ကမ္ဘာတဝန်း စွန့်ပစ် ပလတ်စတစ်အမှိုက်တွေဟာ နှစ်စဥ် မက်ထရစ် တန်ချိန် သန်း ၄၃၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုက ပြန်လည် အသုံးပြုလို့မရတဲ့ တခါသုံး ပလတ်စတစ်အမှိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ပလတ်စတစ် အမှိုက်တွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
၂၀၂၅ နှစ်သစ်ကို နယူးဇီလန်ကစလို့ သြစတြေးလျကနေ အိန္ဒိယ၊ ပြင်သစ်၊ ဘရာဇီးလ်နိုင်ငံအထိ မီးရှုးမီးပန်းတွေပစ်ဖေါက်၊ မီးအလှတန်ဆာတွေဆင်ပြီး ကမ္ဘာတဝှမ်း ကြိုဆိုခဲ့ကြသလို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Times Square မှာလည်း နှစ်သစ်ကူးကြိုဆိုသူတွေ သိန်းနဲ့ချီတက်ရောက်ကြောင်း ဒေသတွင် သတင်းတွေမှာ ရေးသားပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ အိန္ဒိယတစ်လွှားက ဘာသာရေးယုံကြည်သူများဟာ ဆုတောင်းပတ္ထနာပြုခြင်း၊ သန့်စင်သော ရေချိုးခြင်းနှင့် ဟိန္ဒူနတ်ဘုရားတွေရဲ့ ကောင်းချီးမင်္ဂလာရရှိဖို့ ဘာသာရေးဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲက သားကျင်ကျေးရွာကို စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြ ီး မင်းအောင်လှိုင်က မြန်မာပြည်သူတွေအနေနဲ့လက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တိုက်တွန်းပေးဖို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နှစ်သစ် အခါသမယဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၁၆၉ ယောက်ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
နှစ်ဟောင်းကုန်ဆုံးတဲ့ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းပျော်ရွှင်ပြီး သာယာ ဝပြောပါစေကြောင်း အမေရိကန် သံရုံးအကြီးအကဲ Susan Stevenson က ဆုမွန်ကောင်းတောင်းထားပါတယ်။
၂၀၂၅ ခုနှစ် နှစ်သစ်မှာ မြန်မာပြည်သူတွေနဲ့အတူ UK အစိုးရ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ဗြိတိသျှသံရုံး၊ ရန်ကုန် အကြီးအကဲ Ken O’ Flaherty က နှစ်သစ် သတင်းစကား ပေးပို့ထားပါတယ်
ကယားပြည်နယ်(ကရင်နီ)ဒေသ လွိုင်ကော်မြို့နယ် အရှေ့ဘက် စစ်ဘေးရှောင်စခန်းကို ဒီဇင်ဘာလ ၃၁ ရက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲလို့ကလေးငယ်တဦးအပါအဝင် သေဆုံးသူ ၃ဦးအထိရှိပြီး ၃ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ဆလုံလူမျိုးစုတွေက ရေလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ အခုအခါမှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပင်လယ်ပျော် ဌာနေတိုင်းရင်းသားတွေက ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ သူတို့ရဲ့ ပင်လယ်ပျော်ဘဝကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြရပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ဘိုရင်း လုပ်ငန်းက ကိုယ်စားလှယ်တွေ အပါအဝင် အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့က အင်္ဂါနေ့မှာ စစ်ဆေးခဲ့ပါတယ်။
အသက် ၁၀၀ မှာ ကွယ်လွန်ခဲ့သူ အမေရိကန် သမ္မတဟောင်း Jimmy Carter ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကို အားလပ်ရပ် အဖြစ် အမေရိကန် သမ္မတ Joe Biden က ကြေညာလိုက်ပြီး ဖယ်ဒရယ် အစိုးရရုံးတွေ အားလုံး ပိတ်မှာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံ မြို့တော် ဆာနား အပါအဝင် ဟူသီ သူပုန်တို့ ထိန်းချုပ်ရာ ကမ်းရိုးတန်း ဒေသတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် ဗဟို ကွပ်ကဲရေး ဌာနက အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး sebastien Lecornu က X လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပေမဲ့ ဆီးရီးယား နိုင်ငံတွင်းက ဘယ်နေရာတွေမှာ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုမထားပါဘူး။
၂၀၂၅ ခုနှစ်အတွင်း ကုလသမဂ္ဂက ဦးစီးပြီး ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ ရိုဟင်ဂျာ ညီလာခံကို ဘယ်လိုပုံစံနဲ့ ကျင်းပမလဲ၊ ရည်ရွယ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Philemon Yang တို့ ဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆီးရီးယားမှာအနိုင်ရလိုက်တဲ့ HTS သူပုန်တပ်ဖွဲ့က သူတို့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေနေဖို့ အာဏာရှင်ဟောင်း Bashar al-Assad လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေအတွက် အဖိုးနှုန်း သက်သာစွာနဲ့ နေထိုင်ခွင့်ပေးထားတဲ့ အိမ်ယာတွေကနေ မောင်းထုတ်နေပါတယ်။
ကမ္ဘာတဝှမ်း ပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိခဲ့ပေမဲ့လည်း အခုလို ၂၀၂၄ အကုန် ၂၀၂၅ အတွက် နှစ်သစ်ကူးပြောင်းချိန်ကို ပထမဆုံးကြိုဆိုလိုက်တဲ့ နိုင်ငံကတော့ တောင်ပစိဖိတ်သမုဒ္ဒရာ ထဲက နယူးဇီလန်ဖြစ်ပါတယ်။
၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန် ၂၀၂၅ မှာ ပြည်သူအများ မျှော်လင့် တောင့်တတဲ့ ဆန္ဒတွေပြည့်ပါစေကြောင်း အလွှာအသီးသီးကဆုတောင်းပေးကြပါတယ်။
၂၀၂၄၊ ဒီဇင်ဘာ ၃၀ ရက်က ကရင်ပြည်နယ် မူတြော်ခရိုင် နိုဖောထီး ရွာမှာ ကရင်နှစ်သစ်ကူးအခမ်းအနားကျင်းပပြီး ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေ ဆင်နွှဲနေချိန် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကိုကန့်ကွက်ရှုတ်ချကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က ဒီဇင်ဘာလ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး(၁)ဦး၊ အမျိုးသား(၈)ဦး၊ စုစုပေါင်း(၉)ဦးအထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်