အမေရိကန်နဲ့ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေရဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးမှုတွေ ရှန်ဟိုင်းမြို့မှာ ဒီကနေ့ အဆုံးသတ်ခဲ့ပြီး၊ အမေရိကန်မှာ စက်တင်ဘာလထဲ ဆက်လက် ဆွေးနွေးဖို့ သဘောတူလိုက်ကြပါတယ်။
ဒီနေ့အစောပိုင်းမှာပဲ မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံး ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောဆိုလိုက်ပါတယ်။ နျူကလီးယားအရေး ဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်ပဲနေချိန်မှာ မြောက်ကိုရီးယားက သီတင်းတပတ်အတွင်း ဒုတိယအကြိမ် စမ်းသပ်လိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ဂျပန်နိုင်ငံက အင်္ဂါနေ့မှာ အဆိုပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပမယ့် အမေရိကန်နဲ့ အာဆီယံ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ ပူးတွဲ ဥက္ကဌအဖြစ် တာဝန်ယူမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အင်္ဂါနေ့ ဝါရှင်တန်ဒီစီကနေ ထွက်ခွာသွားပါပြီ။
မြန်မာနိုင်ငံ အတွက် ပထမဆုံး ရေငုပ်သဘောၤ ဖြစ်လာမယ့် Kilo class အမျိုးအစား ရေငုပ်သဘောၤကို မွမ်းမံပြင်ဆင်ပြီး ဒီနှစ် အတွင်းမှာဘဲ အိန္ဒိယက လွှဲပြောင်းပေးဖို့ ရှိတယ်လို့ Economic Time သတင်းက ဖော်ပြပါတယ်။
မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုထားပါတယ်။ South Hamgyung ပြည်နယ် Hodo ကျွန်းဆွယ်အနီးကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့က ပြောဆိုပါတယ်။
အမေရိကန်ကို ဝင်ရောက် အခြေချလာတဲ့ မိဘတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို တကွဲတပြားစီ ထားဆဲ ရှိကြောင်း စွပ်စွဲချက်နဲ့ သမ္မတ Trump အစိုးရကို ထိပ်တန်း လူ့အခွင့်ရေး အဖွဲ့ တဖွဲ့က တရားစွဲဆို လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်က ချမှတ်ခဲ့တဲ့ တရားရုံးအမိန့်ကို ဆန့်ကျင်ရာ ရောက်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေတာနဲ့ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ၊ စစ်ပွဲအကြွင်းအကျန် ပေါက်ကွဲ စေတဲ့ပစ္စည်းတွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာရနေတဲ့အပေါ် အထူးစိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ တရားဥပဒေအတိုင်းဖြစ်အောင် လုပ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လိပ်ပေါက်ကလေးတွေ အတွက် အန္တရာယ်သိပ်ကြီးတဲ့ အနေအထားရှိနေချိန်မှာပဲ နောက်ထပ်တခု အဖြစ် ပလပ်စတစ် အန္တရာယ်ပါ တိုးလာနေတယ်လို့ စစ်တမ်း အသစ်တခုမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အများစုနေထိုင်တဲ့ Baltimore မြို့တော်နဲ့ အဲဒီဒေသ ကိုယ်စားပြု ထင်ရှားတဲ့ လွှတ်တော်အမတ်Elijah Cummings ကို ဦးတည်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ ဖြစ်ပြီး ဒါဟာ လူမျိုးရေးခွဲခြားမှု တခု အဖြစ် Trump ကိုဝေဖန်သူတချို့ ကပြောဆိုနေကြတာပါ။
အမေရိကန်သမ္မတ Donald Trump က နောက်အသစ် ခန့်အပ်မယ့် အမျိုးသားထောက်လှမ်းရေး အကြီးအကဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော် ကြားနာပွဲ အတွင်း အထူးစုံစမ်းစစ်ဆေးရေးမှုူးဟောင်း Robert Mueller အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သမ္မတ အပေါ် အပြည့်အဝ ထောက်ခံသူ တဦး ဖြစ်ပါတယ်။
ဗွီအိုအေ ဘင်္ဂါလီ ဘာသာ ဌာန လက်အောက်ကနေ ရိုဟင်ဂျာ အသံလွှင့် အစီအစဉ်ကို ဇူလိုင် ၂၉ ရက်နေ့ တနလာၤနေ့က စတင် ထုတ်လွှင့်ပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ ဓာတုအဆိပ်ခတ်ခံရတာ ဖြစ်နိုင်ခြေရှိတယ်လို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ မူဝါဒပိုင်းဆိုင်ရာ မကြာခဏ အချေအတင်ဖြစ်ခဲ့သူ အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ Dan Coats ဟာ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးက နုတ်ထွက်တော့မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဒုက္ခသည်တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဟောင်ကောင်ကျွန်းမှာ ရာဘာကျည်တွေနဲ့ပစ်၊ မျက်ရည်ယိုဗုံးတွေ ပစ်သွင်းခဲ့ကြတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို အန်တုပြီး တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ညပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။
ဟောင်ကောင်မှာတော့ ဒီမိုကရေစီရေးထောက်ခံသူတွေထောင်နဲ့ချီ ၊ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီး၊ အဲဒီ ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်ခြင်းဟာ ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်း တရပ် ဖြစ်ပေမယ့် သူ့မတိုင်ခင်က ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ Theresa May က ဆိုးဝါးတဲ့ အခြေအနေတရပ် ကြုံရတော့မယ့် သဘောမျိုးနဲ့ ကိုင်တွယ်သွားခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ တချို့ကို ကိုယ်စားလှယ် လောင်းစာရင်းက ဖယ်ရှားလိုက်တဲ့အတွက်ရုရှားနိုင်ငံ မော်စကိုမြို့မှာ စနေနေ့က ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်