ကမ္ဘာအဝန်း ကိုဗစ်ကပ်ရောဂါကြောင့် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်လာရာက သတင်းလွတ်လပ်ခွင့်မှာပါ ထိခိုက်မှုတွေ ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာသာ လွတ်လပ်တဲ့အခြေအနေတွေကို တွေ့ခဲ့ရတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် RSF ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ နေ့စဉ်ပြန်တိုးလာနေတဲ့အတွက် မြို့ကြီးအတော်များများမှာ ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်နေပါတယ်။ မြို့တော်နယူးဒေလီမှာတော့ တပတ်ကြာ ကန့်သတ်ချက်တွေ စတင် လိုက်တဲ့ဒီကနေ့မှာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်မှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်အတွက် ဆင့် ၁၄၀ မှာ ရှိပါတယ်။ မနှစ်ကထက်စာရင် သတင်းလွတ်လပ်ခွင့်အခြေအနေ ပိုဆိုးလာတဲ့အတွက် ၁ ဆင့် လျော့ကျသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ထောက်ခံကြတဲ့အကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးချိန်အတွင်း ပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို့ ဂျပန်သတင်းထောက်တွေက ဒီကနေ့ တိုကျိုမြို့တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူလိုက်တဲ့ တချိန်ထဲမှာပဲ မြန်မာလူထုအတွက် လူသားစာနာမှုအကူအညီကို တိုးပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က တနင်္လာနေ့က ဘရပ်ဆဲလ်စ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ဖြစ်ပွားနေတဲ့ သွေးမြေကျ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်က ဦးဆောင် ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး ညီလာခံကို ဒီသီတင်းပတ် အတွင်းကျင်းပဖို့ ရှိနေချိန်မှာဘဲ ရာသီ ဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးကို ထိပ်တန်း ဦးစားပေး နိုင်ငံခြားရေး မူဝါဒ တခု အဖြစ် ထားရှိကြောင်း အမေရိကန် အစိုးရက အခိုင်အမာ ထပ်မံ ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ သွေးမြေကျသေဆုံးရတာတွေအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပိုတိုးမလာစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ချက်ချင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ COVID-19 လူနာ စံချိန်တင် များလာပြီး ကျန်းမာရေး စောင့်ရှောက်မှု မနိုင်မနင်း ဖြစ်လာတာနဲ့ အတူဘဲ မြို့တော် နယူးဒေလီကို ၆ ရက်ကြာ အသွားအလာ ကန့်သတ်တားမြစ်မှု Lockdown ချမှတ်ကြောင်း တနလာၤနေ့မှာ ကြေညာပါတယ်။
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသတွင်းက Uyghurs တွေ၊ နောက် တခြား တာခ့် အနွယ်ဝင် မူဆလင်တွေ အပေါ်မှာ တရုတ် အစိုးရက လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုပါတယ်။
မြန်မာစစ်အာဏာသိမ်းကောင်စီမှာပါဝင်တဲ့ အရပ်သားနိုင်ငံရေးသမားတွေကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ မြန်မာ စစ်အာဏာသိမ်းမှုနဲ့ဆက်စပ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥရောပသမဂ္ဂ EU က အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီးချမှတ်လိုက်တာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ တနင်္ဂနွေညနေပိုင်းက စတင်ပြီး စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်တပ်ရဲ့ တပ်စခန်းအချို့ကို KIA က သိမ်းယူခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။
ရန်ကုန်မြို့မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို ဂျပန်အစိုးရက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှု တန်ပြန်ရေးမှာ အတူပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြကြောင်း စနေနေ့က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၈၀ နီးပါး ရှိလာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ နေရာဒေသ အတော်များများမှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲပါ။
ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်တိုးလာတာကြောင့် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ဖို့ ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သီရိလင်္ကာ ငါးဖမ်းသမား ၁၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး ပြောတာကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
ကန်တပ်ကီပြည်နယ် လူးဝစ်ဗေးမြို့ Big Four Bridge မှာ Save Myanmar Campaign of Kentucky အဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲကို ဧပြီ ၁၇ ရက် စနေနေ့က ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၁၉ ရက် ကလေးမြို့ သပိတ်စစ်ကြောင်း (မှတ်တမ်းဓာတ်ပုံများ)
နောက်ထပ်ကြည့်ရှုရန်