သမ္မတ Donald Trump မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေသ၍ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို မကျင်းပသင့်ဘူးလို့ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden က ပြောကြားလိုက်ပါတယ်။
COVID-19 ရောဂါဟာ လေထဲကတဆင့် ပျံ့နှံ့နိုင်တာကို အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က အသိ အမှတ်ပြုလက်ခံလိုက်ပြီဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အင်္ဂါနေ့က အထည်ချုပ်စက်ရုံအလုပ်သမားပေါင်း ၃၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။
COVID-19 ကပ်ရောဂါရိုက်ခတ်မှုဒဏ်ခံနေရတဲ့ မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အတွက်ဥရောပ သမဂ္ဂရဲ့” မြန်ကူ” အရေးပေါ် ရန်ပုံငွေအစီအစဉ်ကနေ မြန်မာကျပ်ငွေ ၅.၄ဘီလီယံ (ယူရိုငွေ ၃.၅သန်း) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Bidenနဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပြုလုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် အိန္ဒိယ ချစ်ကြည်ရေး ခရီးစဉ်မှာ Darjeeling မြို့ကို မဖြစ်မနေ အလည်အပတ်လာရောက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ဖိတ်ကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ ခန့်မှန်းထားတာကို ပြန်လည် ပြင်ဆင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အကြီးတန်း အရာရှိတဦးကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အမေရိကန် ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ ဒုတိယ တပ်မှူးကြီး Charles Rayနဲ့ ထိတွေ့မှုရှိခဲ့တာ ကြောင့် အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Mileyအပါအဝင် အမေရိကန် စစ်တပ်က ထိပ်တန်း အရာရှိကြီးတွေ အခုအခါ quarantine ဝင်နေကြပြီ ဖြစ်ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၂ ယောက်နဲ့ သေဆုံးသူ ၂၇ ယောက်ရှိတဲ့အတွက် အခုထိ အတည်ပြု လူနာ စုစုပေါင်း ၂၀,၀၃၃ ယောက်နဲ့ သေဆုံးသူက ၄၇၁ ယောက်ရှိပါတယ်။
ဗြိတိန် သိပ္ပံ ပညာရှင် Roger Penrose က Albert Einstein ရဲ့ နှိုင်းယှဉ်မှု သီအိုရီအပေါ် အခြေခံပြီး သင်္ချာနည်းနဲ့ အာကာသတွင်းနက်ကြီးတွေ ရှိကြောင်း သက်သေပြနိုင်ခဲ့လို့ အခုလို နိုဘယ်ဆု ချီးမြှင့်ခံရတာပါ။
COVID ကူးစက်ခံထားရသူ သမ္မတဒေါ်နယ်ထရမ့် ဆေးရုံကနေ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးတဲ့နောက် သမ္မတနဲ့ မိသားစုကို နာရီမလပ်စောင့်ကြည့် ကုသပေးမယ့် ဆေးအဖွဲ့လည်း အိမ်ဖြူတော်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သမ္မတရဲ့သမားတော်ကြီးဖြစ်တဲ့ Dr. Sean Conley ကပဲ ဆေးရုံမှာ တာဝန်ယူသလို အိမ်ဖြူတော်မှာ ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများ ကူးစက်မှုနှုန်းကွာပေမဲ့ ရောဂါ ဆက်ပြီး ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္ထရာယ်ရှိနေသေးတယ်လို့လည်း Ryan က ဂျနီဗာမြို့ မှာပြုလုပ်တဲ့ WHO အလုပ်အမှုဆောင် ၃၄ ဦးပါ အစည်းအဝေးမှာ ပြောပါတယ်။
မလေးရှားမှာ COVID-19 ကူးစက်မှုနှုန်းတက်လာနေတဲ့အတွက် အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး Kuala Lumpur မြို့ခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။
ကမ္ဘာတလွှားမှာ ယေဘူယျ အားဖြင့် လူ၁၀ ယောက်မှာ တယောက်နှုန်း ကိုရိုနာဗိုင်းရပ်စ် အကူးစက် ခံနေရ နိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ် ဆိုင်ရာ အကြီးအကဲ Michael Ryan က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်ခိုက်ဖို့အတွက် အိန္ဒိယ လေတပ်ကို အသင့်ပြင်ဆင်ထားကြောင်း အိန္ဒိယလေတပ် အကြီးအကဲက တနင်္လာနေ့က ပြောပါတယ်။
မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ဟာ COVID-19 ကူးစက်ခံထားရသူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနဲ့ ထိတွေ့မှု ရှိခဲ့တာ ကြောင့် quarantine ၁၄ ရက်သီးခြားခွဲ နေမယ်လို့ တနင်္လာနေ့က ပြောပါတယ်။
COVID-19 အကူးစက်ခံရလို့ Walter Reed စစ်ဆေးရုံမှာ ၃ ရက်ကြာ ဆေးကုသမှု ခံယူခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့ ညနေ ၇ နာရီမထိုးခင်မှာ သမ္မတအိမ်ဖြူတော်ကို ပြန်လည် ရောက်ရှိလာပါပြီ။
မြန်မာနိုင်ငံမှာ လတ်တလော COVID-19ရောဂါ ကူးစက်မှုများနေတာကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
သမ္မတအိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Kayleigh McEnany က သူ့မှာ COVID-19 အကူးစက်ခံနေရ ကြောင်း ပြောပါတယ်။
COVID-19 အကူးစက်ခံရလို့ Walter Reed စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ သမ္မတဒေါ်နယ်ထရမ့်က သူဟာ တနင်္လာနေ့ညနေမှာ ဆေးရုံကနေ ပြန်ဆင်းတော့မှာ ဖြစ်ပြီး သမ္မတအိမ်ဖြူတော်ကို ပြန်သွားတော့မယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်