ဘင်္ဂလားဒေ့ရှ်နိုင်ငံက Bhasan Char မြေနုကျွန်းပေါ်မှာ အစာငတ်ခံ ဆန္ဒပြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက ရိုက်နှက်တဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ကျွန်းပေါ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေအကြား မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။
COVID 19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီမိုကရေစီ အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာသလို ဒီမိုကရေစီ လုပ်ငန်း လည်ပတ်မှုတွေအပေါ်မှာလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ Freedom House အဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ နဲ့ သမ္မတကတော် Melania Trump တို့မှာ COVID-19 အကူးစက်ခံနေရတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် သမ္မတထရမ့်မိသားစု အတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။
COVID-19 အကူးစက်ခံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဆေးရုံတင်ထားပါပြီ။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ တလကျော်လောက်ပဲ လိုတော့ချိန်မှာ သမ္မတဒေါ်နယ်ထရမ့်က သူနဲ့ သမ္မတကတော် Melania Trump တို့မှာ COVID 19 ရောဂါပိုးရှိနေကြောင်းနဲ့ သူတို့ဟာ စပြီး quarantine လုပ် သီးခြားခွဲနေနေပြီလို့ သောကြာနေ့ မနက်အစောပိုင်းမှာ တွစ်တာကနေကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တော့ စီစဉ်ထားတဲ့အတိုင်း အာရှခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှုနှုန်း နေ့စဉ် ထောင်ချီ မြင့်တက်နေသလို သေဆုံးမှုတွေလည်း တိုးပွားလာနေချိန်မှာပဲ နိုင်ငံအတွင်း COVID 19 ကာကွယ်ဆေးနဲ့ ကုသဆေးဆိုပြီး လိမ်လည် ရောင်းဝယ်နေတာတွေ ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက သတိပေးပြောကြားလိုက်ပါတယ်။
ဒီနေ့မှာ ကိုဗစ် ၁၉ ရောဂါကြောင့် နောက်ထပ် ၃၂ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ ၃၅၃ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
Amazon ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အား ၁.၄၄ ရာခိုင်နှုန်း ဖြစ်တဲ့ ဝန်ထမ်းအရေအတွက် ၁၉,၈၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ Amazon ကုမ္ပဏီက ကြာသပတေးနေ့က ကြေငြာလိုက်ပါတယ်။
အရှေ့တောင်အာရှဒေသတဝိုက်မှာ သတင်းမှားတွေ အထူးသဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လုပ်ကြံသတင်းတွေ များလာတာကြောင့် ဒေသတွင်းမှာ ဒီလို လုပ်ကြံသတင်းတွေ ထုတ်ပြန်တာကို နှိမ်နှင်းဖို့ ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေက နည်းလမ်းတွေရှာဖွေလာနေကြပါတယ်။
ဘဲလာရုစ်နိုင်ငံကအစိုးရအရာရှိ တချို့အပေါ် အရေးယူဒဏ်ခတ်မှုတွေချမှတ်ဖို့ ဥရောပသမဂ္ဂ EUခေါင်းဆောင်တွေသောကြာနေ့မှာ အကြိတ်အနယ်ဆွေးနွေးပြီး သဘောတူညီခဲ့ကြပါတယ်။ မြေထဲပင်လယ်ဒေသမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေတူးဖော်နေတဲ့ တူရကီနိုင်ငံကိုလည်းအခိုင်အမာရင်ဆိုင်သွားမယ်လို့ EUက ဆိုက်ပရပ်စ်နိုင်ငံကို ကတိပြုပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပြည်နယ် ၅၀ ထဲက ၂၇ ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေဟာ သြဂုတ်လနဲ့နှိုင်းယှဉ်ရင် ပိုများလာခဲ့ပြီး၊ Wisconsin ပြည်နယ်မှာဆို ၁၁၁ ရာခိုင်နှုန်း အထိ ပိုများလာတယ်လို့ ရိုက်တာသတင်းဌာနရဲ့ လေ့လာသုံးသပ်မှုတခုက ဖော်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်း ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း လုပ်ငန်း စတင်လည်ပတ် နိုင်ဖို့ မြန်မာနဲ့ အိန္ဒိယ ပူးတွဲ ကြိုးပမ်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Harsh Shringla က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကြောင့် ရောဂါ ကူးစက်မှုနှုန်း တစ်ရက်တည်း ထောင်နဲ့ချီ စံချိန်တင် မြင့်တက်နေချိန်မှာပဲ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကူးစက်မှုနှုန်း မြန်မြန် ကျဖို့ ပြည်သူတွေ ပူပေါင်းပါဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်ပါတယ်။
ဝေဟင်မှာ ဝဲပျံပြီး ခရီးသည်တွေကို လိုရာရောက်အောင် ပို့ဆောင်ပေးမယ့် အငှားယာဉ်ပျံတစ်မျိုးကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၂၄ ခုနှစ် အရောက် စတင် အသုံပြုနိုင်လိမ့် မယ်လို့ ဂျာမနီနည်းပညာ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။
ကြာသပတေးနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၃၄ သန်း ကျော်နဲ့ သေဆုံးသူ တသန်းကျော် ရှိလာနေပြီလ့ို ဒီရောဂါကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်က ပြောပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ ကြားက အောက်တိုဘာလ ၁ ရက်နေ့ တရုတ်နိုင်ငံအမျိုးသားနေ့မှာ ဆန္ဒပြခဲ့ တာကြောင့် ကြာသပတေးနေ့မှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။
ကမ္ဘာတလွှား COVID-19 ကြောင့် စီးပွါးရေးအကြီးအကျယ်ထိခိုက်မှုတွေ ရှိနေတာဟာ လာမယ့် ၅ နှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၂ သန်းခွဲလောက်အတွက် အသက်မပြည့်ခင် လက်ထပ်ပေးကြမယ့် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ Save the Children အဖွဲ့ကြီးက ပြောပါတယ်။
၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ ဒုက္ခသည် တသောင်းခွဲပဲ လက်ခံဖို့ရည်ရွယ်ထားကြောင်း ထရမ့်အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တဲ့ အတွက် ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဒုက္ခသည် လက်ခံရေးအစီအစဉ် သမိုင်းမှာ လက်ခံသူဦးရေ နောက်တချီ စံချိန်တင်လောက်အောင် နည်းနေတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၈ နာရီကနေ အောက်တိုဘာလ ၁ ရက် ည ၈ နာရီ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၅,၃၅၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူပေါင်း ၁,၀၁၀ ကို ထပ်မံတွေရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်