မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားဒေသ တိုက်ပွဲတွေပြင်းထန်လာနေတာမှာ ဝတ်ပြုဆုတောင်းတဲ့နေရာတွေပါ တိုက်ခိုက်ခံနေရတဲ့အတွက် ဒီလုပ်ရပ်တွေ အဆုံးသတ်ဖို့ ကက်သလစ်ရဟန်းအမတ် ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နှစ်ပတ်လည် ညီလာခံတက်ဖို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် လက်ခံမှု အငြင်းပွားစရာတွေဖြစ်လာတဲ့နောက်၊ မြန်မာနိုင်ငံနေရာ ကိုယ်စားပြုမှုကို ချန်လှပ်ထားဖို့ WHO က ဗုဒ္ဓဟူးနေ့ မှာ ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonoy Blinken ဟာ ဂါဇာဒေသ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား အပစ်အခတ်ရပ်စဲရေးရအောင် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တဲ့ အီဂျစ်နိုင်ငံကို ရောက်ရှိပြီး အီဂျစ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။
ဂျပန်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပိုဆိုးလာတာကြောင့် တိုကျိုအိုလံပစ်ပွဲ မလုပ်ဖို့ ဂျပန်သတင်းစာကြီးတခုက တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် Yoshihide Suga အနေနဲ့ လက်ရှိအခြေအနေကို အေးဆေးတည်ငြိမ်စွာသုံးသပ်ပြီး အိုလံပစ်ပွဲကိုရပ်နားလိုက်ဖို့ Asahi Shimbun သတင်းစာခေါင်းကြီးပိုင်းမှာ တိုက်တွန်းရေးသားထားတာပါ။
အမေရိကန် သတင်းသမား အပါအဝင် မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်တပ် အပေါ် နိုင်ငံတကာရဲ့ တစည်းတလုံးတည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာဆိုရင် မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်မှုစနစ် ပြန်လည် ဖြစ်ထွန်းလာစေရေး အတွက် အထောက်အကူ ဖြစ်နိုင်- ကုလ အထူးကိုယ်စားလှယ် Tom Andrews
ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina တို့ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး နဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ်က သဘောတူခဲ့ကြတဲ့ အီရန်နျူကလီးယားဆိုင်ရာ စာချုပ်မှာ အမေရိကန် ပြန်လည် ပါဝင်လာရေး ၅ ကြိမ်မြောက် ဆွေးနွေးမှုတွေ Austria နိုင်ငံ Vienna မြို့မှာ အင်္ဂါနေ့က စတင်လိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှားနိုင်ငံကြား သဘောထားကွဲစရာ ကိစ္စတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှေ့လထဲ လူကိုယ်တိုင် တွေ့ဆုံဖို့ ရှိနေပါတယ်။
အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အထူးအလေးပေး ပြောဆိုခဲ့ပါတယ်။ ဂျေရုစလင်မ်မြို့မှာ ရောက်နေချိန်အတွင်း ဝန်ကြီး Blinken က အဲဒီလိုပြောခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ သီတင်း ၆ ပတ်အတွင်းအနည်းဆုံးအဖြစ် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးကူးခံရသူ ၂ သိန်းလျော့လျော့ထိ ရောက်လာတဲ့အတွက် ပိုးကူးစက်မှုလျော့ကျလာပြီဆိုတဲ့မေ ျှာ်လင့်ချက်တွေ မြင့်တက်လာပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန်နိုင်ငံကိုသွားပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပါတယ်။
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတခုခုရဲ့ နိုင်ငံသားဖြစ်မထားသူတွေအနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် ဒီကနေ့ကစပြီး လေ ျှာက်ထားနိုင်ပြီဖြစ်ပါတယ်။
Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster ဟာ မလေးရှားနိုင်ငံ Kuala Lumpur ကို သွားမယ့် လေယာဉ်ပေါ် မတက်ခင်ကလေးမှာပဲ တနင်္လာနေ့ မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံခဲ့ရတယ်လို့ မဂ္ဂဇင်းတိုက်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိအခြေနေဟာ သိပ်ကိုဆိုးဝါးနေဆဲ ဖြစ်ပြီး အထူးသဖြင့် ပြည်သူတွေဟာ ကိုယ့်နေအိမ်တွေမှာ မနေရဲပဲ အိုးအိမ်စွန့်ခွါထွက်ပြေး နေကြရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်က ဗဟိုအမျိုးသမီးဆေးရုံက အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ရဲနဲ့ စစ်သားတွေက ဝန်ထမ်းအိမ်ယာကို လာရောက်ခြိမ်းခြောက်ပြီး ဆေးရုံဝန်ထမ်းတွေကို အလုပ်ဆင်းခိုင်းခဲ့တာပါ။
အစ္စရေးနဲ့ Hamas ကြား ပြီးခဲ့တဲ့ သောကြာနေ့ အစောပိုင်းက အပစ်ရပ်ခဲ့ကြပြီးနောက် တနလာၤနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် Blinken အနေနဲ့ အရှေ့အလယ်ပိုင်းကို သွားတဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ နှစ်ပတ်လည် ညီလာခံကို တနလာၤနေ့က ဖွင့်လှစ်ခဲ့တဲ့ WHO အကြီးအကဲက ကမ္ဘာတလွှား Covid-19 ကပ်ဘေးကြီး အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်းမာရေး လုပ်သား ၁၁၅,၀၀၀ ကို အောက်မေ့ ဂုဏ်ပြုခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်အကြား သောကြာနေ့အစောပိုင်း အပစ်အခတ်ရပ်စဲရေးယူထားပြီးတဲ့နောက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အခု တနင်းလာနေ့ မှာ အရှေ့အလယ်ပိုင်းဒေသကိုသွားရောက်နေပါတယ်။ မစ္စတာ Blinken ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ အရှေ့အလယ်ပိုင်းဒေသကို ပထမဦးဆုံးသွားရောက်တာလည်းဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်