တောင်ကိုရီးယားမှာ ဒီနှစ်အစောပိုင်းကတည်းက ကပ်ရောဂါကိုအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကန့်သတ်ချက်တွေဖြေလေ ျှာ့ပေးလိုက်တဲ့ အောက်တိုလာလနောက်ပိုင်း ပိုးကူးစက်မှုပြန်တိုးလာတာဖြစ်ပါတယ်။
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်းတချို့ ~~~~ Bhasan Char ကြှနျးသို့ ရိုဟငျဂြာဒုက်ခသညျမြား ပွောငျးရှှေ့သည့ျ မွငျကှငျးတခြို့
စနေနေ့ ထုတ်လွှင့်မယ့် ရွေးကောက်ပွဲ အလွန် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ဆွေးနွေးပွဲမှာ ရခိုင်အမျိုးသား ပါတီက ဦးဦးလှစော၊ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပညာရှင် ဒေါ်မီမီဝင်းဘတ်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် တို့ နဲ့အတူ Channel FFE မီဒီယာ အဖွဲ့က အယ်ဒီတာ ကိုမှူးသစ်က စီစဉ်တင်ဆက်ထားပါတယ်။
ပထမဆုံးအကြိမ် COVID 19 ရောဂါဆိုင်ရာ အထူး ထိပ်သီး ညီလာခံကို ကုလသမဂ္ဂမှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ခေါင်းဆောင်တွေက ဗွီဒီယိုကနေတဆင့် တက်ရောက် အမှာစကား ပြောကြားမယ့် အဲဒီ အထူး ညီလာခံကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ Volkan Bozkir က ကြာသပတေးနေ့က ဖွင့်လှစ်ပေပြီး အဖွင့်အမှာစကား ပြောပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နဲ့ပေါင်းပြီး အသံထက်မြန်တဲ့ မစ်ဆိုင်းဒုံးကျည်ထုတ်လုပ်ဖို့လုပ်နေတာက၊ လက်နက်ချဲ့ထွင်ရေးအတွက် ဆင်ခြေပေးတာပါလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဆိုလိုက်ပါတယ်။
COVID 19 ကာကွယ်ဆေးအပေါ် လူတွေ ယုံကြည်မှု ရှိစေဖို့ သူတို့ကိုယ်တိုင် ကာကွယ်ဆေး အထိုးခံဖို့ အဆင့်သင့် ဖြစ်နေပြီလို့ အမေရိကန် သမ္မတဟောင်းတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ တောင်ပိုင်းပြည်နယ် (၇) ခုမှာ မိုးကြီးပြီး တောင်ကျရေကြီးလာတာကြောင့် အနည်းဆုံး (၅) ဦးထိ သေဆုံးခဲ့ပါတယ်။
အင်တာနက် Facebook ကုမ္ပဏီကြီးက ကိုဗစ်-19 ကာကွယ်ဆေးအကြောင်း သတင်းမှားတွေကို ဖြုတ်ချဖို့ စလုပ်နေပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံက တရုတ် ကွန်မြူနစ် ပါတီ ဝင်တွေအပေါ် ဗီဇာ ကန့်သတ်ချက်တွေ ချမှတ်တာဟာ တရုတ်အပေါ် နိုင်ငံရေး ဖိနှိပ်နေတာတွေကို တိုးမြှင့် လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက တုန့်ပြန် ပြောကြားပါတယ်။
Pfizer-BioNTechဆေးကုမ္ပဏီရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အတည်ပြု သုံးစွဲခွင့် လိုက်တာဟာ ထူးခြားမှုကြီးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဥရောပဒေသဆိုင်ရာ ဒါရိုက်တာက Dr. Hans Kluge က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၄၁၈ ယောက်ရှိတာမို့ စုစုပေါင်း အတည်ပြုလူ ၉၅,၀၁၈ ယောက်ဖြစ်ပါတယ်
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၄၀၀ ကျော်ကို ဘာဆန်ချာကျွန်းကို ပို့ဖို့အတွက် ဘတ်စ်ကား ၁၀ စင်းထက်မနည်းနဲ့ တင်ဆောင်ပြီး စစ်တကောင်းဆိပ်ကမ်းကို ဒီကနေ့မှာ စတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာအရေအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်နေတာနဲ့အတူ ဆောင်းရာသီလတွေမှာ ပိုပြီး အခြေအနေဆိုးလိမ့်မယ်လို့ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအဖွဲ့ CDC အကြီးအကဲက ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်နေချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၁ ယောက် အပါအဝင် သိန်းနဲ့ချီတဲ့ ကျောင်းသားတွေ နှာခေါင်းစည်းတွေတပ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့ကြပါတယ်။
ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိူးဖောက်သူတွေကို ဘာလူမျိုး၊ ဘယ်နေရာမှာပဲ ရောက်နေနေ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမယ့် ဥပဒေသစ်တခုကို EU ဥရောပသဂ္ဂနိုင်ငံတွေ ကနဦး သဘောတူညီလိုက်ကြပါတယ်။
အာဆီယံနိုင်ငံတွေက ပုဂ္ဂလိက စီးပွားလုပ်ငန်းတွေအနေနဲ့ (ASEAN Customs Transit System - ACTS) လို့ခေါ်တဲ့ ထိရောက်တဲ့ အွန်လိုင်း ကြားခံ အကောက်ခွန်းစနစ်ကို အသုံးပြုခွင့် ရကြတော့မှာဖြစ်ကြောင်း အာဆီယံအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
ရုရှား နိုင်ငံမှာ ရှေ့လာမယ့် အပတ်ထဲ COVID 19 ကာကွယ်ဆေး လူအမြောက်အမြားကို ထိုးနှံပေးမယ့် အစီအစဉ်ကို စတင်ဖို့ ရုရှား သမ္မတ Vladimir Putin က ရုရှား အာဏာပိုင်တွေကို ဗုဒ္ဓဟူးနေ့က အမိန်ပေးလိုက်ပါတယ်။
တိဘက်ဒေသမှာ မြစ်ဖျားခံပြီး အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတဲ့ ဗြဟ္မပုတ္တရရဲ့ မြစ်ညာ Yarlung Tsangbo မြစ်ပေါ်မှာ တရုတ်နိုင်ငံက တည်ဆောက်မယ့် ဘယ်လို ဆည်မြောင်းတာတမံ စီမံကိန်းမျိုးမဆို မစတင်ခင်မှာ တခြားတိုင်းပြည်တွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။
နှစ်ရှည်ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန် ပဋိပက္ခအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေ စတင်နိုင်ရေး ငြိမ်းချမ်းရေး မူဘောင်တစ်ရပ်ကိုသဘောတူညီခဲ့ကြပြီလို့ အာဖဂန်ပြိုင်ဖက်အဖွဲ့တွေက ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူး နေ့က ကြေညာလိုက်ပါတယ်။
ဥတုရာသီ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဘေး ဒုက္ခတွေကို ရှောင်လွှဲနိုင်ဖို့ အရေး ကမ္ဘာ့နိုင်ငံတွေ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အဆောတလျင် မေတ္တာ ရပ်ခံလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်