မြောက်ကိုရီးယားနိုင်ငံက သူ့နိုင်ငံသားတွေအပေါ် လူ့အခွင့်အရေးဖောက်ဖျက် ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ သောကြာနေ့မှာကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးကြဖို့ရှိပါတယ်။
ကမ္ဘာပေါ်က လူ သန်းပေါင်းများစွာ အငတ်ဘေးကြုံရမယ့် အန္တရာယ် ကျရောက်နေတဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲက သတိပေးပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ စင်္ကာပူနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူချက်တစ်ခုကို မနေ့က လက်မှတ်ထိုးလိုက်ပါပြီ။
အာဖရိကတိုက် မြောက်ပိုင်းက အာရပ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မော်ရိုကို နိုင်ငံက အစ္စရေးလ်နဲ့ ပုံမှန် ဆက်ဆံရေးလုပ်ခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားတဲ့ကျွန်းကိုပို့နေရာမှာ၊ အန္တရာယ်ကင်းမကင်း လေ့လာဆန်းစစ်မူတွေလုပ်ဖို့ ခွင့်ပြုပေး သင့်တယ်လို့ ကုလသမဂ္ဂလူအခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာလည်း ပိုးတွေ့သူစများလာတာကြောင့် အများဆုံးဖြစ်တဲ့ ကလေးမြို့နယ်နဲ့၊ နောက် စစ်ကိုင်းနဲ့ ရွေဘိုမြို့နယ်တွေမှာပါ တာဝန်အရ မဖြစ်မနေ အပြင်ထွက်ရတာမျိုးနဲ့ အရေးပေါ် အခြေအနေတွေကလွဲလို့ အိမ်မှာနေကြဖို့ ပထမဆုံးအကြိမ်အဖြစ် သွားလာမှု ကန့်သတ်မှုကို ထုတ်ပြန်လိုက်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံကြီးတွေက COVID 19 ကာကွယ်ဆေးကို ဝယ်ယူဖို့ အဆင့်သင့် စောင့်ဆိုင်းနေချိန်မှာ ကိုယ့်နိုင်ငံဦးစားပေး ကာကွယ်ဆေး ရရှိရေးဝါဒ Vaccines nationalism ကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူချုပ် Antonio Guterres က ပြောပါတယ်။
ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရ WFP ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အကြီးအကဲအနေနဲ့၊ ဒီနိုဘယ်ဆုလက်ခံမိန့်ခွန်းပြောရာမှာ၊ ကိုဗစ်ကာလ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၂၇၀ အထိ၊ ငတ်ပြတ်မူချောက်ထဲကျဖို့ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာတေ့ အမျိုးသမီးသတင်းထောက်တစ်ဦးနဲ့ သူ့ကားမောင်းသူတဦး ပစ်သတ်ခံခဲ့ရပါတယ်။
ကြာသပတေးနေ့က စပြီး ၂ ရက်ကြာ ကျင်းပနေတဲ့ EUဥရောပ သမဂ္ဂ အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ အဖွဲ့ဝင် နိုင်ငံက ခေါင်းဆောင်တွေအကြား ပိုလန်နဲ့ ဟန်ဂေရီတို့က ကန့်ကွက်နေတဲ့ ဘတ်ဂျက် သဘောတူညီမှုကို ရရှိလုနီးနေပြီ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး စင်တာ ပူးတွဲတည်ထောင်သူ ဦးလှမောင်ရွှေ၊ Salween Institute က စောကပိနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုအလုပ်အမှုဆောင် မိဆူးပွင့်တို့နဲ့အတူ Channel FFE မီဒီယာ အဖွဲ့က အယ်ဒီတာ ကိုမှူးသစ်က စီစဉ်တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့က စီမံကိန်းကြီးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်အပါအဝင် လူ ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာဒုက္ခသည် ၁,၆၄၂ ယောက်ကို Bhasan Char ကျွန်းပို့တာနဲ့ နောက်ထပ်ပို့ဖို့ စီစဉ်နေတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁,၀၄,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၃၂၁ ယောက်ရှိတာကြောင့် အတည်ပြုလူနာ စုစုပေါင်း ၁၀၄,၄၈၇ ယောက်ဖြစ်ပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ ၇ ကြိမ်မြောက် အစည်းအဝေး (ADMM+) ကို ဒီနေ့မှာ အင်တာနက် အွန်လိုင်းကနေတဆင့် ကျင်းပခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ တနေ့ထဲ ၃,၀၀၀ ကျော်နဲ့ ဗုဒ္ဓဟူးနေ့က စံချိန်တင်ထားချိန်မှာပဲ Pfizer BioNTech ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်ပြုသင့်၊ မသင့်ကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးထိန်းချုပ်ရေးဌာန FDA ရဲ့ အထူးအဖွဲ့က ဒီနေ့ကြာသပတေးနေ့မှာ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
အီရန်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တ အီရန် နျူးကလီးယားဆိုင်ရာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အဝ ပြန်လည် လိုက်နာဖို့ အသင့်ပဲလို့ အီရန် သမ္မတ Hassan Rouhani က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာနိုင်တယ်လို့သတိပေးချက်တွေရှိနေပေမယ့် သန်းပေါင်းများစွာသော အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ဗုဒ္ဓဟူးနေမှာကျင်းပတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပါတယ်။
ကိုဗစ် ကပ်ရောဂါလွန် ကာလမှာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့် အရေးနေ့ မတိုင်ခင် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်