သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး

ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့နေတာကြောင့် အိန္ဒိယအစိုးရဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အိန္ဒိယမှာ ရောက်နေတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြတယ်လို့ အစိုးရ အရာရှိတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်နေတဲ့ကြားကဘဲ လူ ၅ ဦးပါ ရိုဟင်ဂျာ မိသားစု တစုကို အိန္ဒိယအစိုးရက မြန်မာအာဏာပိုင်တွေလက်ထဲ ပြီးခဲ့တဲ့ သီတင်းပတ်မှာ လွဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် ပြန်ပို့တဲ့ အိန္ဒိယအစိုးရရဲ့ အဲဒီ လုပ်ရပ်အပေါ် ကုလသမဂ္ဂကလည်း ဝေဖန်ထားပြီး၊ အိန္ဒိယအစိုးရဟာ နိုင်ငံတကာ ဥပဒေတွေကို မျက်ကွယ်ပြု လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေး အဖွဲ့တွေကလည်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာတမ်းကို လက်မှတ်ထိုးမထားတဲ့ အိန္ဒိယအစိုးရက ၂၀၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂၃၀ ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ဟိန္ဓူအစွန်းရောက်တွေကလဲ ရိုဟင်ဂျာ မွတ်ဆလင်တွေကို အလုံးအရင်းနဲ့ ပြန်ပို့ဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။

အိန္ဒိယဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အရာရှိတွေက ပြောပါတယ်။ အဲဒီ ဖမ်းဆီးလိုက်တဲ့ ရိုဟင်ဂျာတွေကိုတော့ ဘင်္ဂလားဒေ့ရှိတောင်ပိုင်းမှာ အလုံးအရင်းနဲ့ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

အိန္ဒိယရောက် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG