ပြည်တွင်းလုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်း App တချို့ကို အိန္ဒိယက ပိတ်ပင်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒါဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုဖြစ်ပေါ်စေတဲ့ နောက်ဆုံးအကြောင်းအရာ တခု ဖြစ်လာပါတယ်။
အခြားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အီရန်နိုင်ငံသား (၃)ဦးနဲ့ လဲလှယ်နိုင်ဖို့ အီရန်နိုင်ငံမှာ ဖမ်းထားတဲ့ ဗြိတိန်- သြစတြေးလျား နှစ်နိုင်ငံသူ ပညာရှင် အကျဉ်းသားတဦးကို အီရန်အစိုးရက ပြန်လွှတ်ပေးလိုက်ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာအတွက် ရွေးကောက်ခံသမ္မတ Joe Biden ကို တရုတ်သမ္မတ Xi Jinping က ဗုဒ္ဓဟူးနေ့မှာ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Joe Biden က ကျေးဇူးတော်နေ့ မိန့်ခွန်းတရပ်ကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မ ွန်းလွဲပိုင်းမှာ ပြောကြား သွားပါတယ်။
မာရာဒိုနာဟာ နေအိမ်မှာ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာပြီးခဲ့ဲ့ သီတင်းပတ်တွေကပဲ ဦးနှောက်သွေးခဲလို့ ဆေးရုံတက်ခွဲစိတ်ကုသခဲ့ရပါတယ်။ သူရဲ့ ဦးနှောက် ခွဲစိတ်မှုအောင်မြင်တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး နေအိမ်မှာ အနားယူနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၁,၃၃၀ ယောက် ထပ်တိုးပါတယ်။ သေဆုံးသူကလည်း နောက်ထပ် ၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၂၃ ယောက်က တခြားရောဂါအခံရှိသူတွေ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲ မြင်ကွင်းတချို့။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး ဦးဆောင်ဆန္ဒပြတဲ့ ကျောင်းသားခေါင်းဆောင်တချို့ကို ထိုင်းအာဏာပိုင်တွေက ဥပဒေကြောင်းအရ အရေးယူဖို့ အရှိန်မြှင့်ဆောင်ရွက်နေတာမှာ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ တင်းကြပ်တဲ့ဥပဒေကို ချိုးဖောက်မှုနဲ့ ကျောင်းသားခေါင်းဆောင် ၁၂ ယောက်ကို အရေးယူလိုက်ပါတယ်။
သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ အခြားသူတွေကို ပေးအပ်မှုနဲ့လည်း ဖေ့စ်ဘုတ်ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ လုပ်ကိုင်နေပါတယ်။
Indiana ပြည်နယ်က အကျဉ်းထောင်တခုထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူ ရာဇဝတ်သား Orlando Hall ကို နိုဝင်ဘာ ၁၉ ရက်နေ့က ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်မတက်ခင် အကူးအပြောင်းကာလမှာ ခုလို သုတ်သင်ကွက်မျက်မှုဟာ နှစ်ပေါင်း ၁၃၀ မှာ ပထမဆုံးဖြစ်ပါတယ်။
COVID-19 အတည်ပြုလူနာတွေနဲ့ ထိတေ့ွမိခဲ့သူတွေ သီးခြားခွဲနေရမယ့် သတ်မှတ်ရက်ကို လေ ျှာ့ချဖို့ အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC က စဉ်းစားနေပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ အကြံပြုချက်အရ ၁၄ ရက်သီးခြားခွဲနေဖို့ သတ်မှတ်ထားတာပါ။
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်ခံမယ့် ဌာနေပြန်ရေး ဖြစ်လာဖို့ မြန်မာ အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ A. K. Abdul Momen က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်အကြီးအကဲဟောင်း Janet Yellen ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi တို့ ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ အင်္ဂါနေ့က တွေ့ဆုံပြီး တရုတ်ရဲ့ သြဇာကြီးလာမှုကြောင့် ဒေသတွင်း စိုးရိမ်မှု၊ နှစ်နိုင်ငံ စီးပွားရေး ဆောင်ရွက်ချက်တွေနဲ့ COVID19 ကိစ္စ၊ အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေးခဲ့ကြပါတယ်
Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝှမ်း လူပေါင်း ၅၉ သန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မရှိစေရေး အကာအကွယ်ပေးဖို့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ ကြားကာလ အစီအမံ အမိန့်နဲ့ အညီ မြန်မာ အစိုးရဘက်က ဒုတိယမြောက် အစီရင်ခံစာကို တနလာၤနေ့က တင်သွင်းပါတယ်။ဒီ အစီရင်ခံစာကိုတော့ အများပြည်သူ ကြည့်ရှုနိုင်ရေး အတွက် ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၇၃၁ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AstraZeneca ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက သူတို့ စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေး ထိရောက်မှု ရှိတယ်လို့ တနင်္လာနေ့က ကြေညာလိုက်တာကြောင့် လောလောဆယ် အလားအလာ အကောင်းဆုံး ကာကွယ်ဆေး သုံးမျိုးရှိပြီ ဖြစ်ပါတယ်။
COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken ဟာ ဆယ်စုနှစ်နဲ့ချီ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူ့အခွင့်အရေးကိုထောက်ခံသူအဖြစ် လူသိများပါတယ်။
နောက်ထပ်ကြည့်ရှုရန်