အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး တင်းကြပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ သိပ်မများကြဖို့ ရှေ့နေ Patrick Wang က တိုက်တွန်းလိုက်ပါတယ်။
ဒီအပတ်တော့ နော်သဇင်က ကိုင်ရိုမြို့တော်က ဆူတန်ဘုရင် ဆာလာဒင်ရဲ့ ခံတပ်ရဲတိုက်၊ မိုဟာမက်အလီဖာရှာရဲ့ ဗလီကျောင်းတော်နဲ့ နှစ် ၆၀၀ ကျော် သက်တမ်းရှိတဲ့ ခန်အယ်ခါလီလီ ဈေးကြီးအကြောင်း ဗဟုသုတ မျှဝေထားပါတယ်။ နော်သဇင်နဲ့အတူ မြေထဲပင်လယ်ဒေသ အီဂျစ်နိုင်ငံရဲ့ ထူးခြားတဲ့နေရာလေးတွေကို သွားကြည့်ကြရအောင်ပါ။
နိုင်ငံတကာရောက် မြန်မာပြည်သားတွေရဲ့ ပရဟိတအဖွဲ့ တော်တော်များများဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရပြီးနောက် မြန်မာ့အရေးအတွက် ထောက်ပံ့ကြတဲ့ ထောက်ပို့အဖွဲ့တွေ ဖြစ်လာကြပြီး မလေးရှားနိုင်ငံက မေတ္တာနန္ဒ ပရဟိတအဖွဲ့လည်း ပါဝင်ပါတယ်။ အခုတပတ် နေရာပေါင်းစုံ အကြောင်းစုံအစီအစဥ်မှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
အမေရိကားကို ရောက်မှ ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ရှာတွေ့ခဲ့တယ်လို့ နယူးယောက်ဖက်ရှင်သီတင်းပတ်မှာ ဖက်ရှင်လက်ရာတွေ ပါဝင်ပြသတဲ့ နန်းခမ်းထွေးက ပြောပါတယ်။ သူက New York School of Design ကျောင်းရဲ့ တွဲဖက်ဒါရိုက်တာလည်း ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
မျိုးတုံးရှေးခေတ်အမွှေးရှည် ဆင်မျိုး ပြန်လည်ဖန်တီးဖို့ မျိုးဗီဇပြုပြင်ထားတဲ့ အမွှေးရှည်ကြွက်မျိုး အမေရိကန် စမ်းသပ်ဖန်တီး၊ နယ်သာလန်မှာ နာမည်ကျော် ဗန်ဂိုးနေကြာပန်းပုံပန်းချီကားကို Lego တုံးတွေနဲ့ ဖန်တီး၊ ဒီလို ကမ္ဘာတလွှား ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကမ္ဘာမှာ စီးပွားရေး၊ စစ်ရေးအင်အားကြီးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
ရခိုင်မှာ နယ်မြေအများစုကို သိမ်းထားတဲ့ အာရက္ခတပ်တော်ကို တရားဝင်နိုင်ငံရေးအင်အားစုအဖြစ် တရုတ်က ဆက်ဆံတာမျိုး မလုပ်သေးပေမဲ့ ဒါကပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ဒေသတွေဘက် အရှိန်တင်လာတဲ့ ရခိုင့်စစ်ရေးရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း ဆန် အမျိုးအစားအလိုက် တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ နီးပါးလောက်ထိ စျေးကျဆင်းနေ၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ သဘောတူညီမှုတွေ ရရှိ၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရုရှား နဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲကို စစ်ကောင်စီခေါင်းဆောင်က ရုရှားအနေနဲ့ တရားသောစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
TikTok ကုမ္ပဏီက ထိုင်းနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ (၉)ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဗီယက်နမ်မြောက်ပိုင်းကနေ တရုတ်နယ်စပ်မြို့အထိ ရထားလမ်းကြောင်း စီမံကိန်းတခု အကောင်အထည်ဖေါ်ရေး အတည်ပြုလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်