Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အမည်မသိ သေနတ်သမားတွေက ချောင်းမြောင်းပစ်ခတ် လုပ်ကြံဖို့ ကြိုးပမ်းမှုအတွက် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်ပေးဖို့ ပြင်သစ်အခြေစိုက် RSF က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အီသီယိုးပီးယားနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ အီသီယိုးပီးယား အစိုးရနဲ့ သဘောတူညီချက် ရရှိပြီလို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၂ ပတ်ကြာ၊ မဖြစ်မနေ အပြင်ထွက်ရမယ့် လုပ်ငန်းအမျိုးအစားကလွဲလို့ မန္တလေးပြည်သူတွေ နေအိမ်အပြင် မထွက်ကြဖို့ဆိုတဲ့ အမိန့်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၁၁ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၆ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ စတုထ္ထမြောက်ဇနီးဖြစ်သူ ရတနာနတ်မယ် ခေါ် June Rose Bellamy ဟာ အီတလီနိုင်ငံ၊ Florence မြို့မှာ အင်္ဂါနေ့ကကွယ်လွန်သွားကြောင်း သားဖြစ်သူ Michele က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
ထိုင်းအခြေခံဥပဒေမှာ ပါရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဌာန်းချက်ကို ထိုင်းဝန်ကြီးချူပ် Prayuth Chan-ocha က ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်မှာ အပြစ်မရှိဘူးလို့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် သင်္ဘောသားလဲလှယ်ရေးနဲ့ စာချုပ်သက်တမ်းကုန် သင်္ဘောသားတွေကို နေရပ်ရင်းကို ပြန်ပို့နိုင်ရေး ခက်ခဲစေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး DianTriansyah Djani ကတင်ပြပါတယ်။
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အမေရိကန်မှာ COVID-19 ရောဂါကာကွယ်ဆေး အတည်ပြုချက်ရပြီဆိုတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံမှာ နေထိုင်သူတွေကို ဦးစားပေးထားပြီး အရင်ဆုံး ထိုးပေးဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC အကြံပေးကော်မတီက အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်ဆေးကုမ္ပဏီ Pfizer က ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အရေးပေါ် အသုံးပြု၊ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းလောက်မှာ ကာကွယ်ဆေး စထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
ခွင့်ပြုချက် တင်ထားတဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အရေးပေါ် သုံးခွင့်အတည်ပြုလိုက်မယ်ဆိုရင် ဒီဇင်ဘာလ အကုန်မှာ နိုင်ငံသားတွေကို ကာကွယ်ဆေး အပြီးထိုးပေးနိုင်လိမ့်မယ်လို့ ဥရောပသမဂ္ဂက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ထိုင်း စစ်တပ်ပိုင် အိမ်တော်မှာ နေထိုင်တာက ဥပဒေကို ချိုးဖောက်တာ ဖြစ်ကြောင်း ထိုင်း အခြေခံ ဥပဒေ ခုံရုံးက မနက်ဖြန်မှာ ဆုံးဖြတ်မယ်ဆိုရင် အဲဒီ ဆုံးဖြတ်ချက်ကို လက်ခံမှာ ဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha က ပြောပါတယ်။
အမေရိကန် ဒေါ်လာ ၉၀၈ ဘီလီယံကုန်ကျမယ့် ကိုရိုနာဗိုင်းရပ်စ် ကယ်ဆယ်ရေးအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံး အမတ်တွေပါဝင်တဲ့ အဖွဲ့က အင်္ဂါနေ့က အဆိုပြုတင်သွင်းလိုက်ပါတယ်။
COVID-19 ကာကွယ်ဆေး နောက်ဆုံးအတည်ပြုချက်ရပြီဆိုတာနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဘယ်သူတွေကို ဦးစားပေးပြီး ထိုးပေးသင့်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အင်္ဂါနေ့က အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) အကြံပေးကော်မတီဝင်တွေ တွေ့ဆုံခဲ့ကြပါတယ်။
အရင်က အာရှအဆင့်မှာထိပ်တန်းမှာ ရပ်တည်ခဲ့ဖူးတဲ့ရန်ကုန်တက္ကသိုလ်ကို ပြန်လည်အဆင့်မြှင့်တင်နိုင်ဖို့အတွက် ကိုယ်ပိုင်စီမံခန့် ခွဲခွင့်ရတဲ့တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ရာထူးကနေ နှုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ မမှန်မကန် မဲပေးမှု ကြီးကြီးကျယ်ကျယ် ရှိခဲ့တာကို အမေရိကန် တရားရေးဝန်ကြီးဌာန အနေနဲ့ မတွေ့ရသလို ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေလောက်တဲ့ အရာလည်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် William Barr က ပြောပါတယ်။
အမေရိကန်သမိုင်း နှစ်ပေါင်း ၂၃၁ နှစ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးအဖြစ် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း Janet Yellen ကို လျာထားကြောင်း ရွေးကောက်ခံသမ္မတ Joe Biden က အင်္ဂါနေ့မှာ အခုလို တရားဝင်ကြေညာခဲ့ပါတယ်။
COVID 19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံ ၅၆ နိုင်ငံက အကာအကွယ်မဲ့ အကူအညီ လိုအပ်နေသူ လူပေါင်း ၁၆၅ သန်းအတွက် အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၁ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်