စစ်အာဏာသိမ်းကောင်စီက ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၂၃,၀၄၇ ယောက် လွှတ်ပေးလိုက်ပါတယ်။
မဲခေါင်မြစ်ကြီးထဲ တရုတ်နဲ့ လာအိုဘက်က ရေကာတာ တည်ဆောက်မှုကြောင့် မြစ်ကြောင်းအပြောင်းအလဲ ဘေးဒုက္ခနဲ့ ထိုင်းနိုင်ငံသားတွေ ရင်ဆိုင်နေရပြီး ဘဝရှင်သန်ရေး ထိခိုက်လာနေပါတယ်။
မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတာကို အခိုင်အမာ ပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့က ပြောပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်စတင်တဲ့ နှစ်ဆန်း ၁ ရက်နေ့ ဒီကနေ့မှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အရင်ရက်တွေကလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြပါတယ်။
အမေရိကန်သမ္မတ Joe Biden က သူ့လက်ထက်မှာ အိမ်ဖြူတော်ကို ပထမဆုံးရောက်လာတဲ့ ပြည်ပခေါင်းဆောင် တဦးအဖြစ် ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ကို သောကြာနေ့က လက်ခံတွေ့ဆုံပါတယ်။
“ကမ္ဘာအနှံ့ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့နှုန်းနဲ့ ဆက်တိုးနေပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း အပတ်စဉ်ကူးစက်မှုနှုန်းဟာ ၂ ဆလောက် တိုးလာပါတယ်။ ဒါဟာ ကပ်ရောဂါ ကာလတလျှောက် တွေ့ရတဲ့ အထဲမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။” ---WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus
မြန်မာစစ်တပ်က သူ့လုပ်ရပ်တွေ ဖုံးကွယ်ဖို့ သတင်းထောက်တွေကို ဖိနှိပ်တာ၊ နိုင်ငံတဝှမ်းသတင်းတွေမဖြန့်နိုင်အောင် အင်တာနက်လိုင်းတွေဖြတ်ပစ်တာတွေလုပ်နေပေမယ့် ထိရောက်မှုလည်းမရှိသလို စစ်တပ်ရဲ့ ဝါဒဖြန့်ပြောဆိုမှုတွေကိုလည်း ကမ္ဘာက မယုံကြဘူးလို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှု၊ ရွေးကောက်ပွဲကို နှောက်ယှက်မှု၊ ခရိုင်းမီးယား ဒေသမှာ ရန်လိုမှုတွေ အပါအဝင် အဖျက်အမှောင့် လုပ်ရပ်တွေအတွက် ရုရှားနိုင်ငံကို အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ပြင်သစ်နိုင်ငံအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာကြောင့် ပြင်သစ် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေ ပါကစ္စတန်နိုင်ငံကနေ ယာယီထွက်ခွာကြဖို့ ပြင်သစ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အဖမ်းခံရတဲ့ သတင်းထောက် ၇၁ ယောက် ရှိပီဖြစ်ပြီး ဒီအထဲက ထက်ဝက်ကျော်ဟာ ခုထိအဖမ်း ခံနေရဆဲပဲ လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ၁၀ ဦးကို ဥရောပသမဂ္ဂက အရေးယူမှုတွေ ချမှတ်လိုက်ပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုလည်း အရေးယူ တော့မယ်လို့ သံတမန် ၂ ဦးရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ရေးပါတယ်။
မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အကြမ်းဖက် ဖမ်းဆီးခံလိုက်ရတာနဲ့ပတ်သက်လို့ အမေရိကန်သံရုံးက ကြေညာချက်မှာ “ဧပြီ ၁၅ ရက်တွင် မုံရွာမြို့၌ ဝေမိုးနိုင်နှင့် အခြားတစ်ဦးတို့ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များက ကားနှင့် ဝင်တိုက် ဖမ်းဆီးခဲ့သည့်သတင်းများကို မြင်တွေ့ရပါသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြရင်း အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အမှတ်ရအောက်မေ့ဘွယ် အထိမ်းအမှတ်တခု သံရုံးဝင်းအတွင်း ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ အမြဲတမ်း ပါဝင်လေ့ရှိတဲ့ ဦးဇင်ဝိုင်းကို အာဏာသိမ်းစစ်ကောင်စီက မကြာသေးခင် အချိန်ပိုင်းအတွင်းကပဲ အိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်စစ်ဆေးရေးဂိတ်နားမှာ ဧပြီ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရဲတပ်သား တဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မုံရွာဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ အင်အားသုံး နှိမ်နှင်းနေတဲ့အပေါ် ကုလသမဂ္ဂအဖွဲ့အစည်းအတွေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက် တွေမြင့်တက်လာနေပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်စွဲထားတဲ့ မြောက်အန္တလန်တိန်စာချုပ် NATO တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ဖို့ အချိန်ရောက်လာပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့၊ ဒီနေ့ COVID-19 ကူးစက်သူ နောက်ထပ် ၁,၃၃၅ ယောက်အထိရှိခဲ့ပြီး ဒါက ကိုဗစ်ကူးစက်မှု အစကတည်းကဆိုရင် ထိုင်းမှာ တရက်အတွင်းကူးစက်မှု အများဆုံး ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ အငြင်းပွားနေတဲ့ သန္တာကျောက်တန်းတွေဝိုက်မှာ တရုတ်နိုင်ငံ သင်္ဘောတွေဆက်ပြီး တရားမဝင်ရှိနေတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံအနေနဲ တရုတ်သံအမတ်ကြီးနဲ့ တေ့တေ့ဆိုင်ဆိုင် ရှင်းလင်းခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်