်နှံမှာပါ။ သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အာဖရိက ဦးချိုဒေသမှာ ရှိကြတဲ့ ကုန်သွယ်ဖက်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ဖို့ ပြင်ဆင်ရေး အစီအစဥ်တွေ တိုးတက်အောင် လုပ်ဆောင်နေကြပါတယ်။ ကင်ညာနိုင်ငံ Nairobi မြို့ကနေ Juma Majanga သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
အဆိုတော် ရှက်ကီရာရဲ့ တောင်အမေရိက ဖျော်ဖြေရေးခရီးစဉ်၊ BLACKPINK အဆိုတော် Lisa ရဲ့ နောက်ဆုံးထွက် တကိုယ်တော်တေးအယ်လ်ဘမ်၊ ဒီလို အနုပညာသတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ အထောက်အထားမဲ့နိုင်ငံထဲဝင်လာသူတွေကို အရေးမယူဘဲ နားခိုခွင့်ပေးထားတဲ့ မြို့ရဲ့ မူဝါဒတွေ၊ အခြေအနေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကော်မတီကြားနားပွဲအတွင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်း Kane Farabaugh ရဲ့သတင်းကို ကိုရန်နိုင် ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်