မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ကို ဖြုတ်ချပြီး အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်မယ့် ခိုင်မာတဲ့ အထောက်အထားတွေကို မလေးရှားဘုရင်နဲ့ အင်္ဂါနေ့က တွေ့ဆုံချိန်မှာ တင်ပြခဲ့တယ်လို့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကပြောပါတယ်။
COVID-19 ကာကွယ်ဆေးစမ်းသပ်ခံနေသူတဦး နာမကျန်းဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန် ဆေးကုမ္ပဏီကြီး Johnson & Johnson က သူ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှု နောက်ပိုင်းအဆင့်တွေကို ရပ်တန့်လိုက်ပါတယ်။
ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မိုးသည်းထန်ပြီး ရေကြီးတာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရသလို လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ထိပါး တိုက်ခိုက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီးနောက် တနလာၤနေ့မှာတော့ မုဒိမ်းမှုတွေကို အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် သေဒဏ် အပြစ်ပေးဖို့ အစိုးရက အတည်ပြုလိုက်ပါပြီ။
ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အာရှ ဒေသတွင်း တခြား နိုင်ငံတွေ အတွက် AstraZeneca Plc က စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ် ဖြန့်ချိပေးဖို့ ထိုင်းနိုင်ငံက သဘောတူလိုက်ကြောင်း တနလာၤနေ့မှာဘဲ ဗြိတိန်နဲ့ ထိုင်း အစိုးရတို့ ကြေညာပါတယ်။
COVID-19 ရောဂါ ပြင်းထန်းသူတွေ အတွက် Remdesivir ကုသဆေး ထပ်ပြီး ရအောင် ဆောင်ရွက်သွားဖို့ ရှိသလို လူထုကြားမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ တိုးပြီး စစ်ဆေးနိုင်ဖို့ ကြိုးစားနေကြောင်း အစိုးရက ပြောဆိုထားပါတယ်။
လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီး နေရာမှာ ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အတည်ပြုနိုင်ရေးအတွက် ဝါရှင်တန်မှာ ကြားနာပွဲမှာ စတင်နေပါပြီ။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၁,၃၄၄ ယောက်နဲ့ သေဆုံးလူနာ ၁၃ ဦး ဒီနေ့ ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၈ ယောက်မှာ ရောဂါ အခံရှိသူက ၁၂ ယောက်ဖြစ်ပါတယ်။
ပိုတိုးတက်လာတဲ့ လေလံဈေးကွက်သီအိုရီနဲ့ လေလံဈေးကွက်သစ်ပုံစံတွေကြောင့် ကမ္ဘာတဝန်းက ရောင်းသူ၊ ဝယ်သူနဲ့ ဝင်ငွေခွန်ဆောင်သူတွေ ပိုပြီး အကျိုးရှိစေခဲ့တယ်လို့ Nobel ဆုရွေးချယ်ရေး website ပေါ်မှာ ရေးသားထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သာမာန် မာကြောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်ကြာ အသက်ရှင်နေနိုင်တယ်လို့ သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေကပြောပါတယ်။
ရေခဲခွင်းသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းမှာ ၁ နှစ်ကျော်ကြာသွားလာပြီး လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက အာတိတ်သမုဒ္ဒရာကြီး အရည်ပျော်နေတာကြောင့် ရေခဲတွေကြား နေထိုင်အသက်ရှင်နေတဲ့ သတ္တဝါတွေ သေကြေနေကြသလို ရေခဲလုံးဝမရှိတဲ့ နွေရာသီတွေကာလတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။
အမေရိကန်က ကာတာကို ဘယ် F-35 ဂျက်တိုက်လေယာဉ် ရောင်းချမှုမျိုးကိုမဆို အစ္စရေးလ်က ကန့်ကွက်မှာဖြစ်ကြောင်းနဲ့ ဒေသတွင်းမှာ အစ္စရေးလ်ဟာ စစ်ရေးအရ ဆက်သာနေဖို့ လိုအပ်ကြောင်း အစ္စရေးလ် ထောက်လှမ်းရေးဝန်ကြီး Eli Cohen က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေပြီး ဂျပန်ဘက်က သူတို့ပိုင်တယ်လို့ ပြောထားတဲ့ ကျွန်းတွေအနီးကို တရုတ်ရေယာဉ် ၂ စင်း ဝင်လာတယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
COVID-19 ကူးစက်ခံရတာ တပတ်ကျော်ကြာလာချိန်မှာ အမေရိကန်သမ္မတ Donald Trump က သူဟာ ဘာဆေးမှ ဆက်သောက်စရာ မလိုတော့ဘဲ ကျန်းမာရေးအခြေနေ သိပ်ကောင်းကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
စပိန်နိုင်ငံသား ရာဖဲလ်နဒါးလ်က ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲပြီး စံချိန်သစ် ထပ်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၈ ယောက်ရှိပြီး နေ့စဉ်သေဆုံးမှု အများဆုံး စံချိန်တင်လိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးဖို့ ဂရုမထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်လည်ထုတ်ယူကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ ဖြစ်ပါတယ်။ အခုလို ကမ္ဘာတဝန်းမှာ COVID-19 ကပ်ရောဂါ ကျရောက်နေတာနဲ့ စီးပွားရေး ကျဆင်းမှုတွေ ရှိနေတဲ့နှစ်အတွင်း မိန်းကလေးတွေအတွက် စိန်ခေါ်မှုတွေကို ပိုပြီးတော့ ဖြစ်စေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ ဒီနေ့မှာ ၇ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူ ၇၄,၀၀၀ ကျော်ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကျော့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဥရောပနိုင်ငံတွေမှာ ဒီရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်