အမေရိကန်ပြည်ထောင်စု၊ မွန်တားနား ပြည်နယ်မှာ Tiktok အသုံးပြုခွင့် ပိတ်ပင်တဲ့ဥပဒေ အကောင်အထည် ဖော်နေတာနဲ့ ပတ်သက်လို့ TikTok ကုမ္ပဏီက အမေရိကန် ဖက်ဒရယ် တရားရုံးတခုမှာ မနေ့က တရားစွဲလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လို အခက်အခဲမဆို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မဟာဘွဲ့ရခဲ့တဲ့ ကရင်နီကျောင်းသူ အီမယ်က ပြောပါတယ်။ ကရင်နီပြည်ကနေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ မိဘတွေက ကရင်နီဒုက္ခသည် စခန်းမှာ အီမယ်ကို မွေးခဲ့တာပါ။ ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေရဲ့ G7 ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဒီကနေ့ စနေနေ့မှာ ရောက်လာပြီး G7 ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေပေါင်းပြီး ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ အမောင်းသင်တန်းတွေ ပေးဖို့ သဘောတူလိုက်ပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ နက်ဖြန်စတင်မယ့် G7 ထိပ်သီးစည်းဝေးပွဲမှာ G7 ခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ G7 ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် Hiroshima မြို့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) ကတဆင့် ပေးအပ်မယ့် ကနဦးအစီအစဉ်မှာ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့ ပါဝင်မှာ ဖြစ်ကြောင်းလည်း ဒီကနေ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရီပါဘလီကန်ခေါင်းဆောင်တွေ ဟာ အကြွေးကန့်သတ်ချက်ကိစ္စကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရဖို့ နီးလာကြောင်း ရီပါဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်ခံရတဲ့ အခြေအနေတွေ ဆိုးရွားနေဆဲ ဖြစ်ပြီး ဒီအထဲမှာ အထူးသဖြင့် တရုတ်၊ အီရန်၊ ရုရှားနဲ့ မြန်မာနိုင်ငံတွေ ကတော့ အဆိုးရွားဆုံး နိုင်ငံတွေ ဖြစ်တဲ့အကြောင်း အနေရိကန်အစိုးရက ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အသက် ၇၈ နှစ်အရွယ် အမေရိကန် နိုင်ငံသားတစ်ဦးကို တနင်္လာနေ့က ထောင်ဒဏ်တသက် စီရင်ချက် ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။