ဒီကနေ့ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ ဒီနေ့ကို အထိမ်းအမှတ်ယူပြီးတော့ ဆန္ဒပြကြတာတွေလည်း ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးအုပ်စု၊ လှေဆွဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်ကြပြီး သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းအပြီး ကိုဗစ် ဓာတ်ခွဲအတည်ပြုမှု အမြင့်မားဆုံးနေ့အဖြစ် မနေ့က စံချိန်တင် တက်သွားခဲ့ပါတယ်။ အာဏာမသိမ်းခင် အရင် COVID-19 ဒုတိယလှိုင်း တက်ခဲ့တုန်းက အမြင့်ဆုံး စစ်ဆေးတွေ့ရှိနှုန်းပြီးရင် မနေ့တွေ့နှုန်းက အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရုရှားနိုင်ငံကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတက စွပ်စွဲပြောဆိုသလို ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို လူအုပ်စုက တိုက်ခိုက်တဲ့အပေါ် ကိုင်တွယ်ပုံဟာ အနောက်နိုင်ငံတွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို လုပ်တတ်တဲ့ သဘောထားကို ပြနေတယ်လို့လည်း ပြောပါတယ်။
မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အာဆီယံ ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အထူးအကြံပေးကောင်စီ SAC-M နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က တိုက်တွန်း
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အင်တာနက် လူမှုကွန်ရက် အကောင့်ကို အနည်းဆုံး ၂ နှစ် ပိတ်ထားမယ့်အကြောင်း Facebook က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။လူထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို စီးနင်းတိုက်ခိုက်မှုမှာ သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး Trump အကောင့်ကို ပိတ်ထားတာပါ။
ဘဲလားရုစ်နိုင်ငံက ပျံသန်းတဲ့ လေယာဉ်တွေကို ဥရောပသမဂ္ဂ လေပိုင်နက်မှာ ပျံသန်းခွင့်နဲ့ လေဆိပ်တွေကို ဆင်းသက်ခွင့် ပိတ်လိုက်ကြောင်း EU က ကြေညာလိုက်ပါတယ်။ဘဲလာရုစ် အခြေစိုက် လေကြောင်းလုပ်ငန်းတွေက လေယာဉ်တွေကို EU အဖွဲ့ဝင် နိုင်ငံတွေမှာ အတက်အဆင်း လုပ်ခွင့်မပြုဖို့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Frontier မြန်မာသတင်းဌာန အယ်ဒီတာ Daniel Fenster နဲ့ ကမာရွတ်မီဒီယာက ကိုနေသန်မောင်တို့ကို စစ်ကောင်စီက အခုထိ ဖမ်းဆီးထားတာ အတွက် စိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပြီးတဲ့အခါ ဆွေးနွေးညှိနှိုင်းမှုကနေ မရနိုင်တာတွေကို တာလီဘန် စစ်သွေးကြွတွေက အင်အားသုံး ရယူဖို့ ပြင်ဆင်နေပုံရတယ်လို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး သတင်းတွေကို အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့အကူအညီတွေ သွားရောက်ပေးအပ်ခွင့်နဲ့ အကျဉ်းထောင်တွေကို သွားရောက်ခွင့်ပေးဖို့ ဇွန်လ ၃ ရက် ကြာသပတေးနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အကြီးအကဲ Peter Maurer က တောင်းဆိုခဲ့ကြောင်း ICRC ဖေါ်ပြထား
စစ်တပ်အာဏာသိမ်းထားတာ ၄ လကျော်လာချိန်မှာ မြန်မာနိုင်ငံတလွှား စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ အတူ လက်နက်ကိုင် တွန်းလှန်မှုတွေပါ ရှိလာနေချိန်မှာပဲ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ရဲ့ ကိုယ်စားလှယ် ၂ ဦးဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပါပြီ။
အမေရိကန်မှာ ပိုလျှံနေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး သန်း ၈၀ ကို ဇွန်လကုန် နောက်ဆုံးထား လှူဒါန်းမယ့် အစီအစဉ်ကို သမ္မတ Joe Biden အစိုးရက ကြေညာလိုက်ပါတယ်။ ပထမအသုတ်အဖြစ် ဆေး ၂၅ သန်းကို လိုအပ်နေတဲ့ ဒေသတွေကို ဦးစားပေး လှူဒါန်းသွားမှာ ဖြစ်ကြောင်းအိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သမ္မတ Joe Biden ဒီလနှောင်းပိုင်း ဥရောပကို သွားရောက်မှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်ပြီး ချမှတ်မယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell က ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အကြီးအကဲ Peter Maurer ဟာ ဒီနေ့ နေပြည်တော်မှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အကြောင်း Nikkei Asia သတင်းက ဖေါ်ပြပါတယ်။
မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်သွားမှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီအပေါ် အနောက်နိုင်ငံအစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်လာနေကြတဲ့အချိန်မှာ သြစတြေးလျနိုင်ငံက အခုလိုပြောလိုက်တာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ ခရီးထွက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျောင်းတွေ ပြန်ဖွင့်လိုက်ပေမဲ့ ကျောင်းတွေ၊ ပညာရေး အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ကြားဝင်ကူညီဖို့ ကြိုးပမ်းနေပေမဲ့ အောင်မြင်မှုရနိုင်မယ့် အလားအလာအပေါ်မှာတော့ အကဲခတ်တွေ သံသယရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်