မြန်မာစစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ပထမအသုတ် စစ်သင်တန်း ပြီးဆုံးသွားပြီဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက ပြောဆိုလိုက်ပါတယ်။
သေဆုံးမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပါတယ်။
အိန္ဒိယမှာ ပြီးခဲ့တဲ့ တလခွဲအတွင်း ပထမဆုံးအကြိမ်အနေနဲ့ နေ့စဉ်ပိုးတွေမှု ၁၇၀,၀၀၀ ကျော်အဖြစ် စံချိန်တင် ကျဆင်းလာချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်းထဲ ရာဂဏန်းနားကို ပြန်စတက်လာပြီး ထိန်းချုပ်မှုတွေ ပြန်စလုပ်လာနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ညဘက် ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အတွက် အာဏာသိမ်းထားတဲ့ စစ်တပ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက အတားအဆီးတွေ မလုပ်ကြဖို့ MSF နည်းစည်းမခြားဆေးပညာရှင်များအဖွဲ့က ပန်ကြားလိုက်ပါတယ်။
ကိုဗစ်ရောဂါပိုးရဲ့ မူရင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့အားထုတ်မှုတွေမှာ နိုင်ငံရေးကြောင့် အဟန့်အတား ဖြစ်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် ကြုံနေရတဲ့ စိုးရိမ်ဖွယ်အခြေနေတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့ကြာသပတေးနေ့က ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နှစ်စကနေ အခုချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၂၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်တွေကနေ ထွက်ပြေးရသူတွေ ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အပေါ် တရားစွဲဆိုထားတာ အားလုံးကို ချက်ချင်းပြန်ရုပ်သိမ်းပေါ်ဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တိုင်းရင်းသား ဒေသ တွေမှာ ၂၀၂၁ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာကြာင့် အခုချိန်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၈၅,၀၀၀ ကျော် ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်ကူပေးရေး ညှိနှိုင်းမှုအဖွဲ့ OCHA ကပြောပါတယ်။
အစ္စရေးနဲ့ ဂါဇာဒေသက ဟာမတ်စ် စစ်သွေးကြွတွေကြား ၁၁ ရက်ကြာ တိုက်ခိုက်မှုအတွင်း ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။
လက်ရှိသံအမတ်ကြီး တာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးမယ့် အစီအစဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကို အကြောင်းကြားထားတယ်လို့လည်း ဝါရှင်တန် မြန်မာသံရုံးက သံအမတ်ကြီး ဦးအောင်လင်းက RFA ကို အင်္ဂါနေ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း လူပေါင်းသန်းချီ သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ဇစ်မြစ်ကို အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီတွေ ထပ်မံစုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို အများပြည်သူ သိနိုင်အောင် ထုတ်ဖော်ပြောဆိုမယ့်အကြောင်း သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ခွင့်အတွက် ဂျပန်အသင်းနဲ့ ခြေစစ်ပွဲကန်ရမယ့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းသားတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ပြသကြဖို့ ပြိုင်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတဲ့ လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်က တိုက်တွန်းတဲ့အကြောင်း AFP သတင်းမှာရေးထားပါတယ်။
Facebook ကိုသုံးပြီး ပြည်တွင်းကလူတွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ရဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ Facebook ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ လနီးပါးအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် အရပ်သား သေဆုံးမှု ၈၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ကုန်ဆုံးပေမဲ့လည်း ဆက်လက် နေထိုင်ခွင့်ပြုဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုက ရရှိတဲ့ ငွေပေးချေမှုတွေကို ဆိုင်းငံ့လိုက်ကြောင်း ပြင်သစ်ရေနံလုပ်ငန်း Total က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့က ရထားပြုပြင်ထိန်းသိမ်းရေးအဆောက်အအုံတခုအတွင်း ပစ်ခတ်မှုကြောင့် လူ (၈) ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ San Jose ဥပဒေထိန်းသိမ်းရေး အရာရှိတွေက ပြောပါတယ်။
မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တွေအပေါ် အမေရိကန်သမ္မတ Joe Biden အစိုးရက ဖိအားပေး အရေးယူနေတဲ့ အစီအစဉ်တွေအပေါ် ထိပ်တန်းရီပတ်ဘလစ်ကန် ခေါင်းဆောင်တယောက်က အားပေးထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်