မြန်မာဗိုလ်လောင်းတချို့ စနေနေ့က အိန္ဒိယ စစ်တက္ကသိုလ်ကနေ သင်တန်းဆင်းပါတယ်။
ကမ္ဘာကြီးပူနွေးလာပြီး ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်တွေနဲ့ ကြုံမယ့်အရေး ရှောင်ရှားနိုင်အောင် နိုင်ငံအသီးသီးအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်ကြဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူ ၃ သိန်းလောက် ရှိလာချိန်မှာပဲ အစိုးရက သောကြာနေ့ညဘက်မှာ ကာကွယ်ဆေးကို အရေးပေါ်အခြေနေသုံးစွဲခွင့် ချပေးလိုက်တဲ့အတွက် တနင်္လာနေ့ အစောပိုင်းလောက်မှာ အမေရိကန်နိုင်ငံတွင်းက ပြည်နယ်တွေမှာ ကာကွယ်ဆေးတွေ ရတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၅၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင် ၃ ဦးကို ရွေးချယ်လိုက်တဲ့အကြောင်း ပါတီပြောခွင့်ရတဦးဖြစ်သူ ဒေါက်တာမျိုးညွန့်က ဒီကနေ့ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြည်နယ် ၄ ခုက မဲရလဒ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ကြေညာပေးဖို့ တက္ကဆက်စ်ပြည်နယ်က လျှောက်ထားတာကို တရားရုံးချုပ်က သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။
သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ‘အမေရိကန်ဒေါ်လာ ၂ သန်း’ ပေးဖို့ မြန်မာအစိုးရကို ရိုဟင်ဂျာအမျိုးသမီးတဦးက တောင်းဆိုလိုက်ပါတယ်။
Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။
COVID -19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး တပြိုင်နက်ထဲမှာပဲ ရရှိမှာ ဖြစ်ကြောင်း အီးယူ အလှည့်ကျ ဥက္ကဌ ဂျာမဏီနိုင်ငံရဲ့ ဝန်ကြီးချုပ် Angela Merkel က Brussels ထိပ်သီးအစည်းဝေးအပြီး သောကြာနေ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) ဥက္ကဌဟောင်း ဦးတင်အောင်ကို ဒီဇင်ဘာ ၁၁ ရက်၊ သောကြာနေ့က ဖို့ဒ်ဝိန်းမြို့မှာဘဲ မြေမြုပ်သင်္ဂြ ိုလ်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကောင်းမွန်တဲ့ တရုတ်-အမေရိကန်ဆက်ဆံရေး ပြည်တည်ဆောက်ဖို့၊ နိုင်ငံခြားရေးရာဆွေးနွေးပွဲကြီးတစ်ခုမှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က ထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ်အခြေနေအတွက် အသုံးပြုခွင့် သောကြာနေ့မှာ အတည်ပြုပေးဖို့ သမ္မတအိမ်ဖြူ ဝန်ထမ်းအကြီးအကဲ Mark Meadows က အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး ဆိုင်ရာ ဌာန FDA ကို ဖိအားပေးနေပါတယ်။
မြန်မာနိုင်ငံမှာ ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့သိုလှောင်ရုံတခု တည်ဆောက်ဖို့ ကိုရီးယား သဘောၤတည်ဆောက်ရေးနဲ့ ကမ်းလွန်အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ သဘောတူချက်တစ်ခု ရလိုက်ပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ထိန်းချုပ်ရေး အားအနည်းဆုံးဖြစ်နေတဲ့ ရန်ကုန်မှာမှာ မထိန်းချုပ်နိုင်သေးတာက စီးပွားရေးအတွက်ပါ အရေးပါတယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာနဲ့ အိန္ဒိယအကြား မူးယစ်ဆေးဝါးမှောင်ခိုကူးမူတွေကို ထိန်းချုပ်နိုင်ရေးနဲ့ ထောက်လှမ်းရေးသတင်းတွေ အပြန်အလှန်မျှဝေကြဖို့ တို့အတွက် သဘောတူလိုက်ပါတယ်။
COVID- 19 ကပ်ရောဂါဒဏ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ အဆင်မပြေမှုတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးအတွက် အသစ်တဖန်ပြောင်းလဲမှုတွေ စတင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပန်ကြားလိုက်ပါတယ်။
နာမည်ကြီး Time မဂ္ဂဇင်းကြီးက “2020 Person of the Year ” ၂၀၂၀ အတွက် အလွှမ်းမိုးနိုင်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ် အဖြစ် အမေရိကန်နိုင်ငံရဲ့ အရွေးကောက်ခံသမ္မတ Joe Biden နဲ့ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ကိုပူးတွဲ ရွေးချယ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့တဲ့အပေါ် သီးခြားလွတ်လပ်တဲ့ ဆန်းစစ်မှုတွေလုပ်ပြီး ဒီလူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက Pfizer ကုမ္ပဏီက ကာကွယ်ဆေး ၁၂.၈ သန်းကို ဝယ်ဖို့ သဘောတူထားပြီး အဲဒီထဲက ကာကွယ်ဆေး ၁,၀၀၀,၀၀၀ ကို ပထမအသုတ်အနေနဲ့ရှေ့နှစ် ပထမ ၃ လ ပတ်မှာ Pfizer ကုမ္ပဏီက ပို့သွားမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်