တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဌ Mao Zedong ရဲ့ ပျောက်ဆုံးနေတဲ့ လက်ရေးမူ စာလွှာအလိပ်တစ်ခုကို ဟောင်ကောင်မှာ နှစ်ပိုင်း ပြတ်နဲ့ ပြန်လည် ရှာဖွေ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို အကာကွယ်ပေးနိုင်အောင် သမ္မတလောင်း ၂ ဦးရဲ့ စကာစစ်ထိုးပွဲကို အွန်လိုင်းကပဲ ကျင်းပမယ်လို့ ကန် သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲဆိုင်ရာ ကော်မရှင်က ကြေညာခဲ့တဲ့ နောက် သမ္မတ Trump က ရှေ့သီတင်းပတ် စကားစစ်ထိုးပွဲကို သူဝင်မှာ မဟုတ်ဖူးလို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသက Michigan ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးမှူး Gretchen Whitmer ကို နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဖြုတ်ချဖို့ ကြံစည်မှုတခုကို တားဆီးနိုင်ခဲ့တယ်လို့ FBI ပြည်ထောင်စု စုံစမ်းရေး ဗျူရိုက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၂၂၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁,၀၁၂ ယောက်ထပ်မံတွေရှိခဲ့တာကြောင့် အခုဆိုရင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရသူ ၂၂,၄၄၅ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာလ ၈ ရက် ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်တုန်းကတော့ ဒီဆုကိုရွေးချယ်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင်အတော်များများ နုတ်ထွက်ခဲ့တာကြောင့် ဒီဆုကို မပေးဘဲ ဆိုင်းငံထားခဲ့ရပါတယ်။
HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရအနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာပဲ မြန်မာနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲကို EU ဥရောပသမဂ္ဂအကဲခတ်အဖွဲ့က အပြည့်အ၀ စောင့်ကြည့် အကဲခတ်နိုင်မှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒု-သမ္မတလောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့် လက်ရှိအမေရိကန် ဒု-သမ္မတ Mike Pence နဲ့ ဒီမိုကရက်တစ်ပါတီက ကယ်လီဖိုးနီးယားပြည်နယ်အထက်လွှတ်တော်အမတ် Kamala Harris တို့ Utah ပြည်နယ်မှာ မနေ့ညက စကားစစ်ထိုးခဲ့ကြပါတယ်။
Armenia - Azerbaijan နှစ်နိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ တွေကနေ အိမ်နီးချင်းဒေသကို ကူးစက်ပြီး ဒေသဆိုင်ရာ စစ်ပွဲအထိ ဖြစ်လာနိုင်တယ်လို့ အီရန်သမ္မတ Hassan Rouhani က သတိပေးလိုက်ပါတယ်။
အသံထက်မြန်တဲ့ ပဲ့ထိန်းတပ် ခရုစ် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားနိုင်ငံ မြောက်ဘက်ကမ်းလွန်ပင်လယ်ပြင်ထဲကနေ အောင်အောင် မြင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ Vladimir Putin ကလည်း ဒါဟာ နိုင်ငံအတွက် မဟာ ဖြစ်ရပ်ကြီးတစ်ခုလို့ ခေါ်ဆိုလိုက်ပါတယ်။
COVID 19 ကြောင့် ဆင်းရဲနွမ်းပါးလွန်းတဲ့ အခြေအနေထဲကို ရောက်ရှိသွားနိုင်သူ ဦးရေ ကမ္ဘာတစ်ဝှမ်း လူ သန်း ၁၅၀ အထိ ရှိနိုင် တယ်လို့ ကမ္ဘာ့ ဘဏ်က ပြောပါတယ်။
နယ်စပ်ဒုက္ခသည်စခန်းထဲက ပြိုင်ဘက်ရိုဟင်ဂျာ လူမိုက်ဂိုဏ်းတွေကြား တိုက်ခိုက်မှုအတွင်း လူ (၇)ဦး သေဆုံးခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ တွေကို ပိုပြီး စေလွှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာပြောကြားတယ်လို့ AFP က ရေးပါတယ်။
အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ သူကို ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဒုတိယ သမ္မတလောင်း ကယ်လီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris တို့ အကြား စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ည ၉ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဆော်ဒီအာရဗေီယားနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ခိုလှုံနေတဲ့ ရိုဟင်ဂျာ (၅၄,၀၀၀)ကို ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးစေလိုကြောင်း ဆော်ဒီက ပြောကြားလိုက်ပါတယ်။ ဆော်ဒီမှာရှိတဲ့ ရိုဟင်ဂျာအများစုကတော့ ဘင်္ဂလားဒေ့ရှ်ကို မပြန်ကြပါဘူး။
COVID-19 ကူးစက်ပြီး ဆေးရုံ ၃ ရက်တက် ကုသမှုခံယူခဲ့တဲ့ သမ္မတ Trump ဟာ ပထမဆုံး အကြိမ်အဖြစ် Oval Office ကို သွားရောက်ပြီး ရုံးပြန်တက် နေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က သမ္မတ ထရမ့် Oval Office ကို ပြန်လည် သွားရောက်ခဲ့ကြောင်း ပြောခွင့်ရ Brian Morgenstern က အတည်ပြု ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ဓါတ်ခွဲနမူနာတွေ့ရှိသူ အယောက် ၁,၄၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၂၁,၄၃၃ ဦးရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူက ၃၉ ယောက်ရှိတဲ့အတွက် အခုထိ COVID-19 ကြောင့် သေဆုံးသူပေါင်း ၅၁၀ ဦးရှိပြီဖြစ်ပါတယ်။
ဒီသိပ္ပံအကယ်ဒမီရဲ့ အတွင်းရေးမှူးချုပ် Goran Hansson က ဒီနေ့ ကြေညာရာမှာ၊ ပြင်သစ်နိုင်ငံသူ Emmanuelle Chapenter နဲ့ အမေရိကန် နိုင်ငံသူ Jenniver Doudna တို့ကို၊ မျိုးရိုးဗီဇဓာတ်ခွဲတည်းဖြတ်မှု နည်းလမ်းသစ် ပူူးပေါင်းဖော်ထုတ်နိုင်မှုအတွက် ခုလိုဆုပေးအပ်လိုက်တာလို့ ဆိုပါတယ်။
COVID 19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဆက်လက် ပြန့်ပွားနေတာနဲ့အမျှ အဲဒီ ရောဂါကို မြန်မြန်ဆန်ဆန်နဲ့ စမ်းသပ်စစ်ဆေးနိုင်မှုက ရောဂါ ပျံ့နှံ့မှုကို ဟန့်တားရာမှာ အရေးကြီးပါတယ်။
အမေရိကန်အခြေစိုက် Pew သုတေသနဌာနကနေ ဇွန်လကနေ သြဂုတ်လအတွင်း ဒီနိုင်ငံပေါင်း ၁၄ နိုင်ငံက လူပေါင်း ၁၄,၀၀၀ ကျော်ကို တယ်လီဖုန်းကတဆင့် စစ်တမ်းကောက်ရာမှာ၊ ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက တရုတ်အစိုးရအနေနဲ့ COVID 19 ကပ်ရောဂါ ကိုင်တွယ်တာညံ့ခဲ့တယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့နှစ်ပတ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်းအနားကို လူကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပြီးတဲ့နောက် UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi COVID-19 ကူးစက်ခံရတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်