အီရန်နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရေးအတွက် ၂၀၁၅ က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ စာချုပ် ပြန်လည်သက်ဝင်ဖို့နဲ့ သမ္မတ Donald Trump လက်ထက်က နုတ်ထွက်သွားတဲ့ အမေရိကန် ပြန်လည်ပါဝင်လာဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အင်္ဂါနေ့မှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ စတင်စကားပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကျရောက်နေတဲ့ အိန္ဒိယနိုင်ငံဟာ အောင်ဆီဂျင်ပြတ်လပ်မှု ၊ ဆေးရုံကုတင်နဲ့ဆေးဝါးမလုံလောက်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ပြိုလဲနေပြီလို့ဆိုပါတယ်။
ပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ၂ ရက်အကြာ ဘင်္ဂလားပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀ ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကယ်တင်လိုက်ပါတယ်။
ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနဲ့ ချိတ်ဆက်ထားတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ အခုရက်ပိုင်းတွေအတွက် ရွှေတကျပ်သားကို ၁၄ သိန်း ၇ သောင်းကျော်အထိ အမြင့်ဆုံး ရောက်ခဲ့ပြီးနောက် ရွှေလုပ်ငန်းငန်းရှင်တွေက ရွှေဈေး တည်ငြိမ်အောင် ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံ အတွက် ဂျပန်က ပေးအပ်နေတဲ့ အထောက်အပံ့တွေကို ပြန်သုံးသပ်ပြီး အာဏာသိမ်း စစ်တပ်ကို အကျိုးရှိစေမယ့် လူသားချင်း စာနာထောက်ကူမှု မဟုတ်တဲ့ အကူအညီတွေကို ရပ်ဆိုင်းရေး HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။
အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်၊ Shorenstein Asia-Pacific သုတေသန ဌာနက ၂၀၂၁ ခုနှစ် အတွက် Shorenstein Journalism Award ကို သတင်းသမား ဦးဆွေဝင်းကို ချီးမြှင့်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုဖို့ မြန်မာ စစ်တပ် အကြီးအကဲကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တခြားလူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကမ္ဘာတဝန်းက လက်ရှိလွှတ်တော်အမတ် ၃၀၀ နီးပါး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အာဆီယံအစည်းအဝေးအပြီး ဂျကာတာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂကပြောလိုက်တဲ့ တရက်ထဲမှာပဲ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ထွက်လာတာပါ။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၃၂၀,၀၀၀ ကျော် ထပ်တိုးခဲ့ပြီး ဒါဟာဖြင့် တရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် ငါးရက်ဆက်တိုက် စံချိန်တင်တိုးခဲ့ပြီးတဲ့နောက် အတန်ငယ် ပြန်လျော့သွားတာပါ။
တနင်္လာနေ့က COVID-19 ကူးစက်မှုအသစ် စုစုပေါင်း ၃၅၃,၀၀၀ နီးပါးထိရောက်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေဟာ ကြေကွဲဖွယ်အဖြစ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေနဲ့ အတူ စစ်တပ်နဲ့ ရဲတွေကြောင့် ဆန္ဒပြပြည်သူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာပြည်သူတွေပဲ ဖြေရှင်းတာမျိုးကို သူလိုလားကြောင်း ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရေး အားထုတ်တဲ့ လုပ်ရပ်တွေကို ကျနော့် အနေနဲ့ ထောက်ခံပါတယ်။
အခုလာမယ့် မေလ ၅ရက်နေ့မှာ တက္ကသိုလ်နောက်ဆုံးနှစ်နဲ့ မဟာဝိဇ္ဇာတန်းသင်တန်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီ ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ပညာရေးဝန်ထမ်းတွေကိုလည်း မေလ ၃ရက် နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း Covid-19 ရောဂါကူးစက်မှု ၃ သိန်းခွဲထိရောက်လာတဲ့အချိန်မှာပဲ အိန္ဒိယနိုင်ငံအတွက်လိုအပ်နေတဲ့ ဆေးဝါးအထောက်အကူပစ္စည်းတွေကို ပေးပို့သွားမယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတို့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အဖြစ်တာဝန်ယူတာ ရက်ပေါင်း ၁၀၀ ပြည့်တော့မယ့် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကို အမေရိကန်ပြည်သူအများစု ထောက်ခံတာတွေ့ရပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ ဒေသခံတွေ စုဖွဲ့ထားတဲ့ ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သား၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖမ်းခံရတဲ့ ဆန္ဒပြသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အပြန်အလှန် တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက ပြောပြပါမယ်။
ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ အွန်လိုင်းကတဆင့် ရုံးထုတ်ရာမှာ၊ ဒေါ်အောင်ဆန်းစုကြည်ဖက်က ရှေနေ့ဖြစ်သူတွေနဲ့ လူချင်းတွေ့နိုင်ဖို့ ထပ်မံ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
အာဏာသိမ်း နစက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရေး ဘူးသပိတ်ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဒီနေ့ စတင်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်