ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ခေါင်းဆောင်တဦးက တောင်းဆိုလိုက်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်ခင်မှာ Cox’s Bazar မြို.ရှိ ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောဆိုလိုက်တာပါ။
အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ရဲ့ Geneva ထိပ်သီးအစည်းအဝေးပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ Geneva မြို့ဟာဆိုရင် သမိုင်းစဉ်တလျောက် နိုင်ငံရေးအုပ်စု ဘက်လိုက်မှု ကင်းမဲ့ခဲ့တဲ့ အစဉ်အလာရှိတဲ့အတွက် ခေါင်းဆောင် ၂ ဦးတို့ဟာ ဒီမြို့မှာ တွေ့ဆုံဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ နောက် ၄ လအတွင်းမှာ နိုင်ငံခြားခရီးသည်တွေကို အပြည့်အ၀ လာရောက်ခွင့်ပြုတော့မယ်လို့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ အရေး အပါအဝင် လက်ရှိ ပြသနာတွေကို ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ကယားပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေး တိမ်းရှောင်ရသူတွေ ပိုပြီး များလာနေတာနဲ့ အတူ အထူး စိုးရိမ်စရာ ကိစ္စ ဖြစ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း အရပ်သားတွေကို အကြမ်းမဖက်ဖို့၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည် ကျင့်သုံးရေးနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း တရားဥပဒေမဲ့ ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သြစတေးလျ ကာကွယ်ရေးတပ် ဒုတိယ အကြီးအကဲက မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲကို တောင်းဆိုလိုက်ပါတယ်။
NLD အစိုးရလက်ထက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့၊ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲကို ကြားနေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အခု စေဆွေးနွေးနေပါပြီ။ စစ်အေးခေတ်နောက်ပိုင်း ဒီကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ၊ နာရီတွေချီကြာမဲ့ အခုထိပ်သီးဆွေးနွေးပွဲဖြစ်လာ
အိန္ဒိယနိုင်ငံမှာစတွေ့တဲ့ Delta မျိုးဗီဇပြောင်းပိုးကူးစက်မှုက စိုးရိမ်စရာဖြစ်လာပြီလို့ အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကအင်္ဂါနေ့မှာပြောပါတယ်။ အမေရိကန်မှာပိုးကူးခံရသူသစ် ၁၀ ရာခိုင်နှုန်းလောက်မှာ Delta ဗီဇပြောင်းပိုးခံထားရပြီး ကူးစက်တာ မြန်လွန်းတဲ့အပြင် ရောဂါလက္ခဏာလည်း ပိုပြင်
တရုတ် စစ်လေယာဉ် ၂၈ စီး ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ထိုင်ဝမ် အနောက်တောင်ပိုင်း လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံထဲကို တရုတ် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ် အစုတစ်ဖွဲ့ ဝင်ရောက်ပျံသန်းသွားခဲ့
ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး ယိုယွင်းလာနေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဇွန်လ (၁၅)ရက်နေ့ ဒုတိယမြောက်နေ့ တရားရုံးချိန်း တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး ကောင်းမွန်နေသလို၊ ကိုယ့်ကိုကိုယ် အပြည့်အဝယုံကြည်မှုရှိနေကြောင်းလည်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ အကြမ်းဖက်ဝါဒစွဲနဲ့ ပြည်တွင်းက တိုက်ခိုက်မှုတွေကို တိုက်ဖျက်နိုင်ဖို့ မဟာဗျုဟာတရပ်ကို သမ္မတ Joe Biden အစိုးရက အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးမှတ်တမ်း စာရင်းပြုစုချက်တွေနဲ့ ပတ်သက်ရင် အပြည့်အ၀ ကာကွယ်ဆောင်ရွက်နေကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအပါအဝင် Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ကူးစက်နေတဲ့ အခြားနိုင်ငံတွေကလာတဲ့ ခရီးသွားတွေအနေနဲ့ မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့ နယ်သာလန်အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ကျဆင်းလာတာ သီတင်း ၇ ပတ်ဆက်တိုက်ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကပြောပါတယ်။ ဒါဟာ ကပ်ရောဂါစတင်ကတည်းက ပိုးကူးစက်မှုကျဆင်းတာ အချိန်အကြာဆုံးကာလဖြစ်တယ်ဆိုပေမယ့် ကိုဗစ်ကြောင့်သေဆုံးသူတွေတော့ အမြန်အဆန်ကျဆင်းလာတာမရှိသေး
Covid-19 ရောဂါကိုတိုက်ဖျက်ရေးအတွက် အလားအလာကောင်းတဲ့ ကာကွယ်ဆေးသစ်တမျိုးတွေ့နေရပေမယ့်၊ ဖြန့်ဖြူးရေးကိစ္စအတွက် အတော်လေး စဉ်းစားစရာဖြစ်နေပါတယ်။ Novavax ကိုဗစ်ကာကွယ်ဆေးဟာ အမေရိကန်ပြည်ထောင်စုမှာ လေးခုမြောက် ကိုဗစ်ကာကွယ်ဆေးဖြစ်လာ
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားလမ်း သီရိမင်္ဂလာဈေးဟောင်းနားမှာ အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ မြို့နယ်ပေါင်းစုံ ပျောက်ကြားဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံရ
အမေရိကန်သမ္မတ Joe Biden နဲ့ ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာ ဒီကနေ့တွေ့ဆုံဆွေးနွေးကြတဲ့အခါ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေလည်း ပါဝင်ဦးမှာဖြစ်
အိန္ဒိယအစိုးရ ရှယ်ယာအများစုပိုင်ဆိုင်တဲ့ Bharat လျှပ်စစ်ပစ္စည်းကုမ္ပဏီလိမိတက် BEL ဟာ မြန်မာစစ်ကောင်စီ ကို နည်းပညာ အကူညီတွေ တင်ပို့ပေးနေတဲ့ အတွက် ဒီကုမ္ပဏီ ကရော သူနဲ့ ဖက်စပ်လုပ်ကိုင်နေသူတွေ အစုရှယ်ယာဝင်တွေကပါ ဒါကို ရပ်တန့်ကြဖို့ Justic for Myanmar ကတောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်