ယူကရိန်း နယ်စပ်မှာ ရုရှားဘက်က ရုတ်တရက် စစ်အင်းအား တိုးမြှင့်ချထားနေပြီး ယူကရိန်းရဲ့ Crimea ဒေသကိုလည်း သိမ်းပိုက်ထားတဲ့ အပေါ်မှာ စိုးရိမ်နေကြောင်း အမေရိကန် သမ္မတ Joe Biden က ရုရှား သမ္မတ Vladimir Putin ကို အင်္ဂါနေ့က တယ်လီဖုန်းဆက် ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ တိုက်ခိုက်ခံခဲ့ရတဲ့ နှစ် ၂၀ ပြည့်မယ့် စက်တင်ဘာလ ၁၁ နောက်ဆုံးထားပြီး အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေအားလုံးကို ရုပ်သိမ်းမယ့်အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ တစ်နေ့တည်း ကိုဗစ်ကူးစက်မှုစံချိန်ချိုး အများဆုံးဖြစ်သွားပြီးတော့ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဒုတိယနေရာကို ရောက်ရှိသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာရောက်ရှိနေပြီး ဥရောပနဲ့ NATO မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ မဟာမိတ်တွေနဲ့ အကြောင်းရပ်မျိုးစုံကို ဆွေးနွေးနေပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လိင်ပိုင်းအကြမ်းဖက်လုပ်ရပ် ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Gutterres က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို ဖိနှိပ်သတ်ဖြတ်နေတာ ရပ်တန့်စေဖို့ နိုင်ငံတွေအနေနဲ့ ခိုင်မာပြီး ထိရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေ ချက်ခြင်း ချမှတ်လုပ်ဆောင်ကြဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်ကို S&P အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ထုတ်ပစ်တော့မယ်လို့ S&P Dow Jones Indices ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ်။
တိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုံထဲကို တနင်္လာနေ့က တရုတ် ဂျက်လေယာဉ် ၂၅ စင်း ကျူးကျော် ဝင်ရောက်ပျံသန်းခဲ့တယ်လို့ တိုင်ဝမ်အစိုးရက ပြောပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ Salami ၊ အီရန်တပ်မှူးတွေ နဲ့ အီရန်ရဲချုပ်တွေ အပါအဝင် ၈ ဦး အပေါ် အီးယူ ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်လိုက်ပါတယ်။ သူတို့ဟာ အီရန်မှာ ၂၀၁၉ တုန်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြမှုတွေကို ချေမှုန်းရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့သူတွေ ဖြစ်တာကြောင့် အခုလို အရေးယူတာ ဖြစ်ကြောင်း အီးယူကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသမှာရှိတဲ့ Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသားလူငယ်တဦးကို ရဲက သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နောက် အာဏာပိုင်တွေက တနင်္လာနေ့ ညအတွက် ကာဖျူး အမိန့် ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာသိမ်းခံရ ကာလအတွင်း ဒီကနေ့ စတင်မယ့် နှစ်သစ်ကူး သင်္ကြန်အခါသမယကို ပုံမှန်မကျင်းပနိုင်ပါဘူး။ အာဏာသိမ်းထားတဲ့ စစ်တပ်ကလည်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို နှိမ်နင်းနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲ ဖြစ်နေတာပါ။
ဒီနှစ်အစပိုင်းမှာ COVID 19 ရောဂါဖြစ်ပွါးမှု ကျဆင်းနေရာကနေ အခုဒီရောဂါကူးစက်မှု သီတင်း ၇ ပတ် ဆက်တိုက်တိုးလာနေသလို ဒီရောဂါကြောင့် သေဆုံးမှုတိုးနေတာကလည်း သီတင်းပတ် ၄ ပတ်ရှိနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ က တနင်္လာနေ့ ဂျနီဗာကုလသမဂ္ဂ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဒီရက်ပိုင်း အကြမ်းဖက် သတ်ဖြတ်မှု သတင်းတွေဟာ စက်ဆုပ်ဖွယ်ရာ တုန်လှုပ်ဖွယ်ရာ ဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်သွားရေး အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဖိအားပေးဆောင်ရွက်ကြဖို့ ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတဲ့ အကြောင်း ပြောခွင့်ရ Dujarric က ပြောပါတယ်။
အခြားနိုင်ငံတွေမှာ ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို သူ့နိုင်ငံထဲသုံးဖို့ တရုတ်က စဉ်းစားနေကြောင်း ၊ အခြားနိုင်ငံရဲ့ကိုဗစ်ကာကွယ်ဆေးထုတ် နည်းလမ်းနဲ့ တရုတ်ပြည်တွင်းထုတ် ကာကွယ်ဆေး နည်းပေါင်းပြီး တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အာနိသင်ပိုကောင်းလာစေဖို့ လိုလားကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက မြန်မာစစ်တပ်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခြင်း မလုပ်သလဲ ဆိုတဲ့အပေါ် ဝေဖန်သူတွေက မေးခွန်းထုတ်နေကြပေမယ့် ပိတ်ဆို့အရေးယူတဲ့နည်းနဲ့ မြန်မာနိုင်ငံ ပဋိပက္ခကို ဖြေရှင်းလို့မရနိုင်ဘူးလို့ အိန္ဒိယအစိုးရက ယုံကြည်နေကြောင်း သုတေသီတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တညီတညွတ်တည်း တုံ့ပြန်မှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ဟန့်တားနေတယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က တနင်္ဂနွေနေ့က ပြောပါတယ်။
အင်တာနက် ဆက်သွယ်မှုတွေကို ပိတ်ပင်သလို သတင်းစီးဆင်းမှုကိုလည်း ကန့်သတ်ချုပ်ချယ်နေတဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာလူငယ်တချို့က မြေအောက်သတင်းလွှာတွေကို ထုတ်ပြန်ပြီး လူထုအကြား စတင်ဖြန့်ဖြူးပေးနေပါတယ်။
ပဲခူးမြို့နဲ့ မြန်မာနိုင်ငံတဝန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဘက်တိုက်ခိုက်ရေးမှာသုံးတဲ့ လက်နက်တွေသုံးပြီး အရပ်သားတွေအပေါ် နှိမ်နင်းခဲ့တယ်ဆိုတဲ့သတင်းတွေ ကြားသိရပြီး အကျိုးဆက်အနေနဲ့ လူတွေ အဓိပ္ပါယ်မဲ့ အသက်ဆုံးရှုံးရတဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ COVID-19 ဒုတိယလှိုင်းမှာ ဒီကနေ့ ဧပြီလ ၁၁ ရက်တနေ့တည်း ကူးစက်မှု အတည်ပြုလူနာ ၁၅၂,၈၇၉ ယောက်နဲ့ စံချိန်ကျိုးသွားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၁ ဦး ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်