ဇန်နဝါရီလ ၃၀ ရက်၊ အင်္ဂါနေ့ကျရင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်ဟာ ကွန်ဂရက်လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း (State of the Union Speech) ကို ပြောမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း သမ္မတ Ram Nath Kovind နဲ့ တွေ့ဆုံပြီး ရခိုင်ပြည် ဖွံဖြိုးတိုးတက်ရေး အိန္ဒိယကပါဝင်ကူညီဖို့အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ ဆွေးနွေးပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ အင်ဒိုနီးရှားသမ္မတဟာ Cox’s Bazar က ဒုက္ခသည်စခန်းတွေကို သွားဖို့ရှိပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ပါမောက္ခ Yanghee Lee ဟာ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတခုကို သွားရောက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ရုရှားနဲ့မြန်မာ နှစ်နိုင်ငံစစ်ဘက်အကြား ကြီးကြီးမားမား ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောလိုက်ပါတယ်။
သမ္မတထရမ့်ပ် သမ္မတသက်တမ်း တနှစ်ပြည့်တဲ့နေ့မှာပဲ အမေရိကန်နိုင်ငံတဝန်း မြို့ကြီးတွေမှာ အမျိုးသမီး ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြကြပါတယ်။
Facebook အသုံးပြုတဲ့အချိန်ကို ပိုအဓိပ္ပါယ်ရှိစေဖို့ဆိုပြီး အပြောင်းအလဲတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်သွယ်စီးပွားရေး တိုးချဲ့လုပ်ဆောင်ဖို့ရာဟာ အိန္ဒိယက လက်ရှိကျင့်သုံးနေတဲ့ မူဝါဒ အတွက် အရေးကြီးကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြား ရှေ့သီတင်းပတ်မှာ ဆွေးနွေးပွဲလုပ်ဖို့ ရှိနေချိန်မှာပဲ ဒီလို ဆွေးနွေးပွဲတွေ နောက်ပိုင်းမှာဆက်ဖြစ်ဖို့ မျှော်လင့်ကြောင်း သမ္မတထရမ့်ပ်ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက် အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေအတွက် အိမ်ယာတွေကို တရုတ်အစိုးရက လှူဒါန်းပါတယ်။
သောကြာနေ့က စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်တာဟာ သူတို့လက်ချက်လို့ ARSA အကြမ်းဖက်အဖွဲ့က ကြေညာပြီး တိုက်ခိုက်မှုကြောင့် ၅ ဦးဒဏ်ရာရတယ်လို့ အစိုးရသတင်းကပြောပါတယ်။
အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ရှိသူ တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ ၂၀၁၈ နှစ်သစ်ကို စောင့်ပြီး ကြိုဆိုဖို့ ကမ္ဘာတဝန်းမှာ စိတ်လှုပ်ရှားနေကြသလို တာဝန်ရှိသူတွေပိုင်း ကလဲ လုံခြုံရေးပိုင်းကို အထူးတင်းကျပ်ပြီး ပြင်ဆင်နေပါတယ်။
နီပေါလ်နိုင်ငံက နာမည်ကျော် ဧဝရက်တောင်အပါအဝင် တခြားတောင်တန်းတွေကို တောင်တက်သမားတဦးထဲ တက်ခွင့်မပြုဖို့ နီပေါလ်အစိုးရက ဆုံးဖြတ်လိုက်ပါပြီ။
မြောက်ကိုရီးယားကို ရေနံလွှဲပေးတယ်ဆိုပြီး တောင်ကိုရီးယားကဖမ်းထားတဲ့ သင်္ဘောပေါ်က သင်္ဘောသားတွေထဲမှာ မြန်မာ နိုင်ငံသားနှစ်ဦးလဲပါတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲဘက်ကစစ်ဆေးနေတာ ပြည့်စုံလုနီးဖြစ်နေပြီး မကြာခင် သူ့တို့အမှုကို ရုံးတင်စစ်ဆေးနိုင် တော့မှာ ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ရှေးရိုးစွဲဝါဒီတွေ ကြီးစိုးတဲ့ Alabama ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် Doug Jones မမျှော်လင့်ဘဲ အနိုင်ရသွားပြီး ရီပတ်ဘလီကန်ပါတီအနေနဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ၂၅ နှစ် အတွင်း အဲဒီဒေသမှာပထမဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးကို တည်ဆဲ ၁၉၂၃ အစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃) အရ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးမှုကို အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
မြောက်ကိုးရီးယားနဲ့ ကြိုတင်တောင်းဆိုတဲ့ ကန့်သတ်ချက်တွေ မပြုလုပ်ဘဲ ဆွေးနွေးပွဲတွေ ကျင်းပဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ကမ်းလှမ်းချက်ကို တရုတ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်က ဒုက္ခသည်စခန်းတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ဒေသက ဒုက္ခသည်စခန်း ၆ ခုu လူနည်းစုတိုင်းရင်းသား ဒုက္ခသည် ၆ ထောင်ကျော်ဟာ အောက်တိုဘာလကစပြီး နိုင်ငံတကာအကူအညီအားလုံး ဖြတ်တောက်ခံခဲ့ရတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်နေဆဲ ရှမ်းပြည်နယ်အခြေအနေဟာ စိုးရိမ်နေရကြောင်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်