ဗြိတိန်နိုင်ငံ Cornwall မြို့မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ထိပ်သီးအစည်းအဝေးမှာ ဒီကနေ့ဆွေးနွေးမယ့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အစီအစဉ်ထဲ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။
နိုင်ငံတကာရေးရာ ကိစ္စတွေကို ကုလသမဂ္ဂမှာ ဆွေးနွေးဆုံးဖြတ်ရာမှာ မဲပေးခွင့်အာဏာအပြည့်ရှိတဲ့ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံကို အထွေထွေညီလာခံက သောကြာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝန်းက တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြသကြဖို့ အမေရိကန်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်မယ်လို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပြုခဲ့ပေမယ့် အဓိကအရေးပါတဲ့ဒေသတွေမှာ စစ်တပ်က အင်အား ဖြည့်တင်း နေတဲ့အတွက် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ လျော့ပါးအောင် စစ်တပ်ဖက်က ကြိုးစားမှု မရှိတဲ့ပုံမျိး တွေ့နေရတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။
အမေရိကန် သတင်းလောကမှာ ထင်ရှားတဲ့ ပူလစ်ဇာဆုအတွက် ဒီနှစ်မှာ ကိုဗစ်ကပ်ရောဂါနဲ့ အမေရိကန်က ဆန္ဒပြပွဲတွေကို ဖော်ပြခဲ့တဲ့ သတင်းတွေအတွက် ဆုချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်အင်အားတွေ တိုးချဲ့ချထားနေတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က သတိပေး
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကနေ အဖမ်းခံခဲ့ရသူတွေအပါအဝင် ၃၆ ယောက်ကို ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ဒီနေ့ အမိန့် ချလိုက်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) နဲ့ အပြစ်ရှိတယ်လို့ဆိုပြီး အမိန့်ချ
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမား ၆၅ ယောက်က ထိုက်သင့်တဲ့ လုပ်အားခရရှိရေးအတွက် အမေရိကန် မော်တော်ကားတာယာစက်ရုံ Goodyear ကို တရားစွဲထားတဲ့အမှုမှာ တရားရုံးက အလုပ်သမားတွေကို အနိုင်ပေးလိုက်ပြီ
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က သူတို့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ ပြည်ပက ပိတ်ဆို့အရေးယူမှုတွေကို တန်ပြန်အရေးယူဖို့ ရည်ရွယ်တဲ့အတွက် ဒါဟာ လိုအပ်ချက်ဖြစ်တယ်လို့ မနေ့က ပြောပါတယ်။
အရှေ့အာရှ နဲ့ အရှေ့တောင်အာရှက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာကိုဗစ်ကပ်ရောဂါ ကာလမှာ သူတို့ရဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေကိုတိုးမြှင့်ဖို့အတွက် နေရာမျိုးစုံကနေ ထုတ်လုပ်ဖို့ နည်းလမ်းတွေရှာဖွေနေကြပါတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန UNODC က မနေ့က ပြောပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ SDR (Special Drawing Rights) ခေါ် အထူးငွေထုတ်ယူခွင့် ပေးတဲ့ထဲမှာ ဖေဖေါ်ဝါရီလကတည်းက စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ မပါဝင်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ဒုက္ခသည် စခန်းကနေ အင်ဒိုနီးရှားနိုင်ငံ အာချေပြည်နယ်ထဲကို သောကြာနေ့က စက်လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ယောက်ကို အနောက်စုမားတြား ပြည်နယ်မြို့တော် Medan ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီးက ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖို့ကိစ္စဟာ သိပ်ကို အရေးကြီးတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြတာကြောင့် ဒီလူတွေက အိန္ဒိယနယ်စပ်ဒေသတွေမှာ ခြေကုတ်ယူပြီး လှုပ်ရှားလာမှာနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမယ့်အရေး ဒေသခံ အာဏာပိုင်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အကာကွယ်ပေးဖို့အတွက် G-7 စက်မှုထိပ်သီး ၇ နိုင်ငံတို့အနေနဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ကြဖို့ SAC-M လို့ ခေါ်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် အနီးစခန်းနားမှာ ဒီနေ့မနက်က စစ်လေယာဉ် ၁ စင်း ပျက်ကျခဲ့လို့ ၁၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ပြင်ဦးလွင်မှာဆောက်လုပ်ထားတဲ့ ပရိယတ္တိစာသင်တိုက် ပန္နက်တော်တင် အခမ်းအနားသွားစဉ် အနီးစခန်း လေဆိပ်နားမှာ လေယာဉ်ပျက်ကျခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြောက်ဘက်မှာ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်က စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီးမှာ အသွားအလာ ယာယီရပ်သွားခဲ့
အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ G-7 စက်မှုထိပ်သီး အစည်းအဝေးကျင်းပမယ့် အင်္ဂလန်အနောက်တောင်ပိုင်းကမ်းခြေ Cornwall မြို့မှာ တွေ့ဆုံပါတယ်။ ဥရောပ ခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin အပါအဝင် တခြား အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သမ္မတ Biden တွေ့ဆုံဖို့ ရှိ
စင်္ကာပူနိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုုပ်ရေး အသွားအလာကန့်သတ် စည်းမျဉ်းတွေချမှတ်ထားတာကို နောက်တပတ်ကစပြီး ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။စင်္ကာပူမှာ ပြီးခဲ့တဲ့ မေလထဲ ပြည်တွင်း ကူးစက်မှု အသစ်တွေရှိခဲ့တာကြောင့် အသွားအလာ ကန့်သတ်ချက်တွေကိုပြန်ချမှတ်ထားခဲ့တာပါ။
အာဖရိကတိုက် Darfur ဒေသမှာ စစ်ရာဇဝတ်မှုတွေအတွက် အလိုရှိနေသူ ၄ ဦးကို လွှဲပြောင်းပေးဖို့ The Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC ရဲ့ အကျိုးဆောင်ရှေ့နေက ဆူဒန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်