မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက သတင်းသမား ၂ ယောက်ကို အာဏာပိုင်တွေ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်တဲ့အတွက် နယူးယောက် အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြစ်တင်ရှုတ်ချလိုက်ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆို
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဒီကနေ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် မဲခေါင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တယောက်ကို ချက်ချင်းခန့်အပ်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကိုဒီကနေ့ပဲတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
တနှစ်ခွဲကြာ ကမ္ဘာတဝှမ်းလုံး ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါကို အဆုံးသတ်နို်င်အောင် ကာကွယ်ဆေးတန်းတူဖြန့်ဖြူးရေး အစီအစဉ်တွေ အရှိန်မြင့်ဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းကူညီကြပါဆိုပြီး သြဇာကြီးတဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေးနဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေက အစိုးရတွေကို တိုက်တွန်းလိုက်ကြပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ လူဖြူ၊ လူမည်းလူမျိုးရေး ခွဲခြားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား တက်ရောက်ဖို့ Oklahoma ပြည်နယ် Tulsa မြို့ကို သမ္မတ Joe Biden သွားရောက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၄ လပြည့်ခဲ့တဲ့ အခုအချိန်ထိ အရပ်သားတွေ အပေါ် သေကြေ ဒဏ်ရာရစေလောက်တဲ့ အင်အား သုံးနေဆဲ ဖြစ်သလို အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။
ဒုက္ခသည် ဦးရေ အများစုကို လက်ခံထားရတဲ့ အာရှ ပစိဖိတ် ဒေသကို အလေးထားပြီး COVID-19 ကာကွယ်ဆေး ထောက်ပံ့ပေးရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ရုံးက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်
မြန်မာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးပြီး ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ သတင်းထောက် ၃ ဦးကို တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဌာနေပြန်ပို့ခံရနိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေ အဖွဲ့ဝင် တဦးက အင်္ဂါနေ့မှာ AFP ကို ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာပြီး ကျရှုံးတိုင်းပြည်အဆင့် ရောက်မသွားအောင် တားဆီးရေး မြန်မာစစ်ဘက်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပိုပေးဖို့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ Tulsa လူမျိုးရေးခွဲခြားသတ်ဖြတ်မှု နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားကိုတက်ဖို့ အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့ကို ဒီကနေ့သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်ကားတာယာတွေ ထုတ်လုပ်နေတဲ့ Goodyear Tier & Rubber ကုမ္ပဏီဟာမလေးရှားစက်ရုံက အလုပ်သမားတွေကို လုပ်အားခမပေးတာ၊ တရားမဝင် အချိန်ပိုဆင်းခိုင်းတာ၊ နိုင်ငံခြားအလုပ်သမားတွေကို ခြိမ်းချောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။
COVID-19 ကပ်ရောဂါလွန်ကာလ စီးပွါးရေးပြန်လည်နာလန်ထူဖို့ ကြိုးပမ်းတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချနိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေအတိုင်း လုပ်ကိုင်ဖို့ နိုင်ငံ ၃၈ ခုကခေါင်းဆောင်တွေ တနင်္လာနေ့က သဘောတူညီခဲ့ကြပါတယ်။
ပါကစ္စတန်မှာ သြဇာအာဏာကြီးမားတဲ့ စစ်တပ်ကို ဝေဖန်တာကြောင့် အလုပ်က ထုတ်ခံရကြောင်း ကျော်ကြားတဲ့ ရုပ်သံ နိုင်ငံရေး ဆွေးနွေးခန်း တင်ဆက်သူ တဦးက တနလာၤနေ့မှာ ပြောပါတယ်။
COVID-19 ကပ်ရောဂါ ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်စစ်တပ်က အာဏာသိမ်း ခဲ့ပြီးတဲ့နောက် ကျဆင်းသွားတဲ့ စီးပွားရေးတွေ ပြန်ပြီး ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံတွင်း ဘိန်းစိမ်းစိုက်ပျိုးရေး ပြန်ပြီး တိုးလာနိုင်ခြေရှိတယ်လို့ UNODC က သတိပေးလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာကို အဖြေရှာဖို့ အိန္ဒိယနဲ့ အာဆီယံတို့ အတူလက်တွဲဆောင်ရွက်သင့်တယ်လို့ ကနေဒါနိုင်ငံ တိုရွန်တို အခြေစိုက် လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ (International Forum for Rights and Security) IFFRAS က ပြောကြားလိုက်ပါတယ်။
ကုလမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အကြီးတန်းအရာရှိကြီး ၂ ဦးဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးနေတဲ့ Bhasan Char ကျွန်းကို သွားရောက်ခဲ့ပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံရဲ့ လွတ်လပ်တဲ့ အမျိုးသား ရွေးကောက်ပွဲ ဆိုင်ရာ ကော်မရှင် အဆောက်အအုံတွေ တိုက်ခိုက်ခံရမှုကို စိုးရိမ်ကြောင်း နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုကြပါတယ်။
ကပ်ဘေးရောဂါ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုဆိုင်ရာ နိုင်ငံတကာ စာချုပ်တရပ် ထွက်ပေါ်လာရေး တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆွေးနွေးမှုတွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အကြီးအကဲက တနလာၤနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲတွေကို လာရောက် အားပေးလိုသူတွေ အနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသား အထောက်အထား ဒါမှမဟုတ်လည်း COVID-19 ကင်းရှင်းကြောင်း အထောက်အထားတွေ ပြသဖို့ လိုအပ်လာနိုင်ကြောင်း ဂျပန် သတင်းစာ တစောင်က ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်