CDM အကြမ်းဖက်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကြတဲ့ ပြည်ပမြန်မာသံရုံးက သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၈ ဦးရဲ့ သံတမန်နိုင်ငံကူး စာအုပ်တွေကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီ ပင်လယ်ထဲ နစ်မြှုပ်သွားတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ရာမှာ အပိုင်းသုံးပိုင်းကွဲနေပြီး အမှုထမ်း ၅၃ ဦးလုံးလည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
COVID-19 ရိုက်ခတ်မှုဒဏ်ကို အိန္ဒိယက အကြီးအကျယ် ရင်ဆိုင်နေရပြီလို့ ဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပင်လယ်ပြင်အတွင်း နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောပေါ် ပါသွားသူ ရေယာဉ်အမှုထမ်း ၅၃ ဦးရဲ့ မိသားစုဝင်တွေထံ အင်ဒိုနီးရှားသမ္မတ Joko Widodo က ဝမ်းနည်းစကား ပါးလိုက်ပါတယ်။
တောင်တရုတ်ပင်လယ် ရေကြောင်းပိုင်နက် အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ သူတို့ပိုင် စီရင်ဆုံးဖြတ်ခွင့်နယ်မြေဆိုတာ ပြသတဲ့ ကြိုးစားမှု တစိတ်တပိုင်းအဖြစ် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေ စစ်ရေးလေ့ကျင့်နေပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာ့အရေး အာဆီယံကြိုးပမ်းမှုကို အပြုသဘောနဲ့ ထောက်ခံပေးသွားမှာဖြစ်ပြီး အချက် ၅ ချက်ပါ အာဆီယံခေါင်းဆောင်များ ဘုံသဘောထားကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးမှုနှုန်း မြင့်လာတာ ၂ ရက်ဆက်တိုက် ရှိလာတာကြောင့် ကိုဗစ်တတိယလှိုင်းကို ကာကွယ်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတာ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေ အားလုံး သဘောတူညီခဲ့ကြတယ်ဆိုတဲ့ သတင်းအပေါ် အားတက်ရတယ်လို့ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဒီကနေ့ ပြောပါတယ်။
မြန်မာလူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား အချက် ၅ ချက်ပါ သဘောတူညီချက်တခု ရခဲ့တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ရေယာဉ်အမှုထမ်း ၅၃ ယောက် လိုက်ပါသွားတဲ့ ပျောက်ဆုံးရေငုပ်သင်္ဘောကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ရှာတွေ့ရှိတဲ့အကြောင်း အင်ဒိုနီးရှားက ကြေညာချက် ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၄၆,၀၀၀ ကျော် ရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဒီကနေ့ ပြောပါတယ်။
မြန်မာလူထုရဲ့ အကျိုးစီးပွားက အမြဲတမ်း ထိပ်တန်းဦးစားပေး ဖြစ်ရမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းတာရပ်ဖို့ အဆိုပြုချက်ကို စစ်ကောင်စီက လက်ခံတယ်လို့ မလေးရှားဝန်ကြီးချုပ် Muhyddin Yassin က ပြောတဲ့အကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာန သတင်းတပုဒ်မှာ ရေးထားပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် သံလွင်မြစ်ထဲမှာ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ရေယာဉ်တစင်းကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တာဟာ နားလည်မှု လွဲမှားတာကြောင့် ဖြစ်တယ်လို့ ထိုင်းနိုင်ငံဘက်က ဒီကနေ့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးလုပ်သားတွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက ဧပြီလ ၂၃ ရက် သောကြာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အများဆုံးအဖြစ် သောကြာနေ့မှာ ၂ ရက်ဆက်တိုက် စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ အသက်ရှုဖို့ခက်ခဲတဲ့ လူနာတွေ တိုးလာတာကြောင့် အောက်စီဂျင်နဲ့ တခြားအရေးပေါ် ဆေးရုံသုံးပစ္စည်း အလုံအလောက်ရဖို့ ကြိုးပမ်းနေရပါတယ်။
ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အွန်လိုင်းထိပ်သီးအစည်းအဝေး စတင်လိုက်တဲ့ ကြာသပတေးနေ့မှာပဲ အမေရိကန် ပြည်ထောင်စုမှာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး ၅၀ ကနေ ၅၂ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ့် ရည်မှန်းချက် အသစ်ကို သမ္မတ Biden ကြေညာ
စစ်တပ်အာဏာသိမ်းတာ ၃ လနီးပါး ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြို့ကြီးတွေက ဆင်းရဲသားရပ်ကွက်နေလူထုနဲ့ မကြာသေးခင်ကမှ အိုးအိမ်ရွှေ့ပြောင်း ခဲ့ရသူတွေအပါအဝင် ဒုက္ခရောက်နေသူ ၂ သန်းလောက်အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က အစီစဉ်သစ်တခု စတင်လုပ်ဆောင်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီပြန် ဖေါ်ဆောင်ပေးဖို့နဲ့ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုတဲ့ အဆိုပြုချက်မူကြမ်း အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးငြင်းခုံနေကြကြောင်း သံတမန်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
ယူကရိန်းနယ်စပ်အနီး ရုရှားတပ်တွေ လျော့နည်းသွားတဲ့အတွက် ၂ နိုင်ငံကြား တင်းမာမှုတွေလည်း လျော့ပါးလာနေကြောင်း ယူကရိန်းသမ္မတက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပေမဲ့၊ သတိထား စောင့်ကြည့်နေဆဲဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်