ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ လာမယ့်သီတင်းပတ်ထဲ ပြုလုပ်မယ့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန်သမ္မတ ရွေးကောက်ပွဲမှာ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ကိုယ်စားလှယ်လောင်းက သဘောထားအစွန်းရောက် ပြင်းထန်တဲ့ တရားရေး အကြီးအကဲ Ebrahim Raisi ကို သူရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားဖို့ တောင်းဆိုထားပြီး ဖေဖော်ဝါရီလထဲ စစ်တပ်အာဏာသိမ်းခဲ့တာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပယ်ချလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို လူတွေမှာ စစမ်းသပ်နေပါပြီ။
ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခုဖြစ်တဲ့ ဒုက္ခသည်အရေးကို ကူညီဖြေရှင်းဖို့ ကြိုးပမ်းချက်တရပ်အနေနဲ့ ကနေဒါနိုင်ငံက ဒီနှစ်မှာ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေအတွက် ပိုပြီးလက်ခံမယ်လို့ ပြောလိုက်ပါတယ်။
“စစ်တပ်အာဏာသိမ်းတာဟာ လုံးဝလက်ခံနိုင်စရာ မရှိသလို အာဏာသိမ်းတာဟာ အစဉ်အလာလို ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ မနေနိုင်တဲ့အတွက် ဒါကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ပြတ်ပြတ်သားသား သတင်းစကား ပါးနိုင်မယ်လို့ မျှော်လင့်ကြောင်း" ပြောသွားတာပါ။
အမေရိကန် ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတအဖြစ် စတင်တာဝန်ယူချိန်ကစလို့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပြီးတဲ့သူ သန်း ၃၀၀ ပြည့်ပြီဖြစ်ကြောင်း သမ္မတ Joe Biden က ကြေညာလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်ပို့နေတာတွေ ရပ်တံံ့အောင် ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို နောက်ထပ် ၅ နှစ် သက်တမ်း တာဝန်ယူဖို့ အထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံတကာမှာ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ပြီးခဲ့တဲ့သုံးလက မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေကို မိုးမကျခင်အမီ ပြင်ဆင် ဆောက်လုပ်နေကြရပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများက နယ်စပ်တွေကိုပိတ်ထားပြီး နိုင်ငံထဲ အဝင်အထွက်တွေကို ကန့်သတ်ထားခဲ့ပေမဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လူပေါင်း ၃ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြ
မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Daniel Fenster ကို ကြာသပတေးနေ့မှာ ရုံးထုတ်ခဲ့ကြောင်းနဲ့ အခုအချိန်အထိ အမေရိကန်ကောင်စစ်ရုံးအရာရှိတွေကို သူနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက နိုင်ငံတဝှမ်းမှာ အရပ်သားတွေကို ဆက်လက်ဖိနှိပ်နေတာဟာ ကြီးမားတဲ့ဒေသတွင်းရိုက်ခတ်မှု တွေကို ထပ်ဖြစ်လာ စေတဲ့အတွက် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆိုကြောင်း ပြောခွင့်ရ Dujarric က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုက ၂၀၀၂ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ အီရတ်နိုင်ငံမှာ စစ်အင်အား အသုံးပြုခွင့်ကို ပယ်ဖျက်တဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
မြန်မာစစ်တပ် လက်နက်မရအောင် တားဆီးရေးအတွက် ကုလ ညီလာခံရဲ့ ဇွန်လ ၁၈ ရက် အစည်းဝေးမှာ တောင်းဆိုကြမှာ ဖြစ်တဲ့ အပြင် မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့၊ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ပါ တိုက်တွန်းကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဘေးဒဏ် အဆိုးဆုံးခံစားရသူတွေထဲ ဒုက္ခသည် ၂၀၀,၀၀၀ ထက်မနည်းလည်း ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာမဟာမိတ်အဖွဲတခုကပြောပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေ သိသိသာသာ ကျဆင်းသွားတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဌာနေရုံးက ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက ဦးဆောင်ပေးအပ်တဲ့ လူသားစာနာထောက်ထားမှု အကူအညီတွေထဲ တောင်ကိုရီးယားက အမေရိကန် ဒေါ်လာ ၉ သိန်း ပါဝင်ထောက်ပံ့ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထား
ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဘောလုံးသမား ပြည့်သျှံအောင်ကိစ္စအတွက် ဂျပန်အစိုးရအနေနဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်သွားမယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က ကြာသပတေးနေ့မှာ ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြို့မှာ တံတားဆောက်လုပ်ရေး အလုပ်သမားတွေကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO ကဖမ်းသွားပြီးတဲ့နောက် သတ်ပစ်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ သတင်းထွက်ပေါ်နေတဲ့ကိစ္စကို ကရင်အမျိုးသားအစည်းအရုံး KNU က စုံစမ်း စစ်ဆေးသွားမယ်
နောက်ထပ်ကြည့်ရှုရန်