မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲကြောင့် သေဆုံးရတဲ့ ပြည်သူဟာ အခုချိန်ထိဆိုရင် ၈၆၀ ကျော်ရှိနေသလို အဖမ်းခံနေရသူက ၄၈၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ဇွန်လ ၁၄ ရက်တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ရာဇဝတ်မှုတွေကို ဖြိုခွင်းတဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးခွင့် ပေးဖို့ အတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ရှေ့နေက တနလာၤနေ့မှာ လျှောက်ထားလိုက်ပါတယ်။
စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ကွန်ပျူတာ စနစ်တွေကို တိုက်ခိုက်ပြီး ဒေါ်လာ သန်းချီ ငွေညှစ်တာတွေ အပါအဝင် အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရ ဌာနတွေကို ရုရှား အစိုးရ၊ ရုရှား ဟက်ကာတွေက ဆိုက်ဘာ တိုက်ခိုက်မှု လုပ်တယ်လို့ အမေရိကန် အစိုးရရဲ့ ပြောဆိုချက်ကို ရုရှား သမ္မတ Vladimir Putin က ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။
ဘရပ်ဆဲလ် မြို့တော်မှာ တနလာၤနေ့က ကျင်းပ ပြီးစီးခဲ့တဲ့ မြောက်အတ္တလန္တိတ် စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် နိုင်ငံ ၃၀ ရဲ့ အစည်းအဝေးမှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရေး ထပ်လောင်း အတည်ပြုခဲ့သလို ရုရှား အရေး ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချခဲ့ပြီး တရုတ်ကိုလည်း ဆန့်ကျင် ရှုတ်ချခဲ့ကြပါတယ်။
မြန်မာ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို အပြစ်ပေးတဲ့အနေနဲ့ သူတို့မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ စစ်ကောင်စီကက တရား လက်လွတ်ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ဂျွန်လ ၁၄ ရက်နေ့ထုတ်ကြေငြာချက်မှာဖော်ပြ
လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ မှန်ကန်ပြည့်စုံမှုမရှိပဲ ဘက်လိုက်မှုတွေရှိနေတယ်လို့ မြန်မာစစ်ကောင်စီက တုန့်ပြန်လိုက်ပါတယ်။
အစ္စရေးလ်နိုင်ငံကို ၁၂ နှစ်ကြာ ဦးဆောင်လာခဲ့တဲ့ Benjamin Netanyahu ရဲ့ အခန်းကဏ္ဍကို အဆုံးသတ်စေပြီး ဘာသာရေး အမျိုးသားရေးအစွန်းရောက် New Right ပါတီရဲ့ခေါင်းဆောင် Naftali Bennett က ဝန်ကြီးချုပ်အဖြစ်နဲ့ အစ္စရေးလ်အစိုးရအဖွဲ့ကို ဦးဆောင်သွားဖို့ တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံမှာ တနင်္ဂနွန့က ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၃၇၃ ယောက်ရှိနေပြီး အခုဆို ကူးစက်ခံရသူ ၁၄၅,၀၀၀ ကျော်နေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၁၃ ရက် တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ အဆုံးသတ်ဖို့၊ ဘုရားကျောင်းတွေကို မတိုက်ခိုက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုကို ခွင့်ပြုဖို့ မြန်မာခရစ်ယာန် ဘုန်းတော်ကြီးတွေက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုရော အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကိုပါ G7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၄ လခွဲနီးပါး ရှိလာပြီဖြစ်ပေမယ့် အကြမ်းဖက် ဖမ်းဆီးမှုတွေကြားကပဲ ရန်ကုန်အပါအဝင် မြို့အတော်များများမှာ ဒီကနေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် ကူးစက်မှုတွေ ရှိနေတာကြောင့် အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေ ရုပ်သိမ်းမယ့် အစီအစဉ်တွေ နှောင့်နှေးနိုင်ကြောင်း ဝန်ကြီးချုပ် Boris Johnson က ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သီးခြားပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ ဇွန်လ ၁၂ ရက်က ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Joe Biden အပါအဝင် မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ မဟာဗျူဟာ အခြေခံမူဝါဒတွေကို ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ တနင်္လာနေ့တွေ့ဆုံပြီး ဆွေးနွေးကြဖို့ ရှိနေပါတယ်။
အင်တာနက်ပေါ်မှာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းမိထားသူတွေကို အမေရိကန်က ရုရှားကို ပြန်လွှဲပြောင်းပေးရင် ရုရှားဘက်ကလည်း သူတို့ဖမ်းမိထားတဲ့သူတွေကို ပြန်လွှတ်ပေးမယ်လို့ ရုရှားသမ္မတက ပြောကြားလိုက်တဲ့အပေါ် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ကြောင်း ရုရှားအခြေစိုက် Interfax သတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။
အင်္ဂလန်မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ထိပ်သီးညီလာခံမှာ တက်ရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ကမ္ဘာမှာ နောက်ထပ် ကပ်ဘေးရောဂါတွေ ဖြစ်လာရင် ပထမဆုံး ရက် ၁၀၀ အတွင်းမှာ တိုက်ဖျက်ရေး - Carbis Bay ကြေညာချက်ကို ကတိပြုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါတဲ့သူတွေကို အာဏာသိမ်းထားတဲ့ စစ်တပ်က ဖမ်းဆီးနေတာအတွက် ရှုတ်ချကြောင်းနဲ့ သူတို့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်ရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) က တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ၄ လခွဲနီးပါး ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့အထိ နိုင်ငံတဝန်း ဒေသတွေမှာ ဆက်ရှိနေဆဲပါပဲ။
မြန်မာနိုင်ငံမှာ အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ် အသုံးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြန်ပြီးဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တဦးဖြစ်သူ ဦးခင်မောင်ဦးက ပြောပါတယ်။
ဝင်ငွေနိမ့်နဲ့ အလယ်အလတ် ဝင်ငွေအဆင့် နိုင်ငံတွေအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေကြေးပိုင်း အကူအညီပေးမယ့် အစီအစဉ်တရပ်ကို အမေရိကန်သမ္မတ Joe Biden အစိုးရက ကြေညာဖို့ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်