ရခိုင်ပြည်နယ်က၊ မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ရေး နောက်ဆုံး အဆိုပြုလွှာတင်မယ့် အစီအစဉ်ကို နောက် ၁ နှစ် ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။
ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတွေကို တပ်မတော်က ယူသွားတယ်ဆိုပြီး တော့ သတင်းရေးသား ဖော်ပြခဲ့တဲ့အတွက် စစ်တွေအခြေစိုက် DMG သတင်းဌာနက အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ သွားရေး၊ လာရေးနဲ့ ကျန်းမာရေးပိုင်ဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောချင်ပါတယ်။
မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ စစ် ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအပြင် နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ကြုံနေရသလဲဆိုတာ ပြောပြပါမယ်။
ရခိုင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုဆန္ဒပြတဲ့ မြင်ကွင်းတချို့
ရခိုင်ပြည်နယ်ကျောက်တော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် ၃၀ လောက်ဟာ နေရပ်ပြန်နိုင်ရေး ဒီကနေ့ပဲ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအဆုံးသတ်ရေးနဲ့ ကျေးရွာတွေအနီး စစ်တပ်ကစခန်းချနေထိုင်နေတာတွေကို ရုပ်သိမ်းပေးရေးစတာတွေကိုလည်း တောင်းဆိုခဲ့ကြတာပါ။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကျည်တွေ ပေါက်ကွဲမှုတွေကြောင့် မကြာခဏဆိုသလို ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရပါတယ်။
တရုတ်နိုင်ငံပိုင် အာကာသယာဉ်က အစိတ်အပိုင်းတွေ ကျရောက်လာနိုင်ကြောင်း မြန်မာအာဏာပိုင်တွေ သတိပေးထားပြီး ရက်ပိုင်း အတွင်းမှာပဲ သံတွဲနဲ့ မာန်အောင်မြို့နယ်တွေအနီး ပင်လယ်ပြင်ထဲ ကျရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ တည်ငြိမ်လာတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လုံခြုံရေးတာဝန်ရှိသူတွေဘက်က အကြောင်းကြားလာရင် အင်တာနက်လိုင်းတွေကို နဂိုမူလအတိုင်း ဖွင့်ပေးဖို့ရှိတယ်လို့ တာဝန်ရှိသူကပြောဆိုလိုက်တဲ့ သတင်းကို ပြောပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့်တိမ်းရှောင်နေရကြရသူ တွေထဲမှာအမျိုးသမီးတွေအများစုဖြစ်ပြီး သူတို့ဟာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမယ့် အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသက်နိုင် စစ်ဘေးရှောင်စခန်းကနေ သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုခဲ့ကြတဲ့ ရခိုင်လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုလိုက်တဲ့ အကြောင်း ပြောချင်ပါတယ်။
မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို အရပ်ဘက်အဖွဲ့အစည်း တချို့က ကူညီပေးထားပေမဲ့လည်း ဒဏ်ရာရှိထားသူတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း မိုင်းထိမှန်သူတွေကို ကူညီပေးနေတဲ့ ဦးသန်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံကြိုဆိုပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်း နေတယ်ဆိုပေမယ့် ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်သား အများအပြားနဲ့ နီးစပ်သူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသလို စစ်တွေမြို့က စစ်ရှောင်စခန်းမှာလည်း ကူးစက်မှုကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ လျော့ကျနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုတွေ ကြုံနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အကြောင်း ကိုသက်နိုင် စစ်တွေမြို့ကနေ သတင်းပေးပို့ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၂၉ ရက်နေ့တုန်းက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တပ်မတော်သား ၃ ဦးကို စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေထဲမှာ အများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ လုံခြုံမှုအပြင်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမယ့် အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းတဲ့အနေနဲ့ လှုပ်ရှားခဲ့ကြတာလို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ လျော့ပါးလာတာကြောင့် ဒုက္ခသည် တချို့ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အများ စုက တော့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင် သေးပဲ ဖြစ်နေပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား မကြာသေးခင် ကစလို့ စစ် ရေးတင်းမာမှုတွေ လျော့ပါးလာပေမဲ့လည်း သိန်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည် အများ စုက တော့ လုံခြုံရေး စိုးရိမ်မှုတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင် သေးပဲ ဖြစ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်