မြန်မာနိုင်ငံမှာ ဒီကနေ့ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိကူးစက်သူပေါင်းက ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၃၄၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။