အမေရိကန်ပြည်ထောင်စုကို အလုပ်နဲ့ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ ယာယီ ပြည်ဝင်ခွင့်ဗီဇာ ရယူမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့အတွင်း အာမခံထားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးတွေ သိပ်မကြာခင်မှာ ရရှိတော့မှာဖြစ်ပေမယ့် ကာကွယ်ဆေးမရခင် ကြိုတင်ကာကွယ်မှုတွေ ဆက်မလုပ်ဘဲ နေရင်တော့ ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားနိုင်တယ်လို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၀,၀၀၀ နီးပါး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့ အစိုးရရဲ့ ဥပဒေသစ်အပေါ် မကျေနပ်တာကြောင့် ထောင်နဲ့ချီတဲ့ လယ်သမားတွေ နယူးဒေလီမြို့မှာ ဒီနေ့ တနင်္ဂနွေနေ့မှာလည်း ဆက်ပြီး ဆန္ဒပြနေကြပါတယ်။
လက်ဝှေ့လောကကနေ အနားယူခဲ့တဲ့ နာမည်ကျော် အမေရိကန် ဟဲဗီးဝိတ် လက်ဝှေ့သမား Mike Tyson တယောက် ၁၅ နှစ်အကြာမှာ လက်ဝှေ့ကြိုးဝိုင်းထဲကို တခေါက် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
အီသီယိုးပီးယားနိုင်ငံ Tigray ဒေသရဲ့ မြို့တော် Mekelle ကို ပြည်ထောင်စုအစိုးရ တပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ဝန်ကြီးချုပ်နဲ့ စစ်တပ်အကြီးအကဲက စနေနေ့နှောင်းပိုင်းမှာ ပြောဆိုထားပါတယ်။
အီရန်အစိုးရရဲ့ ဖျက်သိမ်းထားတဲ့ စစ်တပ် နျူကလီးယား အစီအစဉ်နဲ့ ဆက်နွှယ်တဲ့ သိပ္ပံပညာရှင် အသတ်ခံရမှုရဲ့ နောက်ကွယ်က စီစဉ်သူတွေကို ပြတ်ပြတ်သားသား ပြစ်ဒဏ်ခတ်ဖို့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ ရဟန်းမင်း အမတ် ၁၃ ပါးကို ထပ်မံခန့်အပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ တိုးလာတာကြောင့် သီတင်းသုံးပတ်ကြာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ ညွှန်ကြားချက်သစ် ထုတ်ပြန်ထားပြီး တနင်္လာနေ့မှာ စတင်သက်ရောက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဝေးလံခေါင်ဖျားဒေသမှာ IS အစ္စလာမ္မစ် စစ်သွေးကြွေ သံသယရှိသူတွေ လက်ချက်နဲ့ လူ ၄ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေအနေနဲ့ မနေ့က ညီညီညာညာ တန်းစီချီတက်ကာ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြောင်းလဲရေး မိန့်ခွန်းတွေ ဟောပြောခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မှာ စနေနေ့က COVID-19 အရေး အသွားအလာ ကန့်သတ်တားမြစ်ချက်တွေနဲ့ ကာကွယ်ဆေးထိုးရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့က လူပေါင်း ၆၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာနေဖို့နဲ့ အသွားအလာ အပါအဝင် ကန့်သတ်ထားတာတွေကို အရင် ဒီလကုန်ကနေ အခု ရှေ့လ ဒီဇင်ဘာလလယ်အထိ ဒီရောဂါထိန်းချုပ်ရေး အစိုးရ ထိပ်ဆုံးကော်မတီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၄၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ပြီးဆုံးသွားတဲ့အခါကျမှ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က ဒီနေ့ စနေနေ့မှာ ပြောလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို အားပေးထောက်ခံနေတယ်ဆိုတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။
အီရန် နျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh သောကြာနေ့က အသတ်ခံခဲ့ရတာဟာ အီရန်အနေနဲ့ သူ့ရဲ့ အဓိကတာဝန်ရှိသူတွေနဲ့ အကြံပေးတွေကို ကာကွယ်ပေးနိုင်မှု အားနည်းနေတာကို အထင်အရှား ပြလိုက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်နေပြီး နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော်တာ အခုဆိုရင် ၃ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လူငယ်တွေဦးဆောင်ခဲ့ပြီး ထောင်ဂဏန်းတွေချီများလာတဲ့ ဆန္ဒပြသူတွေအနေနဲ့ ဘန်ကောက်မြို့က အရေးပါတဲ့လမ်းဆုံလမ်းခွကို အပြည့်နေရာ ယူပြီး ဆန္ဒပြနေကြပါတယ်။
ထိုင်ဝမ်မှာတော့ အမေရိကန်ဝက်သားနဲ့ အမဲသားတင်သွင်းခွင့်ပြုမဲ့ မူဝါဒအပြောင်းအလဲကို ဆန့်ကျင်တဲ့အမတ်တွေနဲ့ ထောက်ခံတဲ့အမတ်တွေအကြား ထိုးကြိတ်တာနဲ့ ဝက်အူတွေနဲ့ပေါက်တာတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်