ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး လုစုခွဲခဲ့ပြီးတော့ ဆန္ဒပြတဲ့သူတွေက ရဲစခန်းကို ခဲတွေ၊ အုတ်နီခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ရခိုင်လက်နက်ကိုင်တပ် AA နဲ့ ပတ်သက်တယ်ဆိုပြီး စကာၤပူကနေ ပြည်နှင်ဒဏ် ပေးခံထားရသူတွေကို မြန်မာ အစိုးရက ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေတာမှာ ငွေကြေးလွှဲပြောင်းမှုတွေ စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ အဖွဲ့ ပြောခွင့်ရ ဦးဇော်ဌေးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း၊ လှိုင်းစီးသူတွေအတွက် နာမည်ကြီးတဲ့ ပင်လယ်ကမ်းစပ်က သဲချောက်ကမ်းပါးစွန်း တခု ပြိုကျတာကြောင့် လူ(၃)ဦး သေဆုံးသွားပါတယ်။ အမျိုးသမီးတဦးက နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တဲ့ ၂ဦး ကတော့ ဆေးရုံကို ပို့ပြီးနောက်မှာ သေဆုံးသွားပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က နယ်စပ်မြို့ El Paso က ဈေးဆိုင်တန်းဝင်း တခုမှာ စနေနေ့က လူစုလူဝေးတွင်း ပစ်ခတ်မှု ဖြစ်တာကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိပြီး တဦးကို ဖမ်းဆီးထားတယ်လို့ တက္ကဆက် ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်၊ တရုတ်နဲ့ ဒေသတွင်းက ထိပ်တန်းသံတမန်တွေ တက်ရောက်တဲ့ အာဆီယံစည်းဝေးပွဲ ကျင်းပနေချိန် သောကြာနေ့ ဘန်ကောက်မြို့ ဗုံးခွဲမှုဟာ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိနေကြပါတယ်။
အာဂျင်တီးနားဘောလုံးအသင်းခေါင်းဆောင် လီယိုနယ်လ်မက်ဆီ နိုင်ငံတကာဘောလုံးပွဲတွေကနေ ၃ လ ပယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားဘောလုံးပွဲဟာ လာဘ်ပေးလာဘ်ယူတွေနဲ့ လုပ်ပွဲကြီးဖြစ်ပြီး အိမ်ရှင်ဘရာဇီးအသင်းအနိုင်ရအောင် အကြံအဖန်တွေလုပ်ထားတာဖြစ်တယ်လို့လည်း ဝေဖန်ခဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ၈ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဒီကနေ့ ပြန်ပြီးစတင်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၁၈ နှစ်ကြာ ပြည်တွင်းစစ်တွေ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းရေးမှုးတွေ စီစဉ်ရေးဆွဲထားတဲ့ အရေးအကြီးဆုံးဆွေးနွေးပွဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက လူဦးရေထူထပ်လှတဲ့ ဂျာဗားကျွန်းမှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ငလျင် သောကြာနေ့ ညက လှုပ်သွားတာကြောင့်လူ ၄ ဦးထက်မနည်း သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သလို အိမ်ခြေ ၂ ရာကျော်ပျက်စီးသွားတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
သောကြာနေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီအရေးအတွက် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြသွားပါတယ်။
အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် ရွေးချယ်ထားသူက သူ့အရည်အချင်း လုပ်ငန်း အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ် ခံရမှုများလာပြီးနောက် သူ့ရဲ့ အမည်တင်သွင်းခံမှုကို ရုပ်သိမ်းလိုက်ပါတယ်။
INF တာလတ်ပစ် နျူကလီးယားလက်နက်များဆိုင်ရာ သဘောတူစာချုပ် ကနေ နုတ်ထွက်လိုက်ပြီးတဲ့နောက် အမေရိကန်အနေနဲ့ ကိုယ်ပိုင် သမားရိုးကျ ဒုံးကျည်တွေ ထုတ်နိုင်ပြီလို့ ကန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ရုရှား နောက်ဆုံးထုတ်တာလတ်ပစ် ဒုံးကျည်သစ်တွေကိုဖျက်ဆီးဖို့ ငြင်းပြီးတဲ့နောက် အမေရိကန် INF စာချုပ်ကနေ နုတ်ထွက်လိုက်တာပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ASEAN ဒေသတွင်း လုံခြုံရေးစည်းဝေးပွဲကတော့ အဓိကနိုင်ငံကြီး ၄ ခု ကုန်သွယ်ရေးအငြင်းပွားမှုက ရုန်းမထွက်နိုင် ဖြစ်ခဲ့ကြသလို၊ နျူကလီးယားဖျက်သိမ်းရေး အမေရိကန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့ မရေရာမှုတွေနဲ့ပဲ သောကြာနေ့မှာ အဆုံးသတ်လိုက်ကြပါတယ်။
နိုင်ငံတကာ အာကာသ သိပ္ပံပညာရှင်အဖွဲ့တဖွဲ့ဟာ သက်ရှိသတ္တဝါတွေ နေထိုင်လို့ရမယ့် ဂြိုလ်တလုံးပါဝင်တဲ့ နေစကြဝဠာ သစ်တခုကို တွေ့ရှိခဲ့တယ်လို့ အဲဒီ သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့သူ စပိန် အာကာသ ရူပဗေဒ ပညာရှင်တဦးက ကြာသပတေးနေ့မှာပြောပါတယ်။
တရုတ်နိုင်ငံ ထွက်ကုန်တချို့အပေါ်မှာ အခွန် ၁၀%နောက်ထပ် တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပြီးနောက် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာပါတယ်။
၅၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မြောက်ကိုရီးယား နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ ရေရှည်ပြေလည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်လာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ကို အနိုင်ရဖို့ အတွက် ဘယ်သူဟာ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတဲ့ ဒီမိုကရက် သမ္မတလောင်း အရွေးခံမယ့်သူတွေရဲ့ ဒုတိယည စကားစစ်ထိုးပွဲမှာ ဒု သမ္မတဟောင်း Joe Biden က အဓိက နေရာမှာ ရှိနေပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးကို အမေရိကန်က မကြုံစဖူး ထူးထူးခြားခြား အရေးယူလိုက်ပါပြီ။ အီရန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif အပေါ် အရေးယူ ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။
အာရှတိုက်ရဲ့ အထင်ကရ ကက်သလစ်ရဟန်းတော် နှစ်ပါးဟာ ဘင်္ဂလားဒေရှ့်မှာ ရှိတဲ့ ကက်သလစ်ရဟန်းတွေနဲ့အတူ Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ၂ ရက်ကြာ သွားရောက်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်