မြန်မာမှာ အခုအထိ တိုးတက်မှုသိပ်ကို နှေးကွေးနေတဲ့အတွက် စိတ်ပျက်ရတယ်လို့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်သလို စစ်တပ်အနေနဲ့ ဖမ်းထားတဲ့အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သဘောတူထားတဲ့ အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ဖို့ပါ တောင်းဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အပြိုင် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့မှာကျင်းပမှာဖြစ်
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) က သတင်းထောက်တွေ အခြားနိုင်ငံတခုဆီကို ထွက်ခွာသွားပြီလို့ DVB က ပြောပါတယ်။သတင်းထောက်တွေကိုနေရပ်ပြန်မပို့နိုင်တာကြောင့် တတိယနိုင်ငံတခုက သူတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာဖြစ်တယ်လို့ DVB ကြေညာချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေပါတယ်။ မိုးဗြဲမြို့က တိုက်ပွဲတွေကြောင့် အိမ်တချို့ မီးလောင်ခဲ့ပါတယ်။ မင်းတပ်ဖက်မှာတော့ အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခပြေလည်ရေး ဆောင်ရွက်မှုတွေ အလွန်အမင်း နှေးကွေးနေတဲ့အပေါ် စိတ်ပျက်မိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့ ပြောကြား
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ပိုးကူးခံရသူ ၁သိန်းနဲ့ ၆ရာကျော်သာရှိတဲ့အတွက်ဒါဟာ ၆၁ ရက်အတွင်း ပိုးကူးသူ အနည်းဆုံးလည်းဖြစ်ပါတယ်။ သေဆုံးသူက ၂၄၂၇ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ဗြိတိန်တော်ဝင်မိသားစုရဲ့ မင်းသား Harry နဲ့ ကြင်ယာတော် Meghan Markle တို့ရဲ့ ဒုတိယမြောက်ရင်သွေး သမီးတော်လေးကို သောကြာနေ့က မွေးဖွားခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။
ကမ္ဘာမှာ နှစ်စဉ် လူပေါင်း သန်း ၆၀၀ လောက်ဟာ အစားအသောက် မသန့်ရှင်းမှုကြောင့် နာမကျန်းဖြစ်နေရပြီး သေဆုံးရသူကလည်း ၄၀၀,၀၀၀ ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ FAO အဖွဲ့ အကြီးအကဲ Dominique Burgeon က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း နောက်ထပ် ကိုဗစ်ကူးစက်သူ ၁၁၀,၀၀၀ ကျော်ပဲ ရှိတာကြောင့်် ဒါဟာ လွန်ခဲ့တဲ့ ၂ လအတွက် ပြန်ကြည့်ရင် ၂၄ နာရီအတွင်း ကူးစက်မှု အနည်းဆုံးရက်လည်း ဖြစ်ပါတယ်။
ရုရှားကိုဆန့်ကျင်မယ့် ကိစ္စမှာ အမေရိကန်ဟာ ဥရောပ မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ပူတင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ ပြောကြားလိုက်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်တပ်တွေရော ညွန့်ပေါင်းတပ်ဖွဲ့တွေပါ အာဖဂန်ကနေ ဆုတ်ခွာပြီးနောက် နှစ်ဖက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာကို အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ရဲ့ အဆင့်မြင့်အဖွဲ့နဲ့ အာဖဂန်ခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ကဘူးလ်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ပြည်တွင်းမှာ နေ့စဉ်လိုလို ဆန့်ကျင် ကန့်ကွက်နေချိန်မှာပဲ ပြည်ပရောက် မြန်မာတွေကလည်း သူတို့ရောက်ရာနိုင်ငံတွေမှာ မြန်မာ့အရေး ကမ္ဘာကသိအောင် လုပ်ဆောင်နေကြသလို တတ်စွမ်းသမျှ အကူအညီပေးနိုင်အောင် လုပ်ပြီး တသားတည်းရှိကြောင်း ပြသနေကြပါတယ်။
မြန်မာနိုင်ငံ နေရာအတော်များများ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံနဲ့ ရရှိထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးကို လိုလားကြောင်း ထိုင်းနိုင်ငံက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နာဇီတွေလက်ထဲက ပြင်သစ်နဲ့ ဥရောပကို လွတ်မြောက်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တော်တော်များများ ဒီကနေ့ တနင်္ဂနွေနေ့ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ၃ ဦး ဒီကနေ့ တနင်္ဂနွေနေ့မှာ ထိုင်ဝမ်ကို ရောက်ရှိလာပြီး အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိုးဆေး ၇ သိန်းခွဲကို လှူဒါန်းမယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ပြည်တွင်းတည်ငြိမ်မှု ရရှိရေးအတွက် အရှေ့အောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Google, Facebook, Apple နဲ့ Amazon တို့လို နိုင်ငံတကာ လုပ်ငန်းကြီးတွေ အပေါ်မှာ ကမ္ဘာတလွှား အခွန်တိုးမြှင့်ကောက်ခံရေးအတွက် အမေရိကန်၊ ဗြိတိန်နဲ့ တခြား စက်မှုထိပ်သီးနိုင်ငံတွေ စနေနေ့မှာ သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ကျိုးခရိုင်ထဲက လူဦးရေ ၁၃ သန်းကျော်နေထိုင်တဲ့ ဂွမ်ကျိုးမြို့မှာ မေလကုန်ပိုင်းကစပြီး COVID-19 ကူးစက်မှုတွေ တိုးလာတာကြောင့် ရောဂါထိန်းချုပ်ဖို့ ကန့်သတ်တဲ့ အစီအစဉ်တွေကို တိုးမြှင့်လိုက်ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေ COVID-19 ကာကွယ်ဆေးနဲ့ ဆက်စပ်ကုန်စည်စီးဆင်းမှု သွက်လက် မြန်ဆန်စေရေး စနေနေ့က သဘောတူခဲ့ကြပေမယ့် သွင်းကုန်ခွန် ဖယ်ရှားရေးမှာတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မုတ်သုံမိုး အပြင်းအထန်ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ မြေပြိုတာတွေဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်