ဟောင်ကောင်ကို တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်တဲ့အထဲ ပါဝင်ခဲ့သူ တရုတ် အစိုးရအဆင့်မြင့် အရာရှိ ၁၄ဦးကို အမေရိကန်ပြည်ထောင်စု က တနင်္လာနေ့က ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။
ဗြိတိန် နိုင်ငံမှာ အင်္ဂါနေ့ကစလို့ နိုင်ငံတဝန်းကို ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စပြီး ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ကျန်းမာရေး ဝန်ကြီး Matt Hancock ကတော့ အင်္ဂါနေ့ဟာ အောင်ပွဲနေ့လို့ တနလာၤနေ့မှာ ပြောဆိုသွားပါတယ်။
ကျန်းမာရေးစနစ် အထူး ကောင်းမွန်တဲ့ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာဟာ ထိတ်လန့်စရာ ကောင်းလှတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၀၀,၀၀၀ ကျော်သွားပါပြီ။ ဒီနေ့ ဒီဇင်ဘာလ ၇ ရက်အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၇၆ ယောက်ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၁၀၀,၄၃၁ ယောက်ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းမှာ ဒေသခံ ၂၃ သန်းလောက်အပေါ်အကျုံးဝင်တဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်က တင်းကြပ်တဲ့ ကန်သတ်ချက်တွေကို တနင်္ဂနွေနေ့ညက စလို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အငြင်းပွါးနေတဲ့ ကိစ္စမျိုးစုံရှိနေပေမဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပြီး တိုးတက်လာအောင် ပူးပေါင်းကြိုးပမ်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတိုက်တွန်းလိုက်ပါတယ်။
နိုင်ငံရဲ့ အဓိကပြဿနာကြီးဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကို တုံ့ပြန်တိုက်ဖျက်ရေးနဲ့ တန်ဖိုးနည်းကျန်းမာရေး အာမခံစနစ် Affordable Care Act ကိုကာကွယ်ရေးစတဲ့ တာဝန်တွေကို ကျန်းမာရေးဝန်ကြီးသစ် ကိုင်တွယ်ရမှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို နက်ဖြန် အင်္ဂါနေ့မှာ စတင်ထိုးနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ Pfizer နဲ့ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးတွေ နိုင်ငံတဝန်းက ဆေးရုံတွေဆီ တနင်္ဂနွေနေ့ထဲက စတင်ရောက်ရှိလာနေပါတယ်။
ဂျော်ဂျီယာပြည်နယ်အတွင်း ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောကြားချက်တွေကို ပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပယ်ချလိုက်ပြီး ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရရှိကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် အလုပ်သမားတွေ နေထိုင်ရတဲ့ အိပ်ခန်းဆောင်တွေကို အစိုးရက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အလုပ်ရှင်တွေက လုပ်ဆောင်ပေးထားခြင်း ရှိမရှိဆိုတာ အမြန်စစ်ဆေးဖို့ မလေးရှားကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။
တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းနေသူတွေကို တရုတ်အစိုးရက အမည်မည်းစာရင်း ပြုစုနေပါတယ်။
အင်ဒိုနီရှားနိုင်ငံကို တရုတ်လုပ် COVID-19 ကာကွယ်ဆေး ၁.၂ သန်း တနင်္ဂနွေညနေပိုင်းမှာ ရောက်ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကြေညာပါတယ်။
ဒီလနှောင်းပိုင်းမှာ နိုင်ငံအတွင်း ကာကွယ်ဆေးတွေ ရနိုင်မှာဖြစ်ပေမယ့် အမေရိကန်ပြည်သူတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဘေးရန်ကနေ ကင်းဝေးဖို့ အကာအကွယ် အစီအမံတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူဦးရေဟာ ၉၉,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးတော့ မြင့်တက်နေပြီး ဆောင်းရာသီ ခရစ္စမတ်ပွဲတော် အားလပ်ရက်ကို ရောက်ရှိလာနေတာနဲ့အမျှ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေ စုဝေးကြဖို့ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေလည်း ပိုပြီးတော့ တိုးလာဖို့ ရှိနေပါတယ်။
သမ္မတ Donald Trump က အရေးပါတဲ့ အမေရိကန် အရှေ့တာင်ပိုင်းက ဂျော်ဂျီယာပြည်နယ်ကို သွားရောက်ပြီး အထက်လွှတ်တော်အမတ် နေရာအတွက် ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၂ ဦးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ရုန်းကန်နေရတာကြောင့် မြို့တော် ဆိုးလ်နဲ့ အနီးနားတဝိုက်မှာ လာမယ့်အင်္ဂါနေ့ကစပြီး တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်သွားမယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အာကာသအရေး တက်ကြွနေသူတွေ ဂျပန်အာကာသယာဉ်တခုကနေ အစိတ်အပိုင်းတခုကို အောင်မြင်စွာ ခွဲထုတ်နိုင်ပြီး ကမ္ဘာမြေပြင်ပေါ် ပြန်လွှတ်လိုက်တာကို အားပါးတရ သြဘာပေး ပျော်မြူးခဲ့ကြပါတယ်။
Al-Qaida နဲ့ ချိတ်ဆက်တဲ့ အကြမ်းဖက်ဝါဒစွဲအဖွဲ့ al-Shabab ရဲ့ ခြိမ်းခြောက်မှုကို အမြစ်ဖြုတ် ချေမှုန်းနိုင်ခြင်း မရှိသေးဘူးလို့ စစ်တပ် တပ်မှူးတွေက ပြောဆိုနေပေမယ့်လည်း al-Shabab အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေးအတွက် ဆိုမာလီယာမှာ တပ်ချထားတဲ့ ရာနဲ့ချီတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းနေပါတယ်။
ထိုင်းနိုင်ငံမှာ ကွယ်လွန်သူဘုရင်ကြီး မွေးနေ့ပွဲကို ဆင်နွှဲနေရာမှာ လွတ်ငြိမ်းချမ်းသားခွင့်တွေ ပေးခဲ့ပြီး ဘုရင်စနစ်ကို ထောက်ခံသူတွေ သောင်းနဲ့ချီ မနေ့က ချီတက်ဆုတောင်းခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်