ထိုင်းနိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်း အပြည့်မရကြတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့ လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၉,၀၀၀ နဲ့ ညီမ ျှတဲ့ ထိုင်းဘတ်ငွေ ၃,၀၀၀,၀၀၀ ကို အလုပ်ရှင်အပါအဝင် Starbucks နဲ့ Walt Disney လို ကုမ္ပဏီကြီးတွေဆီကနေ ရဖို့ရှိပါတယ်။