သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ

၂၁ ရာစုပင်လုံညီလာခံ
၂၁ ရာစုပင်လုံညီလာခံ

NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို NCA တနှစ်ပြည့်နှစ်ပတ်လည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောဆိုသွားတာတွေ့ရပါတယ် ။ နိုင်ငံရေး မူဘောင်ပြန်လည်ပြင်ဆင် ပြီးကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံရလဒ် အရ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ဖို့၊ ပြင်ဆင်ပြီး ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပဖို့နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု တရပ် တည်ဆောက်ရေးအထိ အဆင့်ဆင့် ရည်ရွယ်ထားတာပါ။ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက် လက်တွေ့ကျမလဲ၊ အခက်အခဲတွေ ဘာတွေ ကြုံနိုင်မလဲဆိုတာ ဒီသီတင်းပတ် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်ရှိ ပါဝင်နေတဲ့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးခေါင်းဆောင်တဦးလည်းဖြစ် နိုင်ငံရေးဆောင်းပါးတွေ သုံးသပ်ရေးသားနေတဲ့ ကို၀ ခေါ် ကိုရဲနိုင်အောင်တို့ ပင်တိုင်ပါဝင်ဆွေးနွေးပေးထားပါတယ်။

NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ
please wait

No media source currently available

0:00 0:15:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG