ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဒီကနေ့ထိ ဆက်လက် ပစ်ခတ်နေပြီး နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့သလို တမြို့နယ်လုံး စစ်ရှောင်နေရတာကြောင့် လူသိန်းနဲ့ချီရှိနေပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းအထက်ပိုင်း ရွှေပြည်အေးမြို့ကို စစ်ကောင်စီ တပ်က ဝေဟင်ကော မြေပြင်ကနေပါ ထိုးစစ်ဆင်နေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တဦးသေဆုံးပြီး ၂ဦးထိခိုက်ခဲ့သလို နောင်ထော်ရွာ တရွာလုံးနီးပါး ဆီဆိုင်မြို့ကို တိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ် ဆမီးမြို့အနီးမှာ စစ်တပ်နဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ရဲတချို့ သေဆုံးခဲ့ပါတယ်။
ရှမ်းမြောက်က မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မိုးမိတ်မြို့ တိုက်ပွဲမှာ အရပ်သား ၄၀ ခန့်သေဆုံးရပြီး မဘိမ်းမြို့တိုက်ပွဲမှာတော့ အရပ်သားတွေ အထိအခိုက်သိပ်မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြည်တွင်းက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတဆင့် ဒူဘိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာအမျိုးသမီးတချို့ဟာ မူလမျှော်မှန်းထားတဲ့ အလုပ်အကိုင်တွေကို မရဘဲ တခြားအလုပ်တွေကို စေခိုင်းခံနေရကြောင်း ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။ တချို့လည်း တခြားတနေရာမှာ လပေါင်းများစွာ ပိတ်လှောင်ခံထားရတာပါ။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က အချက်အချာကျတဲ့ သိုင်းငင်းကျေးရွာ စစ်တပ်စခန်းကို ချင်းပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း ၂ ဘက် အကျအဆုံးရှိခဲ့တယ်လို့ လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်က ပြင်းထန်နေပြီး မြို့ခံအများအပြားလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စစ်ရေးကျယ်ပြန့်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေစိုးရိမ်ပြီး ပြောင်းရွှေ့နေကြတယ်ဆိုတဲ့ သတင်းတွေ ရှိနေပေမဲ့ မြို့ပေါ်မှာတော့ အသွားအလာ ရှိနေကြဆဲဖြစ်ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတချို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင် အင်အားစုတွေ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
မြန်မာ့ အကြပ်အတည်းကို ဖြေရှင်းရာမှာ လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ပြုလုပ်တဲ့ ကြာသပတေးနေ့ ဆွေးနွေးပွဲကနေ အကြံပြုချက်ငါးခု ချမှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားတာကြောင့် အထဲမှာရှိတဲ့ အကျဉ်းသား ၅၀၀ ရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေအတွက် စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားအရေး အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တခု အခုတနင်္လာနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖက်က လေကြောင်းကနေ ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူထုတော်လှန်ရေးကို အဟန့်အတားဖြစ်စေပြီး၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်မှန်သမျှကို မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ရှောင်ရှားဖို့ မြန်မာအရပ်ဘက်အဖွဲ့ ၂၅၀ ကျော်က တနင်္ဂနွေနေ့က တရုတ်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနိုင်းမှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့ MNDAA, AA, TNLA မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သူတို့အနေနဲ့ မြန်မာပြည်သူလူထုနဲ့ လက်တွဲပြီး ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ မနေ့ ဒီဇင်ဘာလ ၁၂ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ဆုတ်ယုတ်လာတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး လူကုန်ကူးဂိုဏ်းတွေဟာ ဆင်းရဲတဲ့ နိုင်ငံတချို့က လူငယ်တွေကို ဆိုက်ဘာရာဇဝတ်မှုမှာ အဓမ္မခိုင်းစေနေကြတယ်လို့ အမေရိကန်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီးက ပြောပါတယ်။
အလုပ်သမားစုစုပေါင်း ၂,၀၀၀ ကျော် လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားပိုင် GTIG နဲ့ GY Sen စက်ရုံ ၂ ခုကို ပိတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာ နိုင်ငံတကာက နာမည်ကြီးတံဆိပ်တွေ မြန်မာနိုင်ငံထဲကနေ တဖြည်းဖြည်း ထွက်ခွာနေကြပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်မှာ မိသားစုနဲ့တွေ့ခဲ့ရတယ်လို့ နီးစပ်သူတွေဘက်က အတည်ပြုပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံထားရတဲ့ အမှု ၂ ခုအတွက် ပြင်ဆင်ချက် အယူခံအတွက် ဆုံးဖြတ်ချက်ကိုလည်း မတ်လကုန်ပိုင်းမှာ ဆုံးဖြတ်ဖို့ချဖို့ ရှိနေပါတယ်။
“ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်တွေက စားနပ်ရိက္ခာမဖူလုံဖြစ်နေတယ်၊ WFPကလဲ ဘယ်နေ့ပေးမယ်ဆိုတာလဲ အဖြေလဲမလာဘူးမသိဘူး။ အလုပ်အကိုင်တွေလဲ အဆင်မပြေဘူး ဟိုသွား ဒီသွားကလဲ အဆင်မပြေဘူး၊ သူများဆီမှာ ဝါးခုတ်ထင်းခုတ်တွေလဲ အဆင်မပြေဘူး၊ အခက်အခဲတော်တော်ကြုံတွေ့နေရပါတယ် ကျနော်တို့ ဒုက္ခသည်တွေက။”
နောက်ထပ်ကြည့်ရှုရန်