လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၉၇၅ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂,၃၅၁ ယောက်ရှိသွားပြီဖြစ်ပါတယ်။