တရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြုခံထားရသူ Amy Coney Barrett ဟာဗုဒ္ဓဟူးနေ့မှာလည်း အထက် လွှတ်တော် တရားရေး ကော်မတီ ရှေ့မှောက် ကြားနာ စစ်ဆေးပွဲမှာ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အယူအဆ ထပ်ပြီး မေးမြန်းခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နေ့စဉ်ကူးစက်သူအရေအတွက် သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁,၀၀၀ အောက်လျော့သွားပေမဲ့၊ စစ်ဆေးမူအနည်းငယ်နည်းသွားပြီး၊ သေဆုံးမူကတော့ ၄၀ ခန့်အထိရှိခဲ့ပါတယ်။
ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ပါဝင်တဲ့ G-20 အဖွဲ့က ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေ ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီတွေကို မယူ သေးဘဲ နောက်ထပ် ၆ လ ရပ်ဆိုင်းထားဖို့ သဘောတူလိုက်ပါတယ်။
COVID-19 ကာကွယ်ရေးထိုးဆေးတွေကို နိုင်ငံတကာနဲ့တန်းတူ ရရှိလိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂ နဲ့ မြန်မာနိုင်ငံ ၆ ကြိမ်မြောက် လူ့အခွင့်အရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က ဗွီဒီယိုကွန်ဖရင့် ပြုလုပ်ကျင်းပခဲ့ပါတယ်။
ဒီကနေ့ည ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၆၅၆ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၈၈၈ ဦးထပ်တိုးပြီး နောက်ထပ်သေဆုံးသူ ၃၉ ဦးရှိခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဒုသမ္မတဟောင်း Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က သူ့အဆိုအားဖြင့် သမ္မတရွေးကောက်ပွဲ အနိုင်ရရှိရေးမှာ အထူးအရေးပါတဲ့ ခရိုင်တခုမှာ အင်္ဂါနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
COVID-19 ကုသဆေးစမ်းသပ်နေတဲ့ အမေရိကန် အခြေစိုက် ဆေးကုမ္ပဏီ တခုဖြစ်တဲ့ Eli Lilly and Company က စမ်းသပ်မှုတွေကို ယာယီရပ်ဆိုင်းထားကြောင်း အင်္ဂါနေ့ ကကြေညာပါတယ်။ ဆေးနဲ့ ပတ်သက်လို့ လူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် အခုလို ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၃ လကြာ ဖြစ်ပေါ်နေတာကြောင့် အခြေအနေ တင်းမာနေတဲ့ ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ထိုင်းဘုရင် သစ္စာခံတွေ အကြား ဒီကနေ့ ဘန်ကောက်မြို့ပေါ်မှာ အပြိုင် အားပြခဲ့ကြပါတယ်။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့အကြား ဒီဒေသပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာကနေ ၂၅ နှစ်ကျော်ကြာကာလအတွင်း အဆိုးရွားဆုံး ထိပ်တိုက်ပဋိပက္ခနဲ့ ကြုံနေရတာဖြစ်ပြီးတော့ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေအတွက် တဘက်နဲ့ တဘက် အပြန်အလှန် ပြစ်တင်ပြောဆိုနေကြတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ အလုပ်သမား ဥပဒေသစ်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား အင်္ဂါနေ့က အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။
COVID 19 ကာကွယ်ဆေး ဝယ်ယူရရှိရေးနဲ့ ဖြန့်ဖြူးရေး၊ ရောဂါ စမ်းသပ်စစ်ဆေးရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ပေးဖို့ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။
ဥရောပတလွှားကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် နိုင်ငံအစိုးရတွေက ရောဂါထိန်းချုပ်နိုင်ရေး တင်းကြပ် တဲ့ ကန့်သတ်တားမြစ်ချက်တွေကို ပြန်ပြီးချမှတ်ဖို့ လုပ်နေကြပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် အဆိုပြုခံထားရသူ Barrett က တရားရုံးချုပ်မှာ ကြားနာ ဆွေးနွေး လာနိုင် တဲ့ အမှုကြီးတွေအပေါ်ထားရှိတဲ့ သူ့ရဲ့ အယူအဆတွေကို အတိအလင်း ဖြေဆိုပြောကြားခြင်း မရှိဘဲ အမှုတွေကို ဆုံးဖြတ်တဲ့အခါ သူ့ရဲ့ပုဂ္ဂိုလ် ရေးနဲ့ ဘာသာရေး အယူအဆတွေကို လွှမ်းမိုးခံမှာ မဟုတ်ဘူးလို့ပဲ ပြောပါတယ်။
COVID 19 ကပ်ရောဂါကြီးကြောင့် ထိခိုက်နေတဲ့ ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလံထူဖို့ ရုန်းကန်နေချိန်မှာပဲ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ စီးပွားရေး သိသိသာသာ ကျဆင်းလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က အင်္ဂါနေ့က ပြောပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ စနေနေ့ အတွင်း မြန်မာ ကားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု တွေ့ရှိခဲ့ပြီးနောက်မှာ မဲဆောက်က ထိုင်းနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၄,၀၀၀ လောက်ကို ဗိုင်းရပ်စ် စစ်ဆေးပေးဖို့ အတွက် COVID-19 စစ်ဆေးရေး အဖွဲ့သုံးဖွဲ့ကို တနလာၤနေ့က စေလွှတ်ထားပါတယ်။
ဘောလုံး ကစားသမား အကျော်အမော် Cristiano Ronaldo မှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ကူးစက်သူ ၁,၁၂၃ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၃၀,၄၃၇ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၃,၂၅၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁,၁၀၀ ကျော်ထပ်ပြီး အတည်ပြုခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ အနီးကပ်မဟာမိတ် ကမ္ဘောဒီးယားနိုင်ငံနဲ့ အမေရိကန်ကြား မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးတွေတိုးတက်အောင် ဝါရှင်တန်က ကြိုးပမ်းနေချိန်မှာပဲ ကမ္ဘောဒီးယား ရဲဌာနချုပ်မှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က ရုံးခန်းတခုဖွင့်လှစ်တော့မှာပါ။
နောက်ထပ်ကြည့်ရှုရန်