COVID-19 ကပ်ရောဂါက ခုခံအား လျော့နည်း ကျဆင်းမှု (AIDS) ကူးစက်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေသလို AIDS ရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေကိုလည်း ထိခိုက်စေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့က ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS Day မှာ“အားလုံးညီညွတ်ပေါင်းစည်းလို့တာဝန်ကိုယ်စီမျှယူစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ မြန်မာနိုင်ငံတွင်းလူတိုင်းကျန်းမာရေးစောင့်ရှောက်မှုရအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ AIDS တိုက်ဖျက်ရေးကုလသမဂ္ဂပူးတွဲအစီအစဉ် UNAIDSက တိုက်တွန်းလိုက်ပါတယ်။
အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်ပြီးဖြစ်နေတာမှာ ဗီယက်နမ်နိုင်ငံမှာ ၃ လကျော်နောက်ပိုင်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ပြန်ပြီးတွေ့တာကြောင့် အာဏာပိုင်တွေက ရောဂါရှိသူနဲ့ ထိတွေ့ကွင်းဆက်တွေကို သေသေချာချာ စစ်ဆေးနေပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ရွေးကောက်ခံဒုသမ္မတ Kamala Harris တို့က အစိုးရသစ်မှာ ခန့်ထားမယ့် ထိပ်တန်း စီးပွါးရေးအရာရှိတွေကို အင်္ဂါနေ့မှာ မိတ်ဆက်ပေးဖို့ရှိပါတယ်။ မစ္စတာ ဘိုင်ဒန်နဲ့ မစ္စ Harris တို့က သူတို့ရွေးချယ်ထားတဲ့ စီးပွါးရေးအရာရှိတွေရဲ့ နာမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့တာပါ။
ကမ္ဘာတဝန်းက လူသားချင်း စာနာမှုအကူအညီ လိုအပ်နေတဲ့ လူသန်းပေါင်း ၁၆၀ အတွက် စံချိန်တင်လိုအပ်တဲ့ ရန်ပုံငွေ ၃၅ ဘီလီယံထိ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက အလှူရှင်နိုင်ငံတွေကို အင်္ဂါနေ့မှာ ပန်ကြားလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံထဲက ဖေ့ဘုတ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေရဲ့ အင်တာနက်စာမျက်နှာတွေဟာ လူ့အခွင့်အရေးကင်းမဲ့ရာ ဇုန်နယ်မြေတွေဖြစ်လာနေပြီလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကအင်္ဂါနေ့မှာ စွပ်စွဲလိုက်ပါတယ်။
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် ခုန်တက်သွားတယ်လို့ အမေရိကန် အခြေစိုက် IFPRI နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ သုတေသနအဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထူးထူးခြားခြား ဆောင်ရွက်နေသူတွေကို ချီးကျူးဂုဏ်ပြုပေးအပ်တဲ့ Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို မြန်မာနိုင်ငံက ကရင် အမျိုးသား Paul Sein Twaဆွတ်ခူး ရရှိခဲ့ပါတယ်။
အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Moderna ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုမှာ ၉၄ % ထိရောက်မှု ရှိတာကို တွေ့ရှိပြီးနောက်မှာတော့ အမေရိကန်နဲ့ ဥရောပမှာ အရေးပေါ် အသုံး အဖြစ် ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေကြောင်း Moderna က တနလာၤနေ့မှာ ပြောဆိုထားပါတယ်။
အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က အသတ်ခံရတဲ့ နျူးကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh ရဲ့ ဈာပန အခမ်းအနားကို တနလာၤနေ့မှာ ပြုလုပ်ပါတယ်။ သူ သတ်ဖြတ်ခံရမှုကြောင့် အီရန် ခေါင်းဆောင်တွေဘက်က လက်စားချေ တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။
ကမ္ဘာတလွှား COVID-19 ဖြစ်ပွားသူ ၆၂ ဒသမ ၇ သန်းရှိပြီး အမေရိကန် ပြည်ထောင်စုမှာ ၁၃ ဒသမ ၃ သန်း ရှိနေတယ်လို့ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စာရင်းတွေက ဖော်ပြပါတယ်။
ဒီနှစ် ခရစ်စမတ်ပွဲအတွက် အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ထုံးထမ်းစဉ်လာအရ ခရစ်စမတ် သစ်ပင်တွေ စိုက်ထူထားပြီး ဖြစ်ပါတယ်။
ထိုင်းဘုရင့်တော်ဝင် မိသားစုကို အသရေ ဖျက်မှုဆိုင်ရာ စွဲချက်တွေကို ကြားနာဖို့ နဲ့ ရဲတပ်ဖွဲ့ဆီကို သတင်းပို့ဖို့ ထိုင်း ဆန္ဒပြပွဲတွေမှာ အဓိကအခန်းက ပါဝင်နေတဲ့ ခေါင်းဆောင် ငါးယောက်က တနင်္လာနေ့က ဘန်ကောက်မြို့က ရဲစခန်းတစ်ခုကို သွားရောက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၉၀,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၂၇ ယောက် ထပ်တွေ့တဲ့အတွက် အတည်ပြုလူနာ စုစုပေါင်း ၉၀,၇၁၃ ယောက်ရှိသွားပါပြီ။
ကမ္ဘာတဝှမ်း COVID-19 အတည်ပြုလူနာ စုစုပေါင်း ဒီနေ့ ၆၂ သန်းကျော်သွားပါပြီ၊ အမေရိကန် John Hopkins တက္ကသိုလ်ရဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ ကမ္ဘာမှာ ကိုဗစ်အတည်ပြုလူနာ ၆၂ သန်းနဲ့ ၇၀၀,၀၀၀ ကျော်ရှိပါတယ်။
ကိုလံဘိုမြို့တော်မြောက်ပိုင်း ကိုးမိုင်ကျော်လောက်ဝေးတဲ့ Mahara အကျဉ်းထောင်ထဲက အကျဉ်းသားတွေကြား ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မြင့်တက်လာနေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဆန္ဒပြကြရာကနေ ထောင်ဆူပူမှု ဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
အာဂျင်တီးနားရဲ့ ကမ္ဘာကျော် ဘောလုံးသမားဟောင်း မာရာဒိုနာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွယ်လွန်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ သူ့ဆရာဝန်တဦးရဲ့ နေအိမ်နဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး ဆေးမှတ်တမ်းတွေကို သိမ်းဆည်းသွားပါတယ်။
ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက လေထိုးထားတဲ့ အဝါရောင် ဘဲရုပ်တွေကို ခေါင်းနဲ့ရွက်ပြီး စစ်တပ် လက်ရွေးစင်တပ်ဖွဲ့ရှိရာကို ချီတက်ပြီး ဘုရင့်အခွင့်အာဏာ ကန့်သတ်ရေး ဆန္ဒပြကြပါတယ်။
အီရန် နျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh လုပ်ကြံခံရတာကို တုံ့ပြန် လက်စားချေမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောပေမယ့်လည်း အီရန်တို့ လတ်တလော လက်တုံ့ပြန်နိုင်ခြေ မရှိဘူးလို့ လေ့လာသုံးသပ်နေကြပါတယ်။
Wisconsin ပြည်နယ်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေကို မနေ့ တနင်္ဂနွေက ပြန်လည်ရေတွက်လို့ အပြီးမှာတော့ ရွေးကောက်ခံသမ္မတ Joe Biden က ၈၇ မဲ အပိုထပ်ဆောင်း အနိုင်ရရှိသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်