အိန္ဒိယမှာ ဆန္ဒပြလယ်သမားတွေနဲ့ အစိုးရအကြား ညှိနှိုင်းဆွေးနွေးပွဲတွေ ထပ်ပျက်သွားခဲ့ပြန်ပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးကိစ္စတွေကို ဥရောပသမဂ္ဂနဲ့ ဗြိတိန်ကြား တနင်္ဂနွေနေ့မှာ ဆွေးနွေးပွဲပြန်စမယ့်အကြောင်း ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဥရောပကော်မရှင်က ပြောဆိုလိုက်ပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချသလို သမ္မတ Emmanuel Macron ရဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အစီအစဉ်တွေဟာ ပြည်သူ့လွတ်လပ်ခွင့်ကို အကန့်အသတ် ဖြစ်စေနိုင်တယ်ဆိုပြီး စနေနေ့က ပါရီမြို့တော်မှာ လူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ လာမယ့် ဇန်နဝါရီလထဲ တကျော့ပြန်ကျင်းပမယ့် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂ ဦးနဲ့အတူ စည်းရုံးရေးဆင်းဖို့ သမ္မတ Donald Trump စနေနေ့မှာ သွားရောက်ပါတယ်။
ကမ္ဘာတဝန်းမှာ စနေနေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆၆ သန်းနီးပါးကို ရောက်ရှိခဲ့ပြီး ဒီကူးစက်ခံရသူတွေထဲက အနည်းဆုံး ၄၂ သန်းလောက် ပြန်လည် ကျန်းမာလာပြီလို့ သုံးသပ်ထားပါတယ်။
ကိုဗစ်ရောဂါ ဆက်အဖြစ်များနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကာကွယ်ဆေး မြန်မာနိုင်ငံကို အမြန်ဆုံးရောက်အောင် အစွမ်းကုန် ကြိုးစားနေပေမယ့် အချိန်တိုတွင်း လုံလောက်တဲ့ ခုခံနိုင်မှုရဖို့ ခက်နိုင်တာမို့ ကာကွယ်ရေးတွေ ဆက်လုပ်ကြဖို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျော်ဂျီယာပြည်နယ်က သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့အတွက် အဲဒီပြည်နယ်တရားရုံးမှာ သောကြာနေ့က လျှောက်ထားလိုက်တယ်လို့ Donald Trump ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ Sputnik V COVID-19 ရောဂါကာကွယ်ဆေးတွေကို ဆေးခန်းပေါင်း ၇၀ ကနေ ဒီကနေ့စပြီး အခမဲ့ ထိုးနှံပေးနေပါပြီ။
အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ဗိုင်းရပ်စ်ကူးစက်မှုတွေကို မပြန့်ပွားရအောင် သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လူဦးရေလျှော့ပြီး ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
၂၀၅၀ ခုနှစ်မှာ ကာဘွန်ဓါတ်ငွေ့ ကင်းစင်တဲ့အခြေအနေရောက်နိုင်ရေးအတွက် ဒေါ်လာ ၁၉ ဘီလီယံကျော် ရင်းနှီးမြုပ်နှံသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ပြောကြားလိုက်ပါတယ်။
ထွက်ပေါ်လာနေပြီဖြစ်တဲ့ COVID-19 ကာကွယ်ဆေးနဲ့ အတူ နိုင်ငံတွေအနေနဲ့ နောက်လာမယ့် ကပ်ရောဂါ အတွက် စတင် ရင်းနှီးမြှုပ်နှံဖို့ နဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို Bhasan Char ကျွန်းကိုပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တခြား နိုင်ငံအသိုင်းဝိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီးမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
သမိုင်းစဉ်တလျှောက်လုံး သူ့နိုင်ငံထဲ အာဖဂန်နစ္စတန်ဘက်က ဝင်ရောက်လာနေမှုတွေကို ဟန့်တားတဲ့အနေနဲ့ ကီလိုမီတာ ၂,၆၀၀ ဝန်းကျင် ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လာမယ့် ၂ လအတွင်းပြီးအောင် ခြံစည်းရိုးကာသွားမယ်လို့ ပါကစ္စတန် စစ်တပ်က ပြောကြားလိုက်ပါတယ်။
ဂျိုးဘိုင်ဒန်က သူ့အနေနဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးဆိုတာနဲ့ အရင်ဆုံးလုပ်မှာက အမေရိကန်ပြည်သူတွေအနေနဲ့ ရက်ပေါင်း ၁၀၀ ကြာအောင် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ကို တောင်းဆိုမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူ တစ်သိန်းနီးပါးရှိလာတာမို့ လူစုလူဝေးကြောင့်၊ ပျံ့နှံမူတက်လာတာမျိုးမဖြစ်ရအောင်၊ ကာကွယ်ရေး အစွမ်းကုန်လုပ်ကြဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၀၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၁ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထူးခြားတဲ့ ဂီတတေးသီချင်းတွေကို ဖန်တီးနိုင်ဖို့နဲ့ လူတွေအနေနဲ့ အတူတကွပေါင်းစည်းနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပိုင်းခြားထားတဲ့ အတားအဆီးတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ နမူနာအဖြစ်နဲ့ သာဓကပြနိုင်ဖို့ မျှော်လင့်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါအရေးနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးတရပ်ကို ကုလသမဂ္ဂမှာ ကြာသပတေးနေ့က စတင်ကျင်းပါနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ညီလာခံဥက္ကဋ္ဌက အစည်းအဝေးဖွင့်ပွဲမှာ တိုက်တွန်းသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းကို ဒီနေ့ စတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အဲဒီကျွန်းကို ပို့မယ်အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီနေ့မှာ စတင်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်