အရှေ့တောင်အာရှနိုင်ငံတချို့မှာ ကပ်ရောဂါ ကန့်သတ်ချက်တွေ ချမှတ်ပြီး စက်ရုံအလုပ်ရုံတွေပိတ်တာ၊ ကာကွယ်ဆေးတွေ အရှိန်မြှင့်ထိုးပေးတာတွေ ရှိပေမဲ့လည်း ကိုဗစ်ပိုးကူးစက်မှု တရှိန်ထိုးတက်လာနေပါတယ်။ သြစတြေးလျနိုင်ငံ၊ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမှာလည်း ၇ ရက်ကြာ ကန့်သတ်ချက်ထုတ်ပြန်ထားပါတယ်။
အမေရိကန်ရဲ့ အောက်မေ့ဖွယ်နေ့ဖြစ်တဲ့ တနင်္လာနေ့ ဒီကနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒုသမ္မတ ကင်မလာ ဟားရစ္စ်နဲ့ နိုင်ငံ့စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေဟာ အာလင်တန်စစ် သင်္ချိုင်းမှာ ကျဆုံးစစ်သည်တွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို တုံ့ပြန်ရာမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အကြောင်း အာရှဒေသတွင်း နိုင်ငံတွေကို လာရောက်တဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ကဂျကာတာမှာဒီကနေ့ ပြောဆိုပါတယ်။
ကိုဗစ်ကာကွယ်ထိုးဆေးတွေကို လာမယ့်သီတင်းပတ်ထဲ ကမ္ဘာတဝန်း နိုင်ငံတချို့မှာ အရင်ထက် ပိုဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံ ဒါဖော ပဋိပက္ခအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေအတွက် သံသယတရားခံအဖြစ် လိုအပ်နေသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ICC ရဲ့ အကျုးိဆောင်ရှေ့နေက ဆူဒန်ကြားဖြတ်အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဖယ်ခုံမြို့မှာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အသက် ၃၀ ကျော်အရွယ် သောမတ်အပီးဆိုတဲ့ လူငယ်တဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်တပ်ထဲကို ခေါ်ဆောင်သွားကြောင်း မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတာ ၄ လထဲ ရောက်လာနေပြီဖြစ်ပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာရော နိုင်ငံတဝန်း ကျေးလက်ဒေသတွေမှာပါ နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြဆဲပါ။
ဗန်းမော်-ကသာ ကားလမ်းပေါ်က ရွှေပြည်သစ်ရွာနဲ့ ဟဲနားရွာကြားမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲကနေ ၂ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ ရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစီရင်မှု ခံယူနိုင်ဖို့ အလေးအနက် စဉ်းစားလုပ်ဆောင်နေတယ်လို့ မေလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသကို တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခငွ့်ရ ဒေသအဖြစ် ပြန်ပြီး မသတ်မှတ်မချင်း အိန္ဒိယနဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးက ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ မလွယ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဇွန်လအတွင်း အိန္ဒိယမှာ ပြည်တွင်းအတွက် COVID-19 ကာကွယ်ဆေး သန်း ၁၂၀ နီးပါး ရမယ်လို့ အစိုးရက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရတဲ့ အိန္ဒိယမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို အထည်တင်ပို့တဲ့ အထည်ချုပ်စက်ရုံတွေ စာချုပ်ဖျက်သိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိန္ဒိယ စက်မှုလုပ်ငန်း ကိုယ်စားလှယ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ၄ လနီးပါး ကြာလာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ် ထောက်ခံကြိုဆိုတဲ့ ချီတက်ပွဲတွေ အတော်များများ ဆက်လက်ပြုလုပ်နေကြရာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့ သေဆုံးသူလည်း ရှိခဲ့ပါတယ်။
အာဆီယံအနေနဲ့ အဖွဲ့ပဋိညာဉ်စာချုပ် အပိုဒ် ၁ မှာ ဖော်ပြထားတဲ့ အခြေခံမူဝါဒနဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တွေကို မြင့်တင် ကာကွယ်ပေးရေး” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း Amnesty International အဖွဲ့ကြီးက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတဲ့အတွက် ပြည်သူတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ မေလ ၂၉ ရက် ည ၁၀ နာရီကျော်လောက်က ပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် စာသင်ကျောင်း ၃ ကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ရာသီဥတုပြောင်းလဲမှု အရေးကို စိုးရိမ်ကြတဲ့ ကျန်းမာရေးလုပ်သားတွေ မေလ ၂၉ ရက်နေ့က WHO ရုံးချုပ်ကို ချီတက်ကြပြီး ရာသီဥတုပြောင်းလဲမှု အရေးနဲ့ ဇီဝသက်ရှိ မျိုးစုံ မျိုးကွဲတွေ ပြုန်းတီးလာတဲ့ အရေးတို့ကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိ ဆောင်ရွက်ဖို့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ Memorial Day မတိုင်ခင် သောကြာနေ့က ဗာဂျီးနီးယားပြည်နယ် Hampton မှာရှိတဲ့ Langley-Eustis ပူးတွဲ စစ်အခြေစိုက်စခန်းကို သမ္မတ Joe Biden သွားရောက်ပြီး စစ်သည်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတွေမှာ စတွေ့ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းပိုးသစ် အမျိုးအစား ၂ မျိုးပေါင်းထားတဲ့ ပိုးမျိုးသစ်ကို တွေ့ရှိရကြောင်း ဗီယက်နမ်အစိုးရ ရုပ်သံ VTV က စနေနေ့မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေ လုံခြုံရေးအတွက် သတိထားနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက သတင်းအချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်