မြန်မာ့ရွေးကောက်ပွဲရက်နီးလာပြီး၊ အပြိုင်အဆိုင်နဲ့တင်းမာမူတွေ များလာချိန်မှာ၊ သမ္မတရုံး ပြောခွင့်ရက၊ ဒီရွေးကောက်ပွဲအလွန်မှာ National Unity Government လို အမျိုးသား ညီညွှတ်ရေး ဆောင်ရွက်ချက်တွေဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ နီးနေချိန် အစိုးရနဲ့ တပ်မတော်အကြား UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ အပြန်အလှန် ဝေဖန်ထိုးနှက်မူတွေ ပြင်းထန်လာတာက ဘာကြောင့်နဲ့ ဘယ်လို ဖြေရှင်းသင့်တာကို၊ MIPS ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာ Institute အဖွဲ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို မေးမြန်းထားပါတယ်။
တနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားရေး ဝါဒီ ဦးဝီရသူ ဟာ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မနေ့ တနင်္လာနေ့က အများအမြင်ရှေ့ထွက်ပြီး အဖမ်းခံလိုက်တာဘာကြောင့်လဲ။
ကိုဗစ်ဖြစ်နေဆဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် နောက်ဆုံးအခြေအနေနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက သုံးသပ်ထားပါတယ်။
၁၀ ရက်ပဲလိုတော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေမှာ၊ လူသေစေတဲ့အထိ အကြမ်းဖက်မူတွေဖြစ်လာတဲ့အပေါ်၊ ဘယ်လို ဖြစ်ရတာနဲ့ လျော့ချနိုင်တာကို၊ ရွေးကောက်ကွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်၊ လက်ရှိအစိုးရပါတီပြောခွင့်ရနဲ့၊ ယခင်အစိုးရပါတီပြောခွင့်ရနဲ့ ဝန်းရံသူတစ်ဦးကိုမေးထားပါတယ်။
ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်စစ်ဖို့နဲ့ ကုသဖို့ ညှိုနှိုင်းထားတာကို ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တနင်္ဂနွေနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ အပတ်စဉ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
၂ ပတ်ကျော်အတွင်း လာတော့မယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ နိုင်ငံတကာဘက်က လေ့လာစောင့်ကြည့်ပေးနေတဲ့ အဖွဲ့ကြီးတစ်ခုက ကိုဗစ်ကာလရွေးကောက်ပွဲဖြစ်တာမို့ အသွားအလာကန့်သတ်ချက်တွေကြောင့် အဓိကအခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကိုNLD ပါတီဖက်က လိုက်လျောဖို့ မရှိသလို၊ ဖမ်းဆီးထားတဲ့ NLD ကိုယ်စားလှယ်လောင်းသုံးဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပါတီရဲ့ ရပ်တည်ချက်သဘောထားကို အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် အချိန် သုံးပတ်ပဲ ကျန်တော့ပေမယ့် ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေ ဆက်လက် အပြောင်းအလဲဖြစ်နေတာဟာ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေအတွက် ကြီးမားတဲ့ နစ်နာမှုကြီးအဖြစ် ရှုမြင်သူတွေရှိနေသလို ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်နေကြပါတယ်။
ကိုဗစ်ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရန်ကုန်မှာ အခြေအနေဆိုးတဲ့ လူနာအရေအတွက်များနေတာကြောင့် အောက်စီဂျင်နဲ့ကုသပေးရေးမှာ လုံလောက်မှုမရှိတော့ကြောင်း ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတချို့ ပြန်စဖွင့်ချိန်၊ လုပ်သားတွေအကြား ကူးစက်မူအနည်းနဲ့အများ စရှိလာနေတာအတွက်၊ ဆေးစစ်မူတွေလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။
ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးမှုနှုန်း ကျဆင်းခြင်းမရှိပဲ တနေ့ကို တသောင်းနီးပါးနှုန်းရှိနေကြောင်း မြန်မာအစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။
ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့ပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေမပါဘဲ စက်ရုံတွေက ကိုယ့်ဘာသာကိုယ် အလုပ်သမားတွေကို သွေးဖောက် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အန္တရာယ်များပြီး ကာကွယ်ရေးအတွက် အကျိုးမရှိနိုင်ဘူးလို့ အစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အလူးအလဲ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲ မကျသွားဖို့ အရေးကြီးနေပြီး ကျန်းမာရေးုလုပ်သားတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် ကုသရေးမှာ စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားလိုက်ပါတယ်။
ကိုဗစ်ရောဂါဒဏ် အဓိကခံနေရတဲ့ ရန်ကုနု်မှာ ဆေးရုံဝန်ထမ်းတွေအခြေအနေဘယ်လိုရှိနေတာကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို မေးမြန်းထားပါတယ်။
ရန်ကုန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် စက်ရုံတွေကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က စပိတ်လိုက်ပြီဖြစ်တာကြောင့် အလုပ်လုပ်ခဲ့ပြီး လစာမရသေးဘဲ ဒုက္ခရောက်နေတဲ့ လုပ်သားတွေ သူတို့ထိုက်တန်တဲ့လစာရဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိသူ အထူးသဖြင့် ရန်ကုန်မှာ အရှိန်အဟုန်နဲ့ တက်လာချိန်မှာ၊ အမြန်စစ်နိုင်တဲ့ နည်းသစ်တွေနဲ့ စစစ်ပြီး၊ လူနာအများအပြားတိုးလာနိုင်တာအတွက် ပြင်ဆင်ထားမှုကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို မေးထားပါတယ်။
မြန်မာနိုင်ငံမှာ များလာတဲ့ ကိုဗစ်သံသယတွေကို မြန်မြန်နဲ့ များများစစ်နိုင်တဲ့ Antigen Test တွေကို စသုံးနေရာမှာ၊ ဘယ်လိုအထောက်အကူပြုနိုင်တာနဲ့၊ လစ်ဟာမူရှိနိုင်တာတွေကို၊ NHL အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာနက ဒုတိယညွှန်ကြားရေးမူးချုပ် (ဓာတ်ခွဲ) ကို မေးမြန်းထားပါတယ်။
တိုင်းရင်းသား အဓိကပါတီကြီးဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး တာဝန်ကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သူ့သဘောနဲ့ သူ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့သူသစ် အရှိန်အဟုန်နဲ့တက်လာချိန်မှာ၊ အထူးသဖြင့် ရန်ကုန်မှာ သံဃာတော်တချို့ပါ ကူးစက်ခံရပြီး၊ ဓာတ်ခွဲခန်းစစ်တာတချို့လဲ အလျှင်မမီတာနဲ့၊ အနံ့မရတဲ့ သံသယလူနာတွေကို ထိန်းနိုင်ဖို့ ရုန်းကန်ရတာတွေရှိလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်