နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရရဲ့ မကြာခင်က လုပ်ရပ်ဟာ အိန္ဒိယနိုင်ငံနဲ့ ကမ္ဘာတလွှား မှာ မွတ်စလင်အစွန်းရောက် တွေ ပေါ်ပေါက်လာစေနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃ လအတွင်း ကနေဒါရေတပ်က စစ်သင်္ဘော ၂ စင်း ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော် ခုတ်မောင်းခဲ့မှုဟာ ကနေဒါအနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က ရပ်တည်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်တာကို ပြသလိုတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စိုက်ပျိုးမြေ ဖော်ထုတ်ဖို့ တရားမဝင် မီးရှို့မှုတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ၊Sumatra နဲ့ ဘော်နီယို ကျွန်းတွေမှာ တောမီး လောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပေါ်နေပြီး ပြည်နယ်ရဲ့ မြို့တော်အပေါ် မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ထိုင်းနိုင်ငံကို ရှားရှားပါးပါး သွားရောက်ပြီး၊ ဂျပန်ကိုလည်း ဆက်သွားဖို့ရှိပါတယ်။
ဟောင်ကောင်ကျွန်းအစိုးရနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးတိုးတက်စေဖို့ မျှော်လင့်ကြောင်းနဲ့ အခုထက်ပိုပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မလဲ နည်းလမ်းရှာဖွေမယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam က ပြောကြားလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်က ဒီမိုကရက်အမတ်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုနိုင်မယ့် လုပ်ထုံးလုပ်နည်း အသစ်တွေကို စတင် ချမှတ်နေပြီဖြစ်ပါတယ်။
ဗြိတိန်ပါလီမန်ကို သီတင်း ၅ ပတ်ကြာ ဆိုင်းငံ့ဖို့ အကြောင်းပြချက်ပေးရာမှာ Elizabeth ဘုရင်မကြီးကို လိမ်လည်ပြောဆိုခဲ့တာ မရှိကြောင်း ဝန်ကြီးချုပ် Boris Johnson က ပြောဆိုလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို အမေရိကန်အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ထုတ်ပြန်တာဟာ အမေရိကန်အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်၊ လျှော့ချ ၊ တုံ့ပြန်သွားဖို့ သန္နိဋ္ဌာန်ချထားမှုကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ Honorary Freedom ဆုကို ယာယီ ရုပ်သိမ်းဖို့အတွက် လန်ဒန်မြို့တော် ကော်ပရေးရှင်း တရားရုံးအဖွဲ့ဝင်တွေ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြင်ဆင်နေချိန်မှာပဲ သဘောထားကောင်းပြသတဲ့ အစီအစဉ်တခုကို တရုတ်နိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မအောင်မမြင် ဖြစ်ရတာဟာ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
AA ရခိုင်တပ်ဖွဲ့ဟာ Bluetooth နဲ့ Wifi နည်းပညာတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို မြေမြှုပ်မိုင်းတွေ ဖေါက်ခွဲတိုက်ခိုက်ဖို့ လုပ်နေတယ် လို့နောက်ဆုံး ထောက်လှမ်းရေး အစီရင်ခံစာတွေအရ သိရှိရကြောင်း၊ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက် TNA သတင်းတပုဒ်က ဖေါ်ပြထား ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်သူ တဦး ဖြစ်တဲ့ Joshua Wong ကို ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ဘာလင်မြို့မှာ လက်ခံတွေ့ဆုံခဲ့မှုအပေါ် ကန့်ကွက် ပြောကြားဖို့ တရုတ်အစိုးရက ဘေဂျင်းမြို့မှာ ရှိတဲ့ ဂျာမနီ သံအမတ်ကြီးကို ဆင့်ခေါ် တွေ့ဆုံခဲ့ပါတယ်။
နေစကြဝဠာပြင်ပက ဂြိုဟ်တလုံးရဲ့လေထုထဲမှာ ရေရှိနေတာကို ပထမဆုံး အကြိမ် ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ ဗြိတိသျှ သိပ္ပံ ပညာရှင်တွေက ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကာလကြာရှည် အုပ်ချုပ်လာတဲ့ အာဏာရှင် Suharto အစိုးရပြုတ်ကျသွားခဲ့ပြီးတဲ့နောက် ဒီမိုကရေစီနိုင်ငံ ထူထောင်ခဲ့သူ သမ္မတဟောင်း B.J. Habibie ဟာ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားပြီလို့ သူ့မိသားစုဝင်တွေနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။
ဒီကနေ့ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ ပန်ဆယ်လ် ဗေးနီးယားပြည်နယ်တွေမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ လက်ရှိအားဖြင့် အဆင့် ၁၃၅ မှာရှိနေတဲ့ မြန်မာ အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ FIFA က အဆင့်သတ်မှတ်ချက်အသစ်တွေ ထုတ်ပြန်တဲ့အခါ ၁၁ ဆင့်ထိကျပြီး ၁၄၆ ကို ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဗြိတိသျှပါလီမန်ကို ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson က လုပ်ဆောင်တာဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ စကော့တလန် တရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်ဆိုင်းငံ့ထားတာကိုရပ်ဖို့ တရားသူကြီးတွေက အမိန့်မချဘဲ ဒီကိစ္စကို ဗြိတိန်တရားရုံးချုပ်က ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ ပဲ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဟာ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း 3G နဲ့ 4G အင်တာနက် ဝန်ဆောင်မှုတွေကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ရက်နေ့မှာ ကျင်းပမယ့် အစ္စရေးနိုင်ငံ ရွေးကောက်ပွဲမှာ သူသာ အနိုင်ရရင် သိမ်းပိုက်ခံ အနောက်ဖက်ကမ်း ဒေသ တစ်စိတ်တစ်ပိုင်းကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းဖို့ အစီအစဉ်ရှိတယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်