မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းသမား ၉၂ ဦးဖမ်းဆီးခံခဲ့ရပြီး အခုထိ ဆက်လက် ထိန်းသိမ်းခံရသူ ၅၆ ဦးရှိသေးတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့က ပြောဆိုပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတဖြစ်လာပြီးနောက် သူ့ရဲ့ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပတိုက်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါပြီ။ ရုရှားသမ္မတ Vladimir Putin နဲ့ Geneva မှာနောက်တပတ်တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အမေရိကန်ရဲ့ အနောက်မဟာမိတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ရဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ပစ်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားထားတဲ့စာတစောင်ကို လက်ခံရရှိခဲ့တယ်လို့ MSF အဖွဲ့က ပြော
ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တောင်းဆို
ကွန်ပျူတာတွေကို အွန်လိုင်းကနေထိန်းချုပ်ပြီးငွေညှစ်တဲ့ Ransomware တိုက်ခိုက်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်က အကြီးဆုံး ရေနံပိုက်လိုင်းကုမ္ပဏီ အကြီးအကဲတယောက်က နိုင်ငံအကျိုးစီးပါွးကိုရှေ့တန်းတင်တဲ့အနေနဲ့ ဟက်ကာတွေကိုငွေပေးခဲ့တာပါ ပြောပါတယ်။
မြန်မာ ပြည်သူတွေအပေါ် စစ်အုပ်ချုပ်ရေးကာင်စီက အကြမ်းဖက်နေတဲ့လုပ်ရပ်တွေ ချက်ချင်းရပ်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ပြုဖို့နဲ့ တရားလက်လွှတ် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့ ဂျပန်နဲ့ သြစတေးလျနို်င်ငံတို့က ကြေငြာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး Antonio Guterres ကို ဒုတိယ သက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အင်္ဂါနေ့မှာ ရွေးချယ်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးကို ဇွန်လ ၄ ရက် သောကြာနေ့က လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၈၁ ဦး အတွက် အင်္ဂါနေ့မှာ အစားအသောက်၊ သောက်ရေနဲ့ ဆေးဝါးတွေ ဆက်လက် ထောက်ပံ့နေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ အဖွဲ့ IOM က ပြောပါတယ်။
စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ အထူး စိုးရိမ်ဖွယ် ဖြစ်ပြီး ဆက်ပြီးလည်း ဆိုးရွားလာနေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖြစ်လာနိုင်ခြေ အားလုံးကို လေ့လာ သုံးသပ်ထားကြောင်း သမ္မတ JBiden ရဲ့ အင်ဒို ပစိဖိတ် မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး Kurt Campbell က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
ကယားပြည်နယ်တွင်းက အရပ်သား နယ်မြေတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေ၊ တခြားသော အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် ရှိနေပြီး ဒီအခြေအနေက နိုင်ငံတကာ နယ်စပ်တွေကို မဖြစ်မနေ ဖြတ်ကျော် ဝင်ရောက်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၁၇ ခုနှစ်တုန်းက ထောင်ဒဏ်တသက် အပြစ်ပေး ခံထားရတဲ့ စီရင်ချက်အပေါ် ဘော့်စ်နီးယား ဆာဗ်ခေါင်းဆောင်ဟောင်း Ratko Mladic အယူခံဝင်ခဲ့ပေမဲ့ ကုလသမဂ္ဂ တရားသူကြီးတွေက ပယ်ချလိုက်ပါတယ်။
ဗုံးခွဲဖို့နဲ့ အဆိပ်ခပ်ဖို့ဆိုပြီး NUG ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုး ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်တခုကို မြန်မာရုပ်သံသတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။ မြို့ပေါ် အကြမ်းဖက်မှုတွေမှာ ပတ်သက်မှုမရှိဘူးလို့ NUG ကာကွယ်ရေးတာဝန်ခံတွေက ပြီးခဲ့တဲ့တပတ်အတွင်းက ထုတ်ဖော်ပြောခဲ့
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေး၊ ဗဟိုအကျဉ်းထောင်ထဲမှာဖွင့်ထားတဲ့ အထူးတရားရုံးကနေ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ပြီးတဲ့နောက် နောက်ပုဒ်မတခုနဲ့ ထပ်ပြီး တရားစွဲဆိုထား
တရုတ် - မြန်မာ နယ်စပ်မှာ လိမ်လည်မှုကျူးလွန်နေတဲ့ တရုတ်နိုင်ငံကထွက်ပြေးလာသူ ရာဇဝတ်ဂိုဏ်းသားတွေ တရုတ်နိုင်ငံကို ပြန်မလာဘူးဆိုရင် သူတို့မိသားစုဝင်တွေရဲ့ ပင်စင်လစာနဲ့ တခြားခံစားခွင့်တွေ ဖြတ်ပစ်မယ်လို့ တရုတ်နိုင်ငံ၊ အများပြည်သူလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုရှယ်မီဒီယာတွေမှာ ကြေညာထား
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့အမ ျှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ လူသိန်းပေါင်းများစွာကို အကူအညီပေးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒီကနေ့ပြော
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာအားကောင်းအောင် အမေရိကန်ပြည်ထောင်စုက လုပ်ကိုင်နေချိန်မှာပဲ တရုတ်နိုင်ငံကလည်း Covid-19 ကပ်ရောဂါဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွင်းနိုင်ငံတွေကို အကူအညီတွေထပ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို သြဇာလွှမ်းမိုးနိုင်အောင် တရုတ်တို့ ကြိုးပမ်းနေ
အာဖဂန်မှာ အမေရိကန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့ တွေ အပြီးတိုင် ရုပ်သိမ်း သွားပြီးတဲ့နောက် ၊ အာဖဂန်အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အောင်မြင်လိမ့်မယ် ဒါမှမဟုတ် ဆက်လက် ရှင်သန်နိုင်လိမ့်မယ်ဆိုတာ အာမခံချက် မရှိဘူးလို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြား လိုက်ပါတယ်။
ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံး ရဲ့ လူ့အခွင့်ရေးရပိုင်ခွင့်အတွက် လေးစားမှု နဲ့အတူ လုံခြုံစိတ်ချရမှု ငြိမ်းချမ်းမှုတွေရှိအောင် အမေရိကန်နိုင်ငံက အားပေးထောက်ခံဖို့ သန္နိဋ္ဌာန် ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့တွစ်တာကနေ ပြောကြားလိုက်ပါတယ်။
အိန္ဒိယမှာ ကိုဗစ်ဒုတိယလှိုင်းဒဏ်ကို ၂ လကြာခံခဲ့ရပြီးတဲ့နောက် မြို့တော် New Delhi နဲ့ စီးပွားရေး အချက်အချာ Mumbai မြို့တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ပြောင်းရွှေ့ဝင်ရောက်လာသူ ၄ သိန်း အတွက် လူသားချင်းစာနာမှု အနေနဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ အကြုံးမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်က တနင်္လာနေ့မှာ တညီတညွတ်ထည်း ဆုံးဖြတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်