မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ဒီနေ့ ၉၈၇ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ယောက်ရှိပြီး သေဆုံးသူက ၄၄၄ ယောက်ဖြစ်ပါတယ်။
ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ ၂၀၂၀ ခုနှစ်အတွက် Nobel ဆုကို Hepatitis C ဗိုင်းရပ်စ်ပိုးကို တေ့ွရှိခဲ့ကြတဲ့ အမေရိကန်သိပ္ပံပညာရှင် ၂ ယောက်နဲ့ ဗြိတိန်သိပ္ပံပညာရှင်တယောက်တို့ ပူးတွဲ ရရှိသွားကြပါတယ်။
Coronavirus ပိုးကူးစက်နေတာကြောင့် Walter Reed စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ဆေးရုံပြင်မှာ သူ့ကို လာရောက်အားပေးနေကြသူတွေကို တနင်္ဂနွေနေ့က ကားနဲ့ထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
အမေရိကန်တရားရုံးချုပ်ရဲ့ ၉ လကြာ သက်တမ်းအသစ်ဟာ တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ လစ်ဘရယ်ဖြစ်တဲ့ တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားခဲ့ပြီး သူမနေရာကို ဆက်ခံမယ့်သူအတွက် အထက်လွှတ်တော်မှာ အတည်ပြုရေးဟာ အကြိတ်အနယ်ဖြစ်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံက တရားဝင်ကုမ္ပဏီတွေမှာ အလုပ်ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကြောင့် တရုတ်နိုင်ငံသား အများအပြား လိမ်လည်လှည့်ဖျား ခံခဲ့ရတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာ ဒီနေ့မှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒီနေ့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၁ ယောက်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄၁၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောပါတယ်။
COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ အခြေအနေဟာ ဆက်ပြီးတော့ ကောင်းမွန်နေပြီး တိုးတက်မှုရှိတယ်လို့ သူ့ရဲ့ ဆရာဝန် Dr. Sean Conley က စနေနေ့ညက ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၃၅ သန်းကျော်နဲ့ သေဆုံးသူ ၁ သန်းကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။
အပစ်အခတ် ရပ်စဲကြပါလို့ နိုင်ငံတကာက တိုက်တွန်းနေတဲ့ကြားကပဲ နယ်မြေအငြင်းပွားမှု ဖြစ်နေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား Nagorno-Karabakh ဒေသတဝိုက်မှာ နှစ်ဖက်တပ်တွေ ၇ ရက်မြောက်လာတဲ့အထိ စနေနေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
အမေရိကန်လွှတ်တော် ၂ ရပ်မှာ လွှတ်တော်အမတ် အနည်းဆုံး ၁၈ ဦး COVID-19 ကူးစက်ခံနေရပါတယ်။ ရီပတ်ဘလစ်ကန်ပါတီက ၁၀ ဦးနဲ့ ဒီမိုကရက်တစ်ပါတီက ၈ ဦးမှာ ကူးစက်ခံနေရတာဖြစ်ပြီး နောက်ဆုံး ရောဂါပိုးတွေ့ခဲ့သူက Utah ပြည်နယ် အထက်လွှတ်တော်အမတ် Mike Lee ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက် သေဆုံးမှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေဆဲမို့ ပြင်းထန်ဆိုးရွားတဲ့ လူနာတွေကို အထူးကြပ်မတ် ကုသပေးနိုင်ရေး ရန်ကုန်ဆေးရုံကြီး အဆောက်အဦဟောင်းမှာ ICU သီးသန့်ဆောင်တခု အမြန်မွမ်းမံနေပြီလို့ အရေးပါ်ဌာနမှူး ဒေါက်တာမော်မော်ဦးက ဆိုပါတယ်။
သောကြာနေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ COVID-19 ကူးစက်ခံနေရကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ကမ္ဘာတလွှားက ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ပြန်ကျန်းမာစေဖို့ ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။
အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla တို့ဟာ တနင်္ဂနွေနဲ့ တနင်္လာ ၂ ရက်ကြာ မြန်မာနိုင်ငံ နေပြည်တော်ကို အလည်အပတ် လာရောက်ကြမှာ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နည်းပညာနဲ့ ဆေးဝါးတွေကို အိန္ဒိယက ထောက်ပံ့သွားမှာ ဖြစ်သလို မြန်မာနိုင်ငံထဲမှာ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်အောင်လည်း ကူညီပံ့ပိုးပေးသွားမယ်လို့ အိန္ဒိယနိုင်ငံက ပြောကြားလိုက်ပါတယ်။
တရုတ်ဒုတိယသမ္မတ Wang Qishan ရဲ့ နှစ်ပေါင်းများစွာကြာ လုပ်ဖော်ကိုင်ဘက်တဦးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ကြီးလေးတဲ့ ဥပဒေချိုးဖောက်မှုရှိတယ်လို့ သံသယရှိကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၉၇၈ ယောက်ရှိတာကြောင့် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၁၆,၅၀၃ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
COVID-19 ကပ်ရောဂါကို အလေးအနက်ထားဖို့ အရေးကြီးတယ်ဆိုတာကို သမ္မတ Trump ရောဂါကူးစက်ခံရတာကနေ ပြသနေတယ်လို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden က သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ဥရောပနိုင်ငံတွေထဲ ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ချက် ပြန်ချမှတ်ရတဲ့ ပထမဆုံးနိုင်ငံကတော့ စပိန်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့ကစလို့ မြို့တော် မက်ဒရစ်ကနေ အဝင်အထွက်တွေကို စောင့်ကြည့် ထိန်းချုပ်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေ တိုးမြှင့်ကြဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ Donald Trump က "အခြေအနေကောင်းတယ်လို့ ကျနော်ထင်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ချစ်ခြင်းဖြင့်" ဆိုပြီး ဆေးရုံတက်နေရင်း တွစ်တာကနေ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်