ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မုဒိမ်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုတွေအတွက် သေဒဏ်အပြစ်ပေးရေး အစိုးရဘက်က စဉ်းစားသုံးသပ်လာရချိန်မှာပဲ စနေနေ့က လူပေါင်းရာချီ လမ်းပေါ်ထွက်ပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြပါတယ်။
တန်းတူညီမျှမှု အခြေခံပြီး အဓိပ္ပာယ်ရှိရှိ တရုတ်နဲ့ဆွေးနွေးဖို့ ထိုင်ဝမ်က လိုလားကြောင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား Nagorno-Karabakh ဒေသအတွက် စနေနေ့မှာရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှု ရှိနေတယ်လို့ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲနေကြတဲ့အတွက် ရုရှား ကြားဝင်စေ့စပ်ပေးတဲ့ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်လာကြပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီး လေးနက်ခိုင်မာလိုကြောင်း တရုတ်သမ္မတ Xi Jinping က ပြောဆိုတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းက စနေနေ့မှာ ဖော်ပြပါတယ်။
COVID-19 ကူးစက်ခံရချိန်ကစပြီး ပထမဆုံးပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲကို အမေရိကန်သမ္မတ Donald Trump က သမ္မတအိမ်ဖြူတော်မှာ စနေနေ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၁၀၀ ကျော်နဲ့ နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်လိုက်ပါတယ်။
အငြင်းပွားနေတဲ့ Nagorno-Karabakh ဒေသတွင်း အပစ်အခတ်ရပ်စဲထားရေးကို စနေနေ့မွန်းလွဲပိုင်းက စတင်ဖို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ သဘောတူခဲ့ကြပါတယ်။
ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အိမ်ဖြူတော်ရဲ့ တောင်ဘက်မြက်ခင်းပြင်မှာ ဒီနေ့ လူရာပေါင်းများစွာ တက်ရောက်မယ့် အခမ်းအနားတခုကို စီစဉ်ထားပြီး အဲဒီမှာ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြု ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲ ကာလအတွင်း သတင်းသမားတွေကို COVID – 19 ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ သတင်းသမားများ အသင်းချုပ် (IFJ)ကတောင်းဆိုလိုက်ပါတယ်။
ဗွီဒီယို အတိုလေးတွေအွန်လိုင်းကနေရိုက်ကူးဝေမျှနိုင်တဲ့ TikTok app ကို ပါကစ္စတန်နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ မွတ်ဆလင်အများစု နေထိုင်ရာနိုင်ငံထဲ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နိုင်တာနဲ့ မဖွယ်မရာပုံတွေတွေ့မြင်နိုင်တာကြောင့် အခုလို ပိတ်ပင်တာလို့ ပါကစ္စတန် ဆက်သွယ်ရေး အာဏာပိုင် အဖွဲ PTA ကပြောပါတယ်။
Nagorno-Karabakh ဒေသနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား သီတင်း ၂ ပတ် နီးပါး ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု များနေချိန်မှာပဲ ဒီဒေသတွင်း အပစ်အခတ်ချက်ချင်းရပ်စဲဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပန်ကြားလိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် စကားစစ်ထိုးပွဲ ပျက်သွားပြီဖြစ်ကြောင်း Commission on Presidential Debates - သမ္မတလောင်းများ စကားစစ်ထိုးပွဲ ကျင်းပရေး ကော်မရှင်က သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။
ဖိလစ်ပိုင် တောင်ပိုင်း Mindanao ကျွန်းပေါ်က က Marawi မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အသွားအလာ ပိတ်ပင်တဲ့ အမိန့်ကို သမ္မတ Rodrigo Duterte ကထုတ်ပြန် လိုက်တာကြောင့် မွတ်ဆလင်သူပုန်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့နယ်မြေထဲ လုံခြုံရေးပိုမို တင်းကျပ် သွားခဲ့ပါတယ်။
ဇွန်လမှာ အမေရိကန် ကမ္ဘာ့သတင်းမီဒီယာဌာန USAGM ရဲ့ အကြီးအကဲသစ်ဖြစ်လာတဲ့ Michael Pack နဲ့ သူ့အဖွဲ့ဟာ သူအလုပ်စဝင်ချိန်ကစပြီး USAGM ကို အမေရိကန်အစိုးရရဲ့ သတင်းဌာနတခု ဖြစ်လာအောင် ပြုပြင်ပြောင်းလဲဖို့ အပြင်းအထန် လုပ်နေတယ်လို့ ကြာသပတေးနေ့ ဝါရှင်တန်ဒီစီ တရားရုံးမှာ တင်သွင်းတဲ့ စွဲချက် မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်နေ့ ည ထုတ်ပြန်ချက်အရ COVID 19 ရောဂါကူးစက်ခံရသူ အသစ် ၁,၄၆၁ဦး စံချိန်သစ် တင် တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သောကြာနေ့ညနောက်ဆုံးထုတ်ပြန်ချက်အရ ပိုးတွေ့သူသစ် ၁,၄၆၁ စံချိန်သစ်ထပ်တင်ခဲ့ပြီး စုစုပေါင်းပိုးတွေ့သူ ၂၃,၉၀၆ ဦးရှိလာကာ၊ သေဆုံးသူသစ်လည်း ၃၁ ဦး ရှိခဲ့တာကြောင့်၊ စုစုပေါင်းသေဆုံးသူ ၅၆၆ ဦး အထိရှိလာနေပါတယ်။
အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၂၅ အရ၊ သမ္မတကို အုပ်ချုုပ်ရေးတာဝန်တွေကနေ ဖယ်ရှားပြီး၊ သမ္မတရဲ့ အစိုးရအဖွဲ့ ဒါမှမဟုတ် လွှတ်တော်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ကို ခွင့်ပြုတဲ့ ကော်မရှင်တရပ်ဖွဲ့စည်းနိုင်မယ့် ဥပဒေတရပ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi က ကြေငြာပါတယ်။
ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးနဲ့ စားနှပ်ရိက္ခာလုံလောက်မှုရှိစေရေးအတွက်WFPအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်လို့ နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဋ္ဌBerit Reiss-Andersenက နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒီနေ့ ကြေငြာလိုက်လိုက်ပါတယ်။
ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ ကြီးတစ်ခုဖြစ်တဲ့ Maersk ကုမ္ပဏီက မြန်မာစစ်တပ်ပိုင်ဆိပ်ကမ်းတွေမှာကုန်တင် ကုန်ချ ပြုလုပ်တာတွေကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်