ဧပြီလ ၂၄ ရက် ကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက တညီတညွတ်ထည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က မျှော်လင့်ထားကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်အပေါ် အမေရိကန်က အရေးယူဒဏ်ခတ်ဖို့ သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့ ဖိအားအပေးခံနေရချိန်မှာပဲ အမေရိကန်ရေနံကုမ္ပဏီကြီးတခုဖြစ်တဲ့ Chevron ကော်ပိုရေးရှင်းက သူတို့ရဲ့စွမ်းအင်လုပ်ငန်းတွေမထိခိုက်အောင် လုပ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ အစိုးရအရာရှိတွေကို လိုက်ဆွယ်နေတာ တွေ့ရပါတယ်။
အာဆီယံ (ASEAN) အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုဖို့နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးဆောင်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိအမှတ်ပြုဖို့ NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာကာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက VOA ကို အတည်ပြုပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာတဝန်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချကြောင်း အဆိုပြုထားတဲ့ လွှတ်တော်ဥပဒေမူကြမ်းကို ဗြိတိန် နိုင်ငံရေးပါတီ ၉ ပါတီက လွှတ်တော်အမတ် ၁၀၀ က ထောက်ခံကြောင်း ပြောကြားလိုက်ကြပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၇ နှစ်ပြည့်နှစ်ပတ်လည်နေ့ Blue Shirt Strike လို့ခေါ်တဲ့ အပြာရောင် ရှပ်အင်္ကျီဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြသမားတွေ နိုင်ငံအနှံ့မှာ တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်အနောက်အလယ်ပိုင်း Minneapolis မြို့တော် ရဲ့ ရဲဌာနတခုလုံးကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့နေချု့ပ် Merrick Garland က ကြေညာလိုက်ပါတယ်။
မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံမှာ လူထုအခြေပြုအဖွဲ့အစည်းတွေက သူတို့အစိုးရကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှ ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ကိုဗစ်လူနာ အရေအတွက် ၁၄၂,၆၆၁ ဦးအထိ မြင့်တက်လာတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဝှာသတင်းမှာ ဖော်ပြထားပါတယ်။
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ ကြားကာလ NUG အမျိုးသာညီညွတ်ရေး အစိုးရ ရဲ့ ဒီမိုကရေစီရေး ရပ်တည်ချက်ကို ဗြိတိန်နိုင်ငံ အာရှဒေသဆိုင်ရာဝန်ကြီး Nigel Adams က ကြိုဆိုလိုက်ကောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရန်ကုန် ဗြိတိန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကစီးပွားရေးလုပ်ငန်းအရင်းအမြစ်တွေကို နောက်ထပ် ပိတ်ဆို့ အရေးယူတဲ့အနေနဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) နှင့်မြန်မာ့ပုလဲလုပ်ငန်း (MPE) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ စစ်တပ်ပြောခွင့်ရသူကို ကိုးကားပြီး ဂျပန် Nikkei Asia သတင်းက ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာ - ယာကြီးလမ်းမှာ စစ်တပ်နဲ့ ကျေးရွာဒေသခံတွေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာကြောင့် ဒေသခံတွေရော စစ်တပ်ဖက်ကပါ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြင်းခြံမြို့က ရွာတွေမှာလည်း စစ်တပ်က ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။
မြန်မာပြည်တွင်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒေသတွင်း ဒုက္ခသည်အကြပ်အတည်းတွေ ပေါ်ပေါက်လာနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ လှုပ်ရှားတက်ကြွသူတွေကပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကနီမြို့ ထဲဝင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ မြို့ပြင်မှာ အင်္ဂါနေ့ညနေကအပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေ အတွင် ကလေးငယ် အနည်းဆုံး ၅၂ ဦး သေဆုံးခဲ့ရပြီး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေး တပ်တွေအနေနဲ့ ကလေးတွေ၊ လူငယ်တွေကို ဘေးကင်းအောင် ထားရှိဖို့၊ အကြမ်းဖက်တာတွေ ချက်ချင်း ရပ်ဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တောင်းဆိုလိုက်ပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှု အရေး အာဆီယံ ဆွေးနွေးပွဲ ရလဒ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အားတက်သရော စောင့်စားနေကြောင်း အမေရိကန်ဘက်က ပြောဆိုလိုက်ပြီး တရုတ်ကတော့ မြန်မာ့ ပြည်တွင်း ပြန်လည် ရင်ကြားစေ့ရေးမှာ အာဆီယံရဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှုကို နိုင်ငံတကာက ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန် ပြည်ထောင်စု Minnesota ပြည်နယ်၊ Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် ရဲအရာရှိဟောင်း Derek Chauvin အပေါ် လူသတ်မှု၊ ကြိုတင်ကြံရွယ်ခြင်းမရှိပဲ သတ်ဖြတ်မှုစတဲ့ စွပ်စွဲချက်တွေ အားလုံးအတွက် အပြစ်ရှိကြောင်း ဂျုရီလူကြီးတွေ ဆုံးဖြတ်လိုက်ပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြီးအကဲတွေ လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာမှာ တွေ့ဆုံဆွေးနွေးမယ့် အကြောင်း ဘရူးနိုင်း အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပြီး ဒီဆွေးနွေးပွဲမှာတော့ မြန်မာ့ စစ်အာဏာသိမ်းမှု အရေး ဆွေးနွေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်